Mamaya ရဲ့ဟင်းချက်နည်းသင်ခန်းစာ အပိုင်း ၄ !!!!

Fresh spring rolls ဟာ လိပ်ရတာခက်ခဲသလို လုပ်ပုံလုပ်နည်းတွေကလည်းရှုပ်ထွေးတယ်လို့ ထင်နေကြတဲ့လူတွေရှိမလားမသိပေမဲ့၊ အလယ်မှာမုန်လာဥဖြူကိုထည့်ပြီးဗဟိုအ‌နေနဲ့ထားလိုက်မယ်ဆို လိပ်ရတာလွယ်ကူပြီး အာဟာရလည်းကြွယ်ဝတဲ့ Fresh spring rolls လေးရပါပြီ။
ပါဝင်ပစ္စည်းတွေကလည်း မြန်မာပြည်မှာရနိုင်တဲ့အတွက် သေချာပေါက်လုပ်ကြည့်လိုက်ပါ။

(ပါဝင်ပစ္စည်း.small size Fresh spring roll ၁ ရွက်)
ပုစွန် = ၁၊ ၂ ကောင်
lettuce = ၁ ရွက်
မုန်လာဥတောက်တောက်စင်း = အနည်းငယ်
ဥနီတောက်တောက်စင်း = အနည်းငယ်
Beefsteak plant = ၁/၂ ရွက်

(ပြုလုပ်ပုံ)
၁။ ပုစွန်ရဲ့ကြောဘက်ကအချောင်းကိုထုတ်ပြီး၊ ပြုတ်လိုက်ပါမယ်။ အေးသွားတဲ့အထိထားလိုက်ပြီး၊ ပုံပါအတိုင်းပုစွန်ကိုတစ်ဝက်စီပိုင်းဖြတ်ပါမယ်။ lettuce ကို rice paper ရဲ့အရွယ်အစားနဲ့လိုက်ပြီး ညှပ်လိုက်ပါ။ Beefsteak plant ကိုတော့အနားသားလေးတွေညှပ်ပါ။

 

 

၂။ rice paper ကိုရေအနည်းငယ်စွတ်ပြီး ပုစွန်နဲ့ Beefsteak plant ကိုတင်ထားလိုက်မယ်။ အဲ့ဒီအပေါ်မှာတော့ lettuce ကိုပုံပါအတိုင်းထပ်လိုက်ပါမယ်။ ပြီးရင်တော့ lettuce ရဲ့ဘေးမှာ တောက်တောက်စင်းထားတဲ့ဥနီကိုကပ်ထားလိုက်ပါ။

 

 

၃။ lettuce ရဲ့အပေါ်မှာတော့ မုန်လာဥဖြူကိုပမာဏများများလေးတင်ထားလိုက်ပြီး၊ မုန်လာဥဖြူကိုအဓိကထားကာ သေသေချာချာလေးလိပ်လိုက်ရပါမယ်.

 

 

 

 

fresh spring rolls ရဲ့ Sauce ၂ မျိုးရှိပါတယ်။
(နံနံပင်နှင့်Ginger Sauce)
နံနံပင်၊ ငရုပ်သီးကိုပါးပါးလေးညှပ်ထားပြီး၊ ဂျင်းအနှစ်၊ နှမ်းအဖြူ၊ ပဲငံပြာရည်၊ နှမ်းဆီ တို့ကိုရောသမလိုက်မယ်။

 

(ငါးငံပြာရည် နှင့် သံပရိုသီး)
Nampla ငါးငံပြာရည်ထဲ သံပရိုသီးညစ်ပြီး၊ chili pepper ဖြူးလိုက်ပါမယ်။

အဓိကအချက်
ပုစွန်မရှိတဲ့အခါလည်းပဲ ငါးအသားကိုဆား၊ငရုပ်ကောင်းမှန့်နဲ့ဖုတ်လိုက်ပြီး အချောင်းအဖြစ်ပြန်လှီးပါ။
ဝက်သားကိုပြုတ်ပြီး ဆားအနည်းငယ်ဖြူးလိုက်ခြင်းဖြင့်သော်လည်းကောင်း၊ အရသာရှိပါတယ်။
ဝက်ပေါင်ခြောက်အစိမ်ကိုထည့်မယ်ဆိုရင်တော့ “ raw ham roll” ဖြစ်ပါလိမ့်မယ်။

 

လိပ်တဲ့အခွံ ပါးတာကိုကြိုက်တဲ့အတွက် အချင်း 16㎝ လောက်ပဲရှိတာကိုသုံးပါတယ်။
lettuce ရဲ့ရိုးတံက လိပ်မယ့် rice paper ကိုမပြဲသွားစေဖို့အနည်းငယ်တိုတိုလေးဖြစ်အောင် ညှပ်လိုက်ရပါမယ်။
rice paper size ကြီးကိုသုံးမယ်ဆိုရင်တော့ အလေးချိန်ကိုချိန်ညှိပါ။
အဲ့ဒီအတိုင်းအစိမ်းစားရတာဖြစ်တဲ့အတွက်၊ အကြာကြီးမထားဘဲ မြန်မြန်စားဖို့လိုအပ်ပါတယ်။

 

 

ကဲ.ဘယ်လိုလဲ?
မိမိနှစ်သက်တဲ့ ကုန်ကြမ်းတွေကိုထည့်ပြီး မိသားစု ဒါမှမဟုတ် သူငယ်ချင်းနဲ့အတူ လုပ်စားရင်တော့ ပျော်စရာပဲနော်….
သေချာပေါက် လုပ်စားကြည့်ပါ။……

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: