အနာဂတ်ရဲ့ အရသာကို ခံစားနိုင်မယ့် စားသောက်ဆိုင်မှကြိုဆိုပါတယ် !!!!!

သင်ကြိုက်တဲ့ စားသောက်ဆိုင်က ဘယ်လို ဆိုင်မျိုးလဲ?
ဆိုင်ရဲ့ အပြင်အဆင်ကအရမ်းကိုကောင်းပြီး အထက်တန်းကျတဲ့ စားသောက်ဆိုင်လား ?
နှစ်ပေါင်းများစွာတည်ရှိထားတဲ့ လက်ရာကိုထိမ်းသိမ်းထားတဲ့ စားဖွယ်အမယ် ရှိတဲ့ စားသောက်ဆိုင်လား ?

ကလေးဘဝထဲက သွားလေ့ရှိတဲ့ အကျွမ်းတဝင်ဖြစ်နေပြီဖြစ်တဲ့ စားသောက်ဆိုင်လား ?ဘယ်ဆိုင်ဖြစ်ဖြစ် ကောင်းနေပေမယ့် အနာဂတ်ကို ခံစားနိုင်မယ့် စားသောက်ဆိုင်မျိုးဆိုရင်ရော ဘယ်လိုလဲ ?

ကြည့်ပြီးတော့မှ ဘယ်လိုဆိုင်လဲဆိုတာ သိမှာပေါ့ဆိုတဲ့သူတွေအတွက်ကတော့ ဒါလေးကိုကြည့်လိုက်ပါ။

 

 

ဝိုး !!!

ဖြူဖွေးနေတဲ့ စားပွဲ နဲ့ ပန်းကန်၊ ဟင်းလျာကို 3D သုံးပြီးတည်ခင်းထားတာ‌နော်။

ဒီလို 3Dသုံးပြီး ဗီဒီယိုလေးတွေနဲ့ စားပွဲမှာ သရုပ်ဖော်ကာ တည်ခင်း‌ဧည့်ခံတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ညစာစားဖို့ စစချင်းမှာ မီးပျက်သွားတာနဲ့ တပြိုင်တည်း ဒီဗီဒီယိုလေးတွေနဲ့ စပြီး သရုပ်ဖော်ပြတဲ့ ခံစားမှု အသစ်ပေးတဲ့ အရာတစ်ခုပေါ့။အဖြူရောင်စားပွဲပေါ်မှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုတွေက ကွက်ကွက်ကွင်းကွင်းမြင်သာစေသောပုံရိပ်များနှင့်အတူ အသံတွေကလည်း သင့်ကို စိတ်ကူးယဉ်ကမ္ဘာသို့ပို့ဆောင်ပေးဦးမှာပါ။

 

ဒီပုံလေးကိုကြည့်လိုက်ပါဦး

https://gunosy.com/articles/ey4ug?s=s

 

အရမ်းတွေကို မြင်တာနဲ့တင်ကြွေဆင်းနေပါပြီနော်။

Course ကတော့ တစ်ယောက်ကို ယန်း ၁၆၀၀၀ ပါ။
ညစာစားဖို့စဉ်းစားတာက ဒီလောက်စျေးကြီးနေရလား? လို့ထင်ရပေမယ့် ဒါဟာ ထုတ်လုပ်မှု၊ စားသုံးမှုအပြင်၊ ဖျော်ဖြေမှုပါ ပါတာကတော့ သေချာစဉ်းစားကြည့်လိုက်ရင် ဆန့်ကျင်ဘက်အနေနဲ့ စျေးနှုန်းချိုသာတယ် လို့ထင်ပါတယ်။

ယခုအချိန်မှာတော့ 4D ရုပ်ရှင်များဖြင့်ပါ တည်ခင်း ဧည့်ခံနေပြီဖြစ်ပါတယ်။3D ပုံရိပ်ဖြင့် ရွေ့လျားနေတဲ့ ပုံရိပ်များနှင့်ချိတ်ဆက်ပြီး ကမ္ဘာအနှံ့အပြားမှာတော့ လူကြိုက်များလို့နေပါတယ်။ဒီလိုစားသောက်ဆိုင်ကို အရသာပါ ပါရှိတဲ့အတွက် ပေါင်းပြီး ထည့်လိုက်ရင်တော့ ဒီစားသောက်ဆိုင်ကို 5D လို့ခေါ်ပါတယ်။

ပိုင်ရှင်စားဖိုမှူး Fukasaku သည် ဂျပန်စားဖိုမှူးအနေဖြင့် အလုပ်လုပ်ပြီးနောက် ပြင်သစ်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ရူပဗေဒ၊ ဓာတုဗေဒနှင့်အတူမော်လီကျူး gastronomy လို့ခေါ်တဲ့ ချက်ပြုတ်ခွဲခြမ်းစိတ်ဖြာဖို့စိတ်ဝင်စားသူတစ် ဦးအဖြစ် နှံ့နှံ့စပ်စပ်ချက်ပြုတ်အထူးပြုတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဆွဲဆောင်မှုရှိသောထုတ်လုပ်မှုတွေမသာ Fukasaku ရဲ့ဟင်းလျာတွေအပေါ်မှာလည်း
မျှော်လင့်ချက်ကြီးမားစွာထားနိုင်ပါတယ်။

 

Fukasaku ကိုယ်တိုင်က ရုပ်ပုံများနှင့်အသံများကို သူ့ကိုယ်တိုင်ဖန်တီးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဟင်းလျာနဲ့ ရုပ်ပုံများရဲ့ ကိုက်ညီမှုတွေကို ကြည့်ခြင်းဖြင့်လည်း သူ့ရဲ့ ထူးချွန်တဲ့ ဖန်တီးနိုင်မှုစွမ်းရည်ကို ကျွန်ုပ်အံ့အားသင့်မိပါတယ်။

Course ရဲ့ ဟင်းလျာပြီးဆုံးသွားတဲ့ အခါမှာတော့ အချိုပွဲကို တည်ခင်းပေးပါတယ်။ အဲဒီ အချိုပွဲကလည်း လှပတဲ့ Universe ပုံသဏ္ဌာန်လိုမျိုးပုံဖော်ထားပြီး တည်ခင်းပေးထားတာပါ။

လုံးဝိုင်းဝိုင်းအရာလေးက ချောကလက်ဖြစ်ပြီး အဲဒီအလုံးလေးကို ခွဲလိုက်ရင်‌တော့ အသီးများနှင့်ကွတ်ကီးများထွက်ကျလာပါလိမ့်မယ်။

Course ရဲ့ အဓိကအကြောင်းအရာတွေနဲ့ ရရှိနိုင်တာတွေက ၃ လတစ်ကြိမ်ပြောင်းလဲသွားတာဖြစ်သောကြောင့် မည်မျှပင်လာသည်ဖြစ်စေ၊ အသစ်အသစ်တွေ ခံစားရမှာနော်။ဒီဟာတွေက ကြိုတင်မှာကြားထားရတဲ့ စနစ်ဖြစ်သောကြောင့် စိတ်ဝင်စားသူတွေလည်း များတဲ့အတွက် ကြိုတင်ဘိုကင်လုပ်ပြီးမှသာ သွားလို့ အဆင်ပြေမှာပါနော်။

ချစ်ရသူ ရဲ့မွေးနေ့။မင်္ဂလာဆောင်တဲ့နှစ်ပတ်လည်နေ့ဆိုရင်ကော ?

အရေးကြီးတဲ့နေ့တွေမှာလည်း ဒီလိုဆိုင်မျိုးလေးတွေမှာသာ ဧည့်ခံလိုက်မယ်ဆိုရင် အရမ်းတွေ ရိုဆန်သွားမှာနော်။

 

ဆိုင်ရဲ့ တည်နေရာကတော့
1-20-4 Yoyogi, Shibuya-ku, Tokyo Yoyogi Diamond Building 1F
050-5592-7633
Kitasando ဘူတာမှ ၅ မိနစ်လမ်းလျှောက်လျှင်ရောက်ပါတယ်။
Yoyogi ဘူတာမှ ၅ မိနစ်သာလမ်းလျှောက်ရင်လည်းရောက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: