အရသာကခပ်ဆန်းဆန်း နဲ့ Toppings အလန်းစား ရေခဲမုန့် !!!!!

ဂျပန်မှာတော့ အရမ်းကိုများပြားလွန်းတဲ့ အရသာမျိုးစုံနဲ့ ရေခဲမုန့်တွေ တစ်ပုံကြီးရှိပါတယ်။ ရိုးရှင်းတဲ့ စားနေကြအရသာတွေဖြစ်တဲ့ နို့၊ လက်ဖက်စိမ်း၊ ချောကလက်၊ စတော်ဘယ်ရီတို့လိုမျိုးတွေကတော့ စားနေကြဆိုပေမယ့် ဒီလိုမျိုး ဆန်းပြားပြီး မထင်မှတ်ထားတဲ့ Topping တွေဖြစ်တဲ့ ပဲငံပြာရည်၊ ကြက်သွန်မြိတ်၊ Wasabi လိုမျိုး Topping နဲ့ ရေခဲမုန့်တွေဟာလည်း ဂျပန်နိုင်ငံတစ်ဝန်းမှာ ရရှိနိုင်ပါတယ်။

သူတို့ရဲ့ ဖန်တီးမှုအရသာတွေက ဘယ်လိုနေမလဲကြည့် လိုက်ရအောင် !

ကမာကြော် ‌ရေခဲမုန့် (Deep-fried oyster ice-cream)

https://www.google.com/url?sa=i&url=https%3A%2F%2Fwww.foodamentals.com%2Fcategory%2Ffood%2Fdessert%2Fice-cream%2F&psig=AOvVaw19rOyWpHp5_pGdlAW6aUWp&ust=1596110453696000&source=images&cd=vfe&ved=0CAIQjRxqFwoTCKD_gMi18uoCFQAAAAAdAAAAABAR

ဒီရေခဲမုန်ကိုတော့ Okayama ရဲ့ Hinase ငါးဈေးမှာရရှိနိုင်ပါတယ်။ အဲဒီမှာတော့ လတ်ဆက်တဲ့ ဒေသထွက် ပင်လယ်စာတွေရရှိနိုင်ပြီး စပါယ်ရှယ်အနေနဲ့ကတော့ ကမာကောင်တွေကို အဓိကရရှိနိုင်ပါတယ်။ ဒီရေခဲမုန့်ကတော့ ကမာကြော်နှစ်ခုပါပြီး ရေခဲမုန့်ပေါ်မှာ ပဲငံပြာရည်လေးဆမ်းထားတာပါ။

 

ငါးလေးရေခဲမုန့်

https://www.instagram.com/p/BvWA9gCgZsC/media/?size=l

ဒီငါးလေးကတော့ ဂျပန်ဟင်းလျာတွေမှာလည်း တော်တော်များများ ပါဝင်ပြီး ထမင်းနှင့်တွဲစားရုံသာမက ပီဇာတို့ ပါစတာတို့မှာလည်း ဒီငါးလေးနဲ့ပြုလုပ်ထားတာတွေ တော်တော်များများရှိပါတယ်။ ဂျပန်ရဲ့  Enoshima ၊ Shizuoka၊ Nagoya စတဲ့နေရာတွေမှာရရှိနိုင်ပါတယ်။ ရေခဲမုန့်ရဲ့ အရောင်က ခဲရောင်ဖြစ်နေတာ တကယ်တော့ အဲဒါက Vanilla အရသာပါ။

 

https://www.instagram.com/p/BTalLrTA8Xx/media/?size=l

ဒီလိုခွက်ကလေးနဲ့ ရေခဲမုန့်ကိုတော့ Shizuoka ရဲ့ Shiomisaka လမ်းနားမှာ ဝယ်လို့ရပါတယ်။

 

Soba ရေခဲမုန့်

https://www.instagram.com/p/BYkGADIACeM/media/?size=l

Soba ပန်းဂျုံနဲ့ လုပ်ထားတာဖြစ်ပြီး ရုတ်တရက်ကြည့်လိုက်ရင် ခေါက်ဆွဲလိုတောင်မြင်ရစေပါတယ်။ Fukushima ရဲ့ Urabanda မှာ ရရှိနိုင်ပါတယ်။

 

Kamatama Udon ရေခဲမုန့်

https://www.instagram.com/p/Bn-JvMIDLSJ/media/?size=l

ခေါက်ဆွဲအကြောင်းပြောရင်းနဲ့ Kagawa ရဲ့ နာမည်ကြီး စားစရာကို သိကြလား ?
ဂျပန်မှာရှိတဲ့သူတိုင်းကိုမေးကြည့်လိုက်ရင်တော့ Kagawa ရဲ့ နာမည်ကြီး စားစရာက Udon ခေါက်ဆွဲလို့ ဖြေကြပါလိမ့်မယ်။ ဒီ‌ရေခဲမုန့်က‌တော့ Kamatama Udon နဲ့ တစ်ပုံစံတည်းပါပဲ။
သူ့ကိုတော့ Udon ခေါက်ဆွဲလိုပဲ ပဲငံပြာရည်၊ ကြက်သွန်မြိတ်တွေ ဖြူးထားပေးပါတယ်။

https://www.instagram.com/p/5yJ6lspQlk/media/?size=l

ခေါက်ဆွဲအကြောင်းပြောရင်းနဲ့ ဒါလေးကိုလည်းကြည့်လိုက်ပါဦး။ Hokkaido ရဲ့ Furano မှာရှိတဲ့ Yuki to Hana ဆိုတဲ့ ခေါက်ဆွဲဆိုင်မှာ အချိုပွဲအနေနဲ့ ရရှိနိုင်ပါတယ်။

 

Gold Leaf ရေခဲမုန့်

https://www.instagram.com/p/BxvapEklxRc/media/?size=l

ဒီလိုရွှေပြားလွှာလေးနဲ့ ရေခဲမုန့် ကိုတော့ ‌ဒေသတော်တော်များများရဲ့ ဆိုင်တော်တော်များများမှာ ရရှိနိုင်ပါတယ်။

https://www.instagram.com/p/BqkPeh7AA-y/media/?size=l

ပင်လယ်စာရေခဲမုန့်စားချင်လား ? ဒါဆိုရင်တော့ Niigata မှာရှိတဲ့ Uono no sato ဆိုတဲ့ ဆိုင်မှာ ရရှိနိုင်ပါတယ်။ ပုဇွန် ၂ကောင်နဲ့ Miso မှုန့် လေးကို ဖြူးပြီး ဆန့်ကိတ်လေး နဲ့ Toppings ထည့်ထားတာပါ။

 

Monja ရေခဲမုန့်

https://www.instagram.com/p/BV14LSrj1ZV/media/?size=l

Yokohama Hakkeijima Sea Paradise မှာတော့ Monjayaki ဆိုတဲ့ ဂျပန်အစားအစာကိုအခြေခံပြီး ပြုလုပ်ထားတဲ့ ရေခဲမုန့်ကို ရရှိနိုင်ပါတယ်။

 

Wasabi ရေခဲမုန့်

https://www.instagram.com/p/By11RiXAQwu/media/?size=l

ဆူရှီနဲ့ တွဲပြီးစားရတဲ့ Wasabi ကို ရေခဲမုန့်နဲ့ တွဲပြီးစားရင်တော့ ချိုမွှေးစပ် အရသာလေးဖြစ်နေမှာနော်။ကဲ ဘယ်လိုလဲ ? စားကြည့်ချင်သွားပြီလား ? ဂျပန်မှာ မဟုတ်လို့ စားလို့မရဘူးဆိုတာ မရှိပါဘူးနော်။ မြန်မာမှာလည်း ကိုယ်တိုင်စိတ်ကြိုက် Toppings လေးတွေနဲ့ ပေါင်းစပ်မြည်းစမ်းပြီး လုပ်စားကြည့်လို့ရတာပဲကိုနော်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: