Kao dorayaki မျက်နှာမုန့် ???

「いいなSTORES」မှ Face Gift မုန့်အနေနဲ့ပြုလုပ်ခဲ့တဲ့ မျက်နှာပုံစံလုပ်ထားတဲ့ မုန့်ကတော့ သက်ကြီးရွယ်အိုများနေ့မှာ ရိုသေလေးစားခြင်းအနေနဲ့ လက်ဆောင်ပေးတဲ့မုန့်အဖြစ် ရေပန်းစားသောထုတ်ကုန်တစ်ခုဖြစ်လာပါတယ်။
အဲဒီမုန့်နာမည်က 「顔どら焼き」” Kao dora yaki” လို့‌‌ခေါ်ပါတယ်။
「顔どら焼き」” Kao dora yaki” ဆိုတာဘယ်လိုမျိုးပါလဲ???

အမလေး ဘယ်လိုတွေတောင်လဲနော် ဟီး တီထွင်ဖန်တီးတတ်လိုက်တာ!
Dora yaki မုန့်ရဲ့ မျက်နှာပြင်ပေါ်မှာ မျက်နှာပုံကို ပုံနှိပ်ထားလို့ Kao dora yaki ဆိုပြီးခေါ်တာပါ။ (Kao ဆိုတာကတော့ ဂျပန်လို မျက်နှာ လို့ ခေါ်တာပါ။)

 

https://mag.japaaan.com/wp-content/uploads/2020/09/K0GcdUsm5TXSRE7qOW6e.jpg

ကိုယ်ကိုယ်တိုင်၊ သူငယ်ချင်း၊ မိသားစု၊ ချစ်သူ၊ ဘယ်လိုမျက်နှာမျိုးပဲဖြစ်ဖြစ် ပြုလုပ်ပေးပါတယ်။လက်ဆောင်ပေးသူရဲ့ မျက်နှာလား?
လက်ဆောင်ရရှိမယ့်သူရဲ့မျက်နှာလား?
သက်ကြီးရွယ်အိုများကိုလေးစားသည့်နေ့အတွင်ပေးမည်ဆိုပါက မြေးရဲ့မျက်နှာနဲ့ လက်ဆောင်အဖြစ်ပေးရင်ကောင်းမလားဆိုတဲ့ အတွေးတွေနဲ့ဗျာများနေရတာတွေလည်းကြုံရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရတဲ့သူအတွက်လည်း ပျော်စရာပဲပေါ့။လူကြိုက်များပုံရတဲ့ မျက်နှာတွေကတော့
၁။ မြေးရဲ့မျက်နှာ
၂။ လက်ခံရရှိတဲ့သူရဲ့မျက်နှာ
၃။ လက်ဆောင်ပေးသူရဲ့မျက်နှာ

Dorayaki အပေါ်ပုံနှိပ်ထားတဲ့မျက်နှာပါဝင်တဲ့မုန့်တွေက
အော်ဒါမှာပြီးတာနဲ့ လိုချင်တဲ့ မျက်နှာပုံကို အီးမေးလ်ပို့လိုက်ရုံပါပဲ။ ဒါ့ကြောင့် ဝယ်ယူရတာလည်း အရမ်းလွယ်ကူပါတယ်။
သင်လည်း သင့်မိသားစုနှင့်သူငယ်ချင်းတွေကို ဒီလိုမုန့်လက်ဆောင်လေး ပေးလို့ရတယ်နော်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: