ဆူရှီစားရအောင် !!!!!!

တစ်‌နေ့က Japo ဆောင်းပါးမှာ ငါးရှဉ့်ကင်ထမင်းနဲ့ပတ်သတ်တဲ့အကြောင်းလေးတင်ခဲ့ပါတယ်။
အရင်ကဆိုရင် ငါးရှဉ့်ကိုအကောင်လိုက်မြင်ပြီး ကြောက်လို့ မစားဖြစ်ရာကနေ ဒီနေ့တော့ ငါးရှဉ့်ကင်ထမင်းကိုကြည့်ပြီး စားကြည့်ချင်စိတ်ပေါက်လာလို့ ရန်ကုန်မှာရှိတဲ့ ဆူရှီဆိုင်တစ်ဆိုင်မှာ ဝင်စားဖြစ်ခဲ့ပါတယ်။

Unagi ငါးရှဉ့်ကင်ထမင်းတော့ မစားရခဲ့ပေမယ့် Maki Unagi Roll လို့ခေါ်တဲ့ ငါးရှဉ့်ကျပ်တိုက်ထမင်းလိပ် ကို စားခဲ့ပါတယ်။

 

 

Maki Unagi Roll လို့ခေါ်တဲ့ ငါးရှဉ့်ကျပ်တိုက် ထမင်းလိပ် ကို ပထမဆုံးစားဖူးတာဖြစ်ပြီး စစစားလိုက်ရပြီး ခံစားလိုက်ရတာကတော့ နောင်တပါ။

ငါဘာလို့ အရင်က မစားခဲ့မိရတာလည်းဆိုတဲ့ နောင်တ‌ပေါ့။

အနံကလည်း မွှေးလို့ အရသာကလည်း အရမ်းရှိပြီး ငါးရှဉ့်ကျပ်တိုက်အပေါ်မှာ ဆမ်းထားတဲ့ ဆော့စ်လေးက သူ့ရဲ့အရသာကို ပိုပြီးတော့ စားကောင်းစေပါတယ်။ Soy Sauce လေးနဲ့ပါ တို့စားမယ်ဆိုရင်တော့ Perfect ပါပဲ !
ပြောရင်းနဲ့ ထပ်စားချင်လာပြီ . . .

 

နောက်ဆိုရင်တော့ ဂျပန်အစားအစာသွားစားတိုင်း ငါးရှဉ့်အမယ်ပါတာကို အမြဲမှာမိမှာ အသေအချာပါပဲ။ ကျွန်မလိုမျိုး မစားဖူးသေးတဲ့သူတွေရှိရင် တစ်ခါလောက်စားကြည့်ဖို့ ဒီကနေ တိုက်တွန်းလိုက်ပါတယ်နော်။ငါးရှဉ့်ကျပ်တိုက် ထမင်းလိပ် အပြင် တစ်ခြားမှာစားနေကြလေးတွေလည်း စားခဲ့ပါသေးတယ်။

 

ဂဏန်းချောင်း မရောနစ်ဆူရှီ (Gunkun Kani Salad Sushi)  နဲ့  တူနာငါးမီးမြှိုက်တင် (Aburi Tuna Sushi)

ဂဏန်းချောင်း မရောနစ်ဆူရှီ ကတော့ တော်တော်များများကြိုက်ကြ စားဖူးကြမယ်ထင်ပါတယ်။
တူနာငါးမီးမြှိုက်တင် ကတော့ Sashimi အစိမ်းစားတတ်တဲ့သူတွေအတွက်သာအဆင်ပြေမယ်ထင်ပါတယ်။

 

ကယ်လီဖိုးနီးယား ဆူရှီလိပ် (Maki California)

 

ကယ်လီဖိုးနီးယား ဆူရှီလိပ်ကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ပြုလုပ်ပုံမတူ၊ စားရတဲ့အရသာနဲ့ ပါဝင်တာတွေကလည်း သိပ်မတူဘူးလို့ ထင်မိပါတယ်။ ဒါ့ကြောင့်လည်း ဆူရှီဆိုင်အသစ်တစ်ဆိုင်သွားတိုင်း မှာစားကြည့်လေ့ရှိပါတယ်။ ( ဟီး…စားချင်ရင်စားချင်တယ်ပေါ့။ အကြောင်းပြချက်နဲ့ဘာနဲ့ )

နောက်ဆုံးတစ်ခုကတော့ မပါမဖြစ် Miso Soup ပါပဲ။
ကဲ အားလုံးပဲ ဗိုက်ဆာသွားကြပြီလား ? ဘာပဲပြောပြော ကျွန်မကတော့ ဗိုက်ဆာသွားပါပြီ။ :grin:

စာဖတ်သူတို့လည်း မြန်မာမှာဖွင့်ထားတဲ့ စားကောင်းတဲ့ အရမ်းကြိုက်တဲ့ ဂျပန်အစားအစာတွေရှိရင်လည်း Comment မှာ ပြောသွားပါဦးနော်။ တို့လည်း စားကြည့်ချင်လို့ပါ။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: