မဖြစ်သင့်ဘဲ ပျောက်ကွယ်သွားရတဲ့ ဂျပန်မုန့်များရဲ့ နောက်ကွယ်ကအကြောင်းအရင်း

ငယ်ငယ်က မကြာမကြာစားခဲ့ရတဲ့မုန့်တွေရဲ့ရောင်းချမှုရပ်တန့်လိုက်ပြီး ဆိုတဲ့သတင်းတွေထွက်လာတဲ့အခါ နည်းနည်းစိတ်မကောင်းဖြစ်မိတယ်။
ဒီလိုကြုံဖူးတဲ့သူရှိမလား?

ဂျပန်မှာဒီရက်ပိုင်း ငယ်ငယ်ကစားခဲ့ရတဲ့မုန့်ရဲ့ ရောင်းအားအဆုံးသတ်သွားပြီဆိုတဲ့သတင်းကို တွေ့လာရပါတယ်။
ဒီလောက်အရသာရှိတာကိုကွာ ဆိုပြီး အားလုံးကလည်း စိတ်မကောင်းဖြစ်ကြပါတယ်။
အဲ့ဒီလောက်အထိနာမည်ကြီးပါတယ်။
ဘာကြောင့် ရပ်ပစ်လိုက်ရတာလဲ?

Morinaga chocolate flakes

ကျွန်တော့အသက်အရွယ်တန်း လူတိုင်းက‌လေးဘဝက စားဖူးတဲ့အရမ်းနာမည်ကြီးတဲ့မုန့်ဖြစ်ပါတယ်။
ကြွပ်ရွတဲ့ပြောင်းဖူးကြော်အချပ်ပတ်ပတ်လည်ကို ချိုမြိန်တဲ့ချောကလက်နဲ့ဖုံးလွှမ်းထားတယ်။
ပြောင်းဖူးကြော်အချပ်ကို ချောကလပ်ရဲ့အချိုနဲ့တွဲထားတာကြောင့် မအီတော့ဘဲ၊ မာမာဆပ်ဆပ်လေးစားရတဲ့အတွက် ပါးစပ်ထဲမှာအရသာပျော်ဝင်စေတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက ၂၀၁၈ ခုနှစ်က ရောင်းချမှုအဆုံးသတ်သွားပါတယ်။
အဲ့ဒီအကြောင်းအရင်းကတော့ IT ဘက်ပြောင်းလဲလာခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။
အဲ ? ဘာပြောချင်တာလဲ နားမလည်ဘူး?
အခုပြောလိုက်တဲ့ IT ဘက်ပြောင်းလဲလာခြင်းဆိုတာက smartphones ကျယ်ပြန့်လာခြင်းကိုပြောတာပါ။
ချောကလက်အပြားတွေစားရင်း ဖုန်းပွတ်တဲ့အခါ လက်ကကပ်စေးကပ်စေးတွေဖြစ်နေတာကြောင့် ဒီအချက်နဲ့ပဲ chocolate flakes ရဲ့ရောင်းအားကျသွားပြီး ရပ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။
smartphones ကိုရှုံးသွားတဲ့မုန့် … ဒါကမ္ဘာမှာ ပထမဆုံးများလား?

 

ひもQ

https://www.cocokarafine.co.jp/f/dsg_4902777188225

 

cola အရသာနဲ့ soda အရသာကို ၂ မျိုးကို ၁ ချောင်းတည်းအဖြစ်ပေါင်းထားတယ်။
ရှည်လျားတဲ့အတွက် ပုံစံအမျိုးမျိုးနဲ့ဆော့ကစားကြတယ်။ နောက်ပြီးအရသာလည်းရှိတာကြောင့် လူကြိုက်များပါတယ်။
ချည်လိုက်၊ ဆွဲဆန့်လိုက်၊ ကွန်ယက်လိုဆော့ကစားလိုက် ပျော်ဖို့ကောင်းပါတယ်။
ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာပဲ ရောင်းချမှုရပ်တန့်သွားတယ်။
အကြောင်းအရင်းက စက်ရုံကဟောင်းသွားလို့ တဲ့..
ဒီ‌လောက်နာမည်ကြီးတာ စက်ရုံအသစ်တော့ဆောက်နိုင်လောက်မှာပါလို့ထင်ခဲ့ပေမဲ့ အဲ့ဒီလိုမဟုတ်ခဲ့ဘူးတဲ့…

 

Plum jam

https://www.nikkei.com/article/DGXMZO39347900V21C18A2000000/

စစ်ပြီးနောက်မှာပဲ စတင်ရောင်းချခဲ့ပေမဲ့၊ ၂၀၁၈ မှာရောင်းချမှု ရပ်လိုက်ရတယ်။
ရောင်းချနေတာ သက်တမ်းကလည်းကြာနေပြီဖြစ်လို့ မျိုးဆက်ပေါင်းများစွာ သဘောကျကြတဲ့မုန့်ပါ။
မက်မန်းသီးနဲ့လုပ်ထားတဲ့ ယိုဖြစ်တာကြောင့်၊ ဒါကိုဆန်နဲ့လုပ်ထားတဲ့ ဘီစကွတ်နဲ့တွဲပြီးစားကြပါတယ်။

ဒီမက်မန်းယိုကို စပြီးတီထွင်လိုက်တဲ့ပုဂ္ဂိုလ်ကတော့ 高橋博文(たかはし ひろふみ)Hirofumi Takahashi ဆိုသူပါပဲ။
မလှမပရောင်းပန်းမဝင်တဲ့ မက်မန်းသီးတွေကိုဈေးသက်သက်သာသာနဲ့ဝယ်ပြီး သကြား အစရှိတဲ့ပစ္စည်းတွေအသုံးပြုရင်း လုပ်ဆောင်မှုမှားယွင်းပြီး မက်မန်းယိုဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီမက်မန်းယိုကိုစစ်ပြီးနောက် ချက်ချင်းစတင်ရောင်းချကာ နှစ် ၇၀ တိုင်တိုင် လူအများကြိုက်နှစ်သက်ခဲ့ကြပါတယ်။

စတင်ရောင်းချတဲ့အချိန်မှာ Takahashi စံကအသက် ၁၆ နှစ်လူငယ်လေးပဲရှိသေးတယ်တဲ့…
၁ ခုကို ၅ ယန်းနဲ့စရောင်းပြီး၊ ဈေးတင်ပြီး ၁၀ ယန်းနဲ့ဆက်ရောင်းတယ်။
ရောင်းအားအရမ်းကောင်းတဲ့အချိန်မှာ တစ်နှစ်ပတ်လုံး ယန်းသောင်း ၃၀၀၀ ကျော်အထိရောင်းခဲ့ရပါတယ်။
အဲ့ဒီလိုနာမည်ကြီးတဲ့ မက်မန်းယိုရောင်းချခြင်းရပ်တန့်လိုက်ရတာကတော့ ထုတ်လုပ်သူဖြစ်တဲ့ Takahashi စံအလုပ်ကနေအနားယူလိုက်လို့ပဲဖြစ်ပါတယ်။
ကလေး ၂ ယောက်ရှိပေမဲ့၊ အသီးသီးသူတို့ကြိုက်ရာလမ်းကိုရွေးချယ်ပြီး ဒီလုပ်ငန်းကိုဆက်ခံဖို့ငြင်းခဲ့ကြတယ်။

စီးပွားရေးလုပ်ငန်းမလွှဲပြောင်းပေးတဲ့အပေါ်မေးကြည့်တဲ့အခါ “ နှစ် ၇၀ လုံးလုံးအတတ်နိုင်ဆုံးကြိုးစားခဲ့တာကြောင့် နောင်တမရပါဘူး” လို့ပြောခဲ့ပါတယ်.

 

カルミン

https://www.j-cast.com/2015/02/02226840.html

ဒီတစ်ခုက ပိုပြီးတောင်သက်တမ်းရှည်ပါတယ်။ နှစ်ပေါင်း ၉၀ ကျော်သမိုင်းရှိပါတယ်။
အရသာရော၊ ထုတ်ပိုးမှုမှာရော နှစ် ၉၀ တိုင်ဘာမှမပြောင်းလဲခဲ့ပါဘူး။
မျိုးဆက် ၄ ဆက်လောက်စားခဲ့ရပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ အခြားအသစ်အဆန်းသကြားလုံးတွေထွက်လာပြီး နောက်ဆုံးဘာမှမပြောင်းလဲတဲ့ ဒီ カルミン ဟာအဆုံးသတ်သွားရပါတယ်။

ငယ်ငယ်က စားခဲ့ရတဲ့မုန့်တွေလည်း အချိန်ကာလပြောင်းလဲလာတာနဲ့အမျှ ပျောက်ကွယ်သွားပြီးလား ?
လို့စဥ်းစားလိုက်ရင် အခုခေတ်စားရတဲ့မုန့်တွေကပိုအရသာရှိနေတယ်နော် ..
မက်မန်းယို ရောင်းချမှုရပ်လိုက်ရတဲ့အကြောင်းအရင်ကတော့ သဘာဝကျပေမဲ့၊ ကျန်အခြားသောနာမည်ကြီးမုန့်တွေ ရောင်းချမှုရပ်လိုက်ရတဲ့ အကြောင်းအရင်းက အတော်လေးစိတ်ထဲမှာမတင်မကျလေး ခံစားရပါတယ်။

လူသားဆိုတာ လှည့်ဖြားတတ်တယ်။ တစ်မှမစားခဲ့ဖူးဘဲ ရောင်းချမှုရပ်တန့်လိုက်ရတဲ့အခါတော့ ဆူညံသံတွေထွက်လာတယ်။
အားလုံးသာအမြဲတမ်း ဝယ်ယူစားသုံးအားပေးခဲ့မယ်ဆိုရင် ပျောက်ကွယ်သွားစရာအကြောင်းမရှိပါဘူး။ ဒါကြောင့် မိမိသဘောကျတဲ့မုန့်တွေကို အမြဲတမ်းစားသုံးခြင်းဖြင့် အားပေးရမှာပဲနော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: