တို့ဖူးကို အနုပညာဖြင့် ခံစားသုံးဆောင်ရန် !!!!

စားလိုက်ရင် အရသာရှိတဲ့ တို့ဖူးဆိုတာကတော့ ပြောနေစရာမလိုပါဘူး။ ပိုပြီးအရသာရှိသွားအောင် အခုလို ချယ်သပြီး လုပ်ကြည့်ကြမယ်ဆိုရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာပါ။အဲဒါကတော့ ဒီမှာပါ။

 

https://dime.jp/genre/925593/

Gundam anime ကိုကြိုက်တဲ့သူတွေဆိုရင်တော့ ဒါကိုသိပါလိမ့်မယ်။
တို့ဖူးက Z Gundam မှာ တွေ့ရတဲ့ Hyakushiki လို့ခေါ်တဲ့ မိုဘိုင်းဝတ်စုံ (စက်ရုပ်) ၏ ဦးခေါင်းနှင့်တူပါတယ်။

Hyakushiki ဆိုတာက ဒီမှာပါ။

https://w.atwiki.jp/battle-operation2/pages/1900.html

အဓိကဇာတ်ကောင် မစီးသော်လည်း ရွှေရောင်တောက်ပသောအရောင် . . .

ပြီးတော့ စီးတဲ့သူကတော့ Quattro Vageena ပါ။
ဤပုဂ္ဂိုလ်ကတော့ ယခင် Gundamတွင် အဓိကဇာတ်ကောင်ဖြစ်လာတဲ့ Shar Aznable ပါ။

သူဟာဇာတ်ကောင်ထက်ပိုပြီးလူကြိုက်များခဲ့ပါတယ်။
သူက ယခင်ဇာတ်ကောင်များထက်လူကြိုက်များရတာကတော့ ရွှေရောင်တောက်ပတဲ့ မိုဘိုင်းဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်းပြောကြပါတယ်။
ဒီလိုပုံစံမျိုးလေးနဲ့ . . .

 

 

မူရင်းအရကတော့ အဝါရောင်။

ဒါပေမယ့် တို့ဖူး ကအဖြူရောင်ပါ။ ရွှေလည်းမဟုတ်ဘူး။
ဒါကို ဘယ်လိုလုပ်ရမလဲဆိုတော့ . . . ကာရေ ဟင်းအနှစ်ကိုထည့်ထားပါတယ်။

 

ဝိုး !!! ရွှေ‌ရောင်ဖြစ်သွားပြီ။
အကယ်၍ ရေညှိကို ကင်မရာဘက်အပိုင်းတွင် ထားပါက ပို၍ လက်တွေ့ကျပြီး လှပါတယ်။

 

 

ထို့အပြင် ပဲငံပြာရည်ကို သွန်းလောင်းပြီး အရိပ်ထည့်ရင်တော့ ပိုပြီး လှပတဲ့ လက်မှုပညာဖြစ်သွားမှာ. . .

 

တစ်ဝက်ကို ခရမ်းချဉ်သီး ketchup ဖြင့်အသုံးပြုပါ၊ Imprint ကိုပိုမိုနက်ရှိုင်းစေမယ့် နက်ရှိုင်းသောစကြဝဠာအရောင်ကို ပုံဖော်ထားသည့် ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော် ထည့်ပြီး နောက်ဆုံးတွင် နှမ်းများကိုဖြူးပါ။

 

ဒီ တို့ဖူး ကိုသုံးပြီး ပုံဖော်ဘူးလေးသာရှိရင်. . .

ဘယ်လောက်ပေါတောတောနိုင်တဲ့. . .မဟုတ်ပါဘူး . . .

သင့်ရဲ့ ဖန်တီးနိုင်တဲ့ ပါရမီရှိတဲ့အကျင့်တွေပေါ်လာလိမ့်မယ်ဆိုတာ မျှော်လင့်မိပါတယ်။

 

https://sagamiya-campain.com

ယေဘုယျစည်းမျဉ်းအရ၊ စားလို့ရတဲ့ အစားအစာများကိုသာအသုံးပြုဖို့ ပြောထားပါတယ်။
တို့ဖူးသည် လူငယ်များ နည်းလာသည်နှင့်အမျှ စားသုံးမှုကျဆင်းနေပါတယ်။

သင့်ကျန်းမာရေးအတွက်ကောင်းတဲ့ တို့ဖူးကိုတွေ့ရင်တော့ ကျန်းမာရေးလည်းကောင်း၊ ပျော်စရာလည်းကောင်းတဲ့ ဒီလိုတို့ဖူးအနုပညာဝါသနာကို ပိုင်ဆိုင်ဖြစ်သွားကောင်းမယ်ထင်တယ်နော် ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: