ဂျပန်စားသောက်ဆိုင်မှာတွေ့ရတဲ့ မီးဖို‌ချောင်သုံးဓါးအမျိုးမျိုး !!!!!

ဂျပန်စားသောက်ဆိုင်ကစားဖိုမှူးတွေက ဓါးကိုင်တဲ့နေရာမှာအရမ်းကျွမ်းကျင်ပြီး၊ မကြာမကြာဓါးသွေးပါတယ်။
ဘာကြောင့်လဲလို့ပြောရင် ဓါးသွားထက်မှုက အရမ်းအရေးကြီးလို့ပဲဖြစ်ပါတယ်။


https://cookbiz.jp/soken/culture/japanese_kitchen_knife/

ဥပမာအားဖြင့် အရှင်လတ်လတ်စားရတဲ့အရာတွေ၊ ဆာရှိမိတွေက အရသာမထည့်ဘဲ ဒီအတိုင်းဓါးနဲ့ပိုင်းဖြတ်ထားသော်လည်း ဓါးနဲ့လှီးပုံနည်းပရိယာယ်အရ အရသာလုံးဝကွဲထွက်သွားတယ်ဆိုတာကို သိပါသလား?

အားလုံးသိထားတဲ့အတိုင်း ငါးရဲ့ကိုယ်ထဲမှာ ဆဲလ်တွေရှိပါတယ်။
အဲ့ဒီဆဲလ်တွေကိုပျက်ဆီးစေမိရင် အရသာတွေပျက်ကုန်ပြီး၊ အရသာမရှိတဲ့ ဆာရှိမိအဖြစ်ရောက်သွားပါတယ်။
ဒါကြောင့် အကောင်းဆုံးလှီးဖြတ်နိုင်မယ့်မီးဖိုချောင်သုံးဓါးကိုအသုံးပြုကြပါတယ်.
ဆဲလ်တွေကို လိုတာထက်ပိုပြီး မဖျတ်ဆီးမိပါစေနဲ့…


နောက်ပြီးဖြတ်မယ့်အမှတ်ကို တိကျမှန်ကန်စွာနဲ့ဖြတ်နိုင်ရင် အသားစတွေလည်းမထွက်တော့ဘဲ အကောင်းဆုံးသော ဆာရှိမိကိုရလာမှာဖြစ်ပါတယ်။
အဲ့ဒီလို ဂျပန်စားသောက်ဆိုင်က စားဖိုမှူးတွေဟာ ဘယ်လိုမီးဖိုချောင်သုံးဓါးတွေကိုအသုံးပြုကြသလဲဆိုတာ သိထားပြီးပြီလား?

 

和包丁(わぼうちょう)Wabōchō လို့ခေါ်တဲ့ ဂျပန်အစားအစာသုံးဓါးတွေဟာ ဒီလိုအမျိုးအစားတွေပဲဖြစ်ပါတယ်။

 

 

အရင်ဆုံး 出刃包丁(でばぼうちょう) Debabōchō ကနေပြောပြပေးပါမယ်။

ဂျပန်ရဲ့အခြေခံမီးဖိုချောင်သုံးဓါး
အဆုံးနဲ့အစက ထူပြီးလေးတယ်။
ငါးရဲ့ခေါင်းကိုဖြတ်တဲ့အခါ၊ အရိုးကနေလှီးထုတ်တဲ့အခါ၊ အကြေးခွံတွေကိုဖယ်တဲ့အခါ၊ အရိုးတွေကိုခုတ်ဖြတ်တဲ့အခါ၊ လုံးဝန်းတဲ့ငါးတွေကို ကိုင်ရတဲ့အခါမှာ အသုံးပြုပါတယ်။
ငါးရဲ့အရွယ်အစားနဲ့လိုက်ပြီး အသုံးပြုတဲ့ဓါးအရွယ်အစားကလည်း မတူပါဘူး။

 

 

刺身包丁(さしみぼうちょう)Sashimibōchō

出刃包丁Debabōchō  နဲ့စားလို့ရတဲ့အပိုင်းတွေကိုလှီးထုတ်ပြီးနောက် ၊ ဆာရှိမိပုံစံဖြစ်အောင် လွှာရတာက ဒီဓါးပဲဖြစ်ပါတယ်။
အရှေ့ကချွန်ထက်နေတဲ့ဓါးက Kansai ဒေသစတိုင်ဖြစ်ပါတယ်.
နောက်ကလေးထောင့်ပုံစံကတော့ Kanto ဒေသစတိုင်ပါ….
လက်ရှိမှာတော့ Kansai ဒေသစတိုင် ကိုပဲအဓိကသုံးလာပါတယ်။

 

 

薄刃包丁(うすばぼうちょう)Usubabōchō

菜切り包丁(なぎりぼうちょう)Nakiribōchō လို့လည်းခေါ်ကြပြီး သူ့ရဲ့နာမည်အတိုင်း အသီးအရွက်လှီးတဲ့ဓါးဖြစ်ပါတယ်။
အဆုံးကပါးပြီးဓါးသွားထက်မှုက သူ့ရဲ့ထူးခြားချက်ပါ။
ဓါးသွားကိုကိုင်တွယ်နိုင်ဖို့အတွက် သူ့ရဲ့လက်ကိုင်ကလည်းအရမ်းခက်ပါတယ်။
ဒီဟာကလည်း အရှေ့ကဓါးဟာ Kansai စတိုင် ဖြစ်ပြီး၊ အနောက်ကလေးထောင့်ကျတဲ့ပုံစံကတော့ Kanto စတိုင်ဖြစ်ပါတယ်။

 

 

剥きもの包丁(むきものぼうちょう)Mukimono bōchō


薄刃包丁 ကို ပုံစံအသေးအဖြစ်ပြောင်းလဲထားတာဖြစ်ပြီး၊ သေးသေးလေးတွေလှီးဖြတ်တဲ့အခါမှာ အသုံးပြုပါတယ်။

 

 

蕎麦切り包丁(そばきりぼうちょう)Sobakiri bōchō

ပိုင်းဖြတ်တဲ့အချိန် အားထည့်သုံးစရာမလိုဖို့အတွက် ဓါးရဲ့အလေးချိန်ကိုပမာဏများများသုံးထားပါတယ်။
အဲ့ဒီအလေးချိန်နဲ့ပဲပိုင်းဖြတ်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။

 

ဆာရှိမိစားဖို့ဆိုရင်တော့ ဒီဓါးတွေနဲ့တင်လုံလောက်နေပါပြီ။

နောက်ဆုံးမှာ မိမိအိမ်မှာလည်းပြန်ပြီးစမ်းသပ်နိုင်တဲ့ ‌ဓါးကိုင်ပုံကိုင်နည်းတွေနဲ့မိတ်ဆက်ပေးပါမယ်။

ဒါဆိုရင်တော့ လုပ်နိုင်မယ်လို့ထင်တယ်နော်?……..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: