FamilyMart က စိုက်ပျိုးရေးစက်ရုံနဲ့ ပူးပေါင်းပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေသာအသုံးပြုသွားမည် !!!!

ဂျပန်ရဲ့ အကြီးစား convenience စတိုးဖြစ်တဲ့ FamilyMart ဟာ ၃၁ ရက်နေ့က၊ စိုက်ပျိုးရေးစက်ရုံပိုင် ကုမ္ပဏီနဲ့ ပူးပေါင်းမယ်ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ Plant factory မှာ စိုက်ပျိုးလျက်ရှိတဲ့ ဆလတ်ရွက် စတဲ့ဟင်းရွက်တွေကို Salads နဲ့ sandwiches မှာ ထည့်သုံးမှာဖြစ်ပြီး၊ ခန့်မှန်းချေ ဆိုင်ပေါင်း ၁၆,၀၀၀ မှာ ဖြန့်ချိမယ့်အနေအထားမှာရှိပါတယ်။
စိုက်ပျိုးရေးစက်ရုံကဟင်းသီးဟင်းရွက်တွေဟာ ရာသီဥတုနဲ့ဘေးအန္တရာယ်သက်‌ရောက်ဖို့ခက်ခဲတာကြောင့် ထောက်ပံ့ရေးစာ ပြတ်လက်သွားမှာမစိုးရိမ်ရတဲ့အပြင် ပိုးမွှားတွေလည်းမကျရောက်နိုင်တာကြောင့် ပိုးသတ်ဆေးဖြန်းစရာမလိုအပ်ပါဘူး။

စိုက်ပျိုးရေးစက်ရုံမှာ စိုက်ပျိုးလျှက်ရှိတဲ့ဟင်းသီးဟင်းရွက်တွေက Salads နဲ့ sandwiches တွေမှာထည့်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ ဟင်းသီဟင်းရွက်တွေ ရောင်းချနိုင်ဖို့အရေးပြင်ဆင်နေတယ်လို့ထင်ရပါတယ်။
ဂျပန်နိုင်ငံရဲ့ FamilyMart ကတော့ နောက်ပိုင်း မုန်လာဥ စတာတွေကိုပါတွဲစိုက်နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: