အရသာသိပ်ရှိတဲ့ အစားအစာ? ဂိမ်း? ဘာတွေထည့်ထားမှန်းမသိတဲ့ ‌ဟော့ပေါ့ !!!

ဟော့ပေါ့ကြိုက်တဲ့သူတွေရှိလား ?

မြန်မာလူမျိုးတွေထဲမှာလည်း ပော့ာပေ့ါ မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားဖြစ်မယ်ထင်တယ်နော်။ Nabe လို့ခေါ်တဲ့ ဂျပန်ဟော့ပေါ့ကော စားဖူးကြလား?

 

https://getnavi.jp/book/192886/

အသား၊ ငါး၊ အသီးအရွက်၊ ပင်လယ်စာ ဘာကိုပဲဖြစ်ဖြစ် ထည့်စားလိုက်ရင် အရမ်းကို အရသာရှိတဲ့ ဟော့ပေ့ါ။ လုပ်စားရတာ ပျော်ဖို့လည်း ကောင်းပြီး ခုလိုမိုးရာသီမှာ စားလိုက်ရရင်တော့ တကယ့်ကို ရှယ်ပါပဲနော်။

ဒါပေမယ့် အန္တရာယ်ရှိတဲ့ ဟော့ပေ့ါဆိုတာရှိပါတယ်။
ဒါကတော့ Yami Nabe လို့ခေါ်တဲ့ မှောင်မိုက်ဟော့ပေ့ါပါ။

Yami Nabe ဆိုတာက စားပွဲပါတီလိုလုပ်တဲ့ အခါ လူတွေအားလုံးယူလာတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို အမှောင်ထဲမှာ ဟော့ပေါ့အိုးထဲထည့်ပြီး စားရတဲ့ ဟော့ပေါ့တဲ့။

အရသာရှိတဲ့ရနံ့ ? မနှစ်မြို့ဖွယ်အနံ့?
စိတ်လှုပ်ရှားစွာနဲ့ပဲ ဘာမှန်းမသိတာကို ပါးစပ်ထဲထည့်ပြီးစားဖို့ဆိုတာ ကြောက်တော့ကြောက်သား၊ လွယ်တော့မလွယ်ဘူးနော်။

အင်း. . . ဒီလို မျိုး ကြောက်ကြောက်နဲ့စားရတဲ့ အစားအစာကတော့ Yami Nabe ဖြစ်ပါတယ်။ဒီမိုက်မဲတဲ့အရာကို လုပ်ဖို့ ဘယ်သူကတွေးပြီး စခဲ့တာလဲဆိုတာကို လေ့လာကြည့်တော့၊ ဒီဟင်းလျာရဲ့ သက်တမ်းက ဘယ်လောက်ရှိပြီမှတ်တုန်း၊ နှစ် ၁၀၀၀ ကျော်ပြီတဲ့ . . .

အရင်တုန်းကတော့ Heian ခေတ် (၇၉၄-၁၁၈၅) ရဲ့ မင်းမျိုးအနွယ်ဝင်များ၏ စားသောက်ပွဲ ပုံစံများဖြင့်စတင်ခဲ့ပါတယ်။ထိုအချိန်က ပုံမှန်စားသောက်ပွဲတွင် စားသောက်ပွဲကျင်းပသည့် အိမ်တွေမှာတော့ အစားအစာနှင့်အရက်တို့အတွက်ပြင်ဆင်ပြီးပြုလုပ်ကြပါတယ်။

 

https://japanknowledge.com/contents/nipponica/sample_media.html?entryid=35

အရသာရှိတဲ့ ထမင်းစားပြီး သီချင်းနားထောင်ကြတဲ့အချိန်ပေါ့။ဇိမ်ခံပြီး အပန်းဖြေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။အဲလိုအချိန်မှာ ပေါ်ထွက်လာခဲ့တာကတော့ Yami Nabe ဖြစ်ပါတယ်။ပွဲကိုစီစဉ်သူက အိုးနှင့် ဟင်းချိုတစ်မျိုးတည်းကိုသာ ပြင်ဆင်ထားပါတယ်။

ပွဲကိုလာကြတဲ့သူတွေက မိမိတို့ကိုယ်ပိုင် ပါဝင်ပစ္စည်းများယူဆောင်လာပြီးတော့ အားလုံးကို အိုးထဲထည့်ကာ ချက်ပြုတ်စားသောက်ကြတယ်ဆိုတဲ့ ဓလေ့တစ်ခုပါ။
အဲဒီတုန်းကတော့ တမင်တကာ Yami Nabe ဆိုပြီး အမှောင်ထဲမှာစားတဲ့ဟော့ပေါ့ဆိုပြီး ဖြစ်ခဲ့တဲ့အရာမဟုတ်ခဲ့ပါဘူး။

 

ဒီယဉ်ကျေးမှုက အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားပြီး
လွန်ခဲ့သောအနှစ် ၁၀၀ ခန့်ကနေစပြီး Yami Jiru လို့ခေါ်တဲ့ မှောင်မိုက်သောဟင်းချိုလို့ အဓိပ္ပာယ်ရတဲ့ စားသောက်ဆိုင်တွေ ဖန်တီးဖြစ်ပေါ်လာပါတယ်။
အားလုံးက ယူလာတဲ့ အရာတွေကို မကြည့်ရမမြင်ရပဲ အမှောင်ထဲမှာ စားရတဲ့ အရာ။

ဥာဏ်ကောင်းသောသူတွေကတော့ မမြင်ရလဲ သေသေချာချာ စားနိုင်ပေမယ့် ဂျပန်ဖိနပ်ညှပ်ဖိနပ်တွေကို ထည့်တဲ့
တချို့လူတွေလည်း ရှိတယ်တဲ့. . .ဒီလောက်တောင် ပြုလုပ်တယ်ဆိုရင်တော့ ဒါဟာ ပျော်ဖို့ကောင်းတယ်ဆိုတာထက် ဘောင်ကျော်လွန်နေတယ် လို့ တွေးမိပေမယ့်လည်း . . .

ဒီလိုလုပ်ခြင်းကလည်း အမျိုးမျိုးသောစနစ်များရှိပါတယ်။
Yami Nabe Kare အမှောင်ဟော့ပေ့ါဟင်း
Kare ဟင်းရဲ့ ပါဝင်ပစ္စည်းတွေကို ယူလာပြီး အားလုံးကို ရောထွေးပြီးမတည်ထားပါ။

Kare ဟင်းရဲ့ အနံ့က ကောင်းလွန်လို့ အများအားဖြင့်စားနိုင်ကြတယ်တဲ့။အင်တာနက်မှာ “ 闇鍋 Yami Nabe ” လို့ရှာလိုက်ရင်တော့ ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါလိမ့်မယ်။

သို့သော် သင့်အတွက် စားလို့ အဆင်သိပ်မပြေနိုင်တဲ့အရာများစွာရှိပါတယ်။ စိတ်ဝင်စားရင်တော့ ရှာဖွေကြည့်လိုက်ပါနော်။
မြန်မာမှာလည်း ဒီလို ဟော့ပေါ့မျိုး သူငယ်ချင်းတွေနဲ့ လုပ်စားကြည့်ရင်ရော ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: