ချစ်စရာကောင်းပြီး ပျော်ရွှင်မှုတွေပေးနိုင်တဲ့ ဒေသအထူးထုတ်ကုန်အသစ် !!!!

ဒေသထွက် အရသာရှိတဲ့ နွားနို့နဲ့လုပ်ထားတဲ့ ရေခဲမုန့် တို့ ပင်လယ်စာဟင်းလျာတို့ ရရှိနိုင်ပါတယ်။
အားလုံးပဲ Kamakura လို့ပြောလိုက်ရင် အရင်ဆုံးခေါင်းထဲပေါ်လာတဲ့အရာက ?
ဒီ‌‌ဒေသကို သိတဲ့သူကတော့ Kamakura လို့ပြောလိုက်ရင် ဗုဒ္ဓရုပ်ပွားတော်ဆိုတာကို အရင်ဆုံးခေါင်းထဲပေါ်လာတယ်မဟုတ်လား ?

နွေရာသီမှဆောင်းဦးအထိ ပြုံးတော်မူနေတဲ့ ကြည်ညိုဖွယ် မဟာဗုဒ္ဓ၏မျက်နှာတော်သည် လှပသောကောင်းကင်အောက်တွင်အမြဲတောက်ပလို့နေပါတယ်။
ဟုတ်ပါတယ်။ Kamakura ဟာ ဒီကြီးမားတဲ့ဗုဒ္ဓဆင်းတုတော်ကို
အလယ်ဗဟိုမှာထားပြီး ဘုရားရှိခိုးကျောင်းများနှင့် ဘုရားကျောင်းများဖြင့် စီတန်းထားသော ကောင်းမွန်တဲ့ မြို့ဟောင်းတစ်မြို့အဖြစ်တည်ရှိနေတာဖြစ်ပါတယ်။

ရထားတစ်ခုတည်းဖြင့် တိုကျိုမှအလျင်အမြန်ရောက်ရှိနိုင်သော ခရီးအကွာအဝေးတစ်ခုအတွင်း၌ရှိနေခြင်းကြောင်း သွားရအဆင်ပြေတဲ့နေရာဖြစ်ပြီး
နိုင်ငံခြားသားများအပါအဝင် ကမ္ဘာလှည့်ခရီးသည်များနှင့်ပြည့်နှက်နေသောမြို့ဖြစ်ပါတယ်။
Kamakura မှာရှိတဲ့ စတိုးဆိုင်။

 

https://rurubu.jp/andmore/article/11772

Tomoya သည် Kamakura ဘူတာရဲ့ အရှေ့ဘက်ထွက်ပေါက်မှ ၅ မိနစ်ခန့် လမ်းလျှောက်တာနဲ့ ရောက်သော ဂျပန်မုန့်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။
ဒီဆိုင်ကိုစတင်ဖွင့်လှစ်တာ ၃၅ နှစ်ရှိပြီဖြစ်ပြီး လောလောဆယ်မှာ ဒုတိယမျိုးဆက်မှ ဆက်လက်လုပ်ကိုင်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

 

ဆန်ကိတ်မုန့်ရော ရေခဲမုန့်ရော အရသာရှိတာထက် ဒီတစ်‌ခေါက်ရဲ့ အဓိကဇာတ်ကောင်ကတော့ အဲဒီမုန့်တွေမဟုတ်ပါဘူး။

Kamakura ရဲ့ အထူးထုတ်ကုန်အသစ်တစ်ခုဖြစ်လာမည်လား? လို့ပြောနေကြတဲ့ Daibutsu-sama-yaki

မုန့်ရဲ့ အနောက်ဖက်ကို လည်း သေချာပြုလုပ်ထားသေးတယ်။

အများကြီးပဲနော်။


အရသာ (၆) မျိုးရှိပြီး တစ်ခုချင်းစီတွင်ကွဲပြားသောအကျိုးကျေးဇူးများရှိတယ်လို့ဆိုပါတယ်။ပဲငါးပိပါတဲ့ မုန့်က ကျန်းမာရေးကံပါစေ။
Custard ခရမ် ထည့်ထားတဲ့မုန့်က လူကြိုက်များသောကံတက်ပါစေ။
ကန်စွန်းဉပါဝင်တဲ့မုန့်က ငွေရေးကြေးရေး ကံကောင်းပါစေ။ဘေကွန်နဲ့ချိစ်စ် ပါဝင်တဲ့မုန့်ကတော့ အလုပ်ကံကောင်းပါစေဆိုပြီးအရသာတစ်ခုစီအတွက် အကျိုးကျေးဇူးများကို သတ်မှတ်ထားပါတယ်။

ဒီလိုမျိုးပုံဖော်ပြီး ပြုလုပ်တာဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာကံတက်ဖို့အတွက်တော့ ပဲနီ၊ ချစ်စ်နှင့် Blueberry sauce ဆမ်းထားတာ လေးကို သုံးဆောင်နိုင်ပါတယ်။


မုန့်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း ကျိုးဖဲ့ပြီးစားသင့်သလား၊ ဒါမှမဟုတ် ဒီတိုင်းကိုက်ပြီးစားသင့်သလား?

ဘာသာရေးအရ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေရှိနေဆဲဖြစ်သော်လည်း ဒီမုန့်ရဲ့ လှပသောအသွင်အပြင်နှင့် ကောင်းမွန်လှတဲ့ အရသာကြောင့် ‌ဒေသအထူးထုတ်ကုန်အသစ်တစ်ခုဖြစ်လာလိမ့်မည်မှာ သေချာပါတယ်။

Kamakura သို့သွားတဲ့အခါ မြတ်စွာဘုရားကိုဖူးမြှော်ပြီးနောက် ဒီမုန့်ကိုလည်း စားကြည့်ကြပါဦးနော်။

Kamakura Komachi စတိုး
လိပ်စာ: ၁-၆-၈ Yukinoshita၊ Kamakura City, Kanagawa စီရင်စု
Tel: 0467-25-2204
အလုပ်ချိန် ၁၀း ၃၀ မှ ၁၈း ၃၀ နာရီ
ပိတ်ရက် – ပိတ်ရက်မရှိပါ။ (ရာသီဥတုဆိုးရွားမှုကြောင့်ပိတ်ထားနိုင်သည်)

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: