Ice cube နဲ့ သက်တောင့်သက်သာစွာ နွေရာသီကိုကျော်ဖြတ်ရအောင် !!!

ယခုအချိန် ဂျပန်ကတော့ ပူလောင်တဲ့နွေရာသီကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။
ပူလောင်တဲ့နွေရာသီမှာ အအေး၊ ဖျော်ရည်တို့ကတော့ အလိုအပ်ဆုံးပါပဲ…
အလုပ်လုပ်နေချိန်မှာ ice coffee လေးနဲ့အဆင်ပြေပြီး၊ အလုပ်ပြီးသွားတဲ့အချိန်မှာတော့ ဘီယာလေးပေါ့….
ဘယ်ဟာမဆို အေးတာကိုသောက်ချင်ကြတယ်နော်…
ဒါပေမဲ့ ရေခဲတုံးလေးတွေထည့်လိုက်ရင် ရေခဲတုံးအရည်ပျော်သွားပြီး ဖျော်ရည်ရဲ့အရသာဟာလည်း ပေါ့သွားရပါတယ်။……

ဒီလိုပြဿနာကို ရှောင်ရှားပေးမယ့်ပစ္စည်းတစ်ခု ဂျပန်မှာ ရောင်းအားအရမ်းကောင်းလျှက်ရှိပါတယ်။
Ice cube လို့ခေါ်တဲ့ပစ္စည်းလေးပါ။ ရေခဲအစား ဖျော်ရည်တွေမှာ ထည့်ရတဲ့အရာပါ…
ရေထဲမှာ မပျော်ဝင်တဲ့ပစ္စည်းဖြစ်တာကြောင့် ဖျော်ရည်အရသာပျက်သွားမှာကို စိတ်ပူဖို့မလိုပါဘူး

ဘယ်လိုအရာလေးတွေလဲ ကြည့်ရအောင်…..

Polyethylene

 

 

https://www.amazon.co.jp/dp/B01D9HYT7U?tag=mybest_presses_7120-22

အရောင်က ရေခဲအရောင်ဖြစ်တာကြောင့် သောက်ချင်စရာပဲနော်….
ဒါပြီးတဲ့နောက် မိတ်ဆက်ပေးမယ့် Metal ice cube နဲ့ နှိုင်းယှဥ်ကြည့် အအေးရဲ့သက်ရောက်မှုက နည်းပြီး ပေါ့လည်းပေါ့တဲ့အတွက် ကလေးအတွက်အသုံးပြုမယ်ဆိုလည်း အဆင်ပြေနိုင်ပါတယ်။

Metal

 

https://www.amazon.co.jp/dp/B01EH0DNWK?tag=mybest_presses_7120-22

 

အရွယ်ရောက်အမျိုးသားတွေရဲ့ နှစ်သက်တဲ့ပုံစံနဲ့ကတော့ ကွက်တိပါပဲ…
ဝီစကီရဲ့ အရသာလည်းပျက်မသွားစေပါဘူး…..

stainless နဲ့လုပ်ထားတာကတော့ ကြည့်ရတာအရမ်းမိုက်ပါတယ်။ ဒီလိုလက်ဆောင်ပေးဖို့ set လိုက်ကိုရှိပါတယ်။

https://www.amazon.co.jp/dp/B01EH0DNWK?tag=mybest_presses_7120-22

ဒါလေးနဲ့ဆို အရမ်းအထာကျတဲ့အသက်ကြီးကြီး အမျိုးသားတစ်ယောက်ကဲ့သို့ခံစားရစေပါတယ်။

နောက်ထပ်ပုံစံမတူတာတွေလည်းရှိပါသေးတယ်.

 

Bullet type


https://www.amazon.co.jp/HYwot-銀/dp/B07Z3MCRJ8/ref=asc_df_B07Z3MCRJ8/?tag=jpgo-22&linkCode=df0&hvadid=411642949194&hvpos=&hvnetw=g&hvrand=4762798237933753139&hvpone=&hvptwo=&hvqmt=&hvdev=c&hvdvcmdl=&hvlocint=&hvlocphy=1009314&hvtargid=pla-939509934204&psc=1&tag=&ref=&adgrpid=96485100384&hvpone=&hvptwo=&hvadid=411642949194&hvpos=&hvnetw=g&hvrand=4762798237933753139&hvqmt=&hvdev=c&hvdvcmdl=&hvlocint=&hvlocphy=1009314&hvtargid=pla-939509934204

 

ဒါကိုသာသယ်လာမယ်ဆို သေချာတယ် လေယာဥ်ကွင်းမှာတင်အဖမ်းခံရမှာပါ…..(ရယ်လျက် !!!)

ကျောက်သားနဲ့လုပ်ထားတာလည်းရှိပါတယ်။

https://katemita.com/2018/06/18/daiso-stone-ice-cube/

 

ဒါကတော့ ယန်း ၁၀၀ ဆိုင်မှာရနိုင်တဲ့ DAISO ကုန်ပစ္စည်းဖြစ်ပါတယ်။
၄ ခုပါဝင်ပြီး ယန်း ၁၀၀ သာဖြစ်ပါတယ်။
ကြည့်ရတာတော့ အရွယ်အစားက တော်တော်လေးကြီးပါတယ်။
ဈေးနှုန်းကလည်း အားလုံးဝယ်နိုင်တဲ့အနေအထားပါ…..
အခြားအမျိုးအစားတွေထက် ၁၀ ဆလောက်သက်သာပါတယ်။
ဒီဟာကိုလည်း Whiskey ခွက်ထဲထည့်ကြည့်လိုက်ရင် တော်တော်မိုက်မလားမသိဘူးနော်…
ယန်း ၁၀၀ နဲ့ အထာကျတဲ့အမျိုးသားတစ်ယောက်ဖြစ်စေတဲ့ DIASO ရဲ့ထုတ်ကုန်ကတော့ အံ့မခန်းပါပဲနော်…..

နွေရာသီမှာ Ice cube နဲ့ အထာကျတဲ့အမျိုးသား၊ စမတ်ကျတဲ့အမျိုးသမီးတစ်ဦး ဖြစ်ချင်ပါသလား ?!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: