နေ့လည်စာအတွက် Totoro မီနူးအသစ် !!

ဂျပန်ရဲ့ animation ဇာတ်ကောင်ဖြစ်တဲ့ Totoro ကိုမသိတဲ့သူတွေခပ်ရှားရှားပဲလို့ထင်ပါတယ်…
Ghibli ရဲ့ animation တော်တော်များများကို ဂျပန်နိုင်ငံသားတွေသာမကပဲ ကမ္ဘာနဲ့တစ်ဝှမ်းအားပေးနှစ်သက်ကြသူတွေ အများအပြားရှိပါတယ်။
ထိုအထဲမှာ Totoro ဆိုတာကလည်း ထိပ်ဆုံးစာရင်းဝင်ထဲက အပါအဝင်တစ်ခုပေါ့…

ပုံစံကလုံးဝန်းပြီး မျက်လုံးပြူးပြူး၊ ပါးစပ်ပြဲပြဲလေးကြောင့်ပဲ ကလေးများရဲ့အသဲစွဲဖြစ်တဲ့ ကာတွန်းဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။

 

https://grapee.jp/wp-content/uploads/64728_01.jpg

ဒီနေ့ပြောပြမှာတော့ ぎんこ(@gintarosu)さんမိန်းကလေးဟာ မုန့်တွေလုပ်ရတာဝါသနာပါသူလေးဖြစ်ပါတယ်.သူမဟာမုန့်တွေလုပ်ပြီး Twitter မှာတင်လေ့ရှိပါတယ်။ အခုတစ်ခေါက်လုပ်လိုက်တဲ့ Totoro မဟုတ်တဲ့ “ Tororo Soba” ကို ကိုယ်တိုင်လုပ်ပြီး ပုံတင်လိုက်တဲ့အခါမှာတော့ သူမကိုအားပေးတဲ့ကွန့်မန့်တွေကို အမြောက်အများရရှိလိုက်ပါတယ်။..

· ဝိုး! ပါရမီရှိတဲ့လက်ရာလေးပဲ! ချစ်စရာလေး!
· စိတ်ထဲမှာ ” Totoro Soba” လို့ပဲဖတ်နေမိတယ်။
· ဒီပုံအတိုင်း လိုက်လုပ်ပြီကွာ !

ဆိုပြီး သူမကိုအားပေးကြပါတယ်။
လူချင်းသာမသိ၊ နိုင်ငံသားချင်းလည်းမတူ အသားအရောင်လည်းမတူကြပေမဲ့ Totoro fan လို့ဆိုလိုက်တာနဲ့ အားလုံးဟာတစ်ပေါင်းတစ်စည်းတည်းဖြစ်သွားကြတာက အလွန်ကြည်နူးစရာလေးပါ…

ဒီလိုပုံစံလေးအတိုင်းဆိုရင်တော့ လုပ်ရတာလွယ်ကူမယ်လို့ထင်တဲ့အတွက် Totoro ကိုနှစ်သက်တဲ့ အိမ်ကသားသားမီးမီးတွေကို လုပ်ကျွေးကြည့်ဖို့အကြံပြုလိုက်ပါတယ်…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: