၉ စက္ကန့်အတွင်း ဟင်းပွဲချပေးနိုင်တဲ့ဆိုင် ? တကယ်ကြီးလာ!!!

ဂျပန်နိုငံရဲ့ရုံးဝန်ထမ်းတွေအတွက်တော့ အေးအေးဆေးဆေးစားနေဖို့အချိန်မရှိပါဘူး။
convenience store တွေကနေ ထမင်းဗူးတွေမှာယူပြီးစားကြတာကပိုများပါတယ်။
ဒါပေမဲ့ convenience store ကထမင်းဗူးတွေထက် ပိုပြီးမြန်မြန်ရနိုင်တာကတော့ ဒီမှာပါ။

https://jikomanpuku.com/2019/01/29/9byou-curry/

9 seconds curry.

၉ စက္ကန့် နဲ့မပေးနိုင်ရင် ငွေပြန်အမ်းမယ်လို့တောင်ရေးထားပါတယ်။
၉ စက္ကန့် တည်းနဲ့စားနိုင်ရင်ပိုက်ဆံပေးစရာမလိုဘူးလို့ပြောတာမဟုတ်ဘဲ၊ အော်ဒါမှာပြီးတာနဲ့ ၉ စက္ကန့် အတွင်းဟင်းပွဲချပေးမယ်လို့ပြောတာပါ…

ထမင်းခူးလိုက်ပြီးအပေါ်မှာဟင်းတင်လိုက်တာပဲဆိုရင် ဘယ်ဆိုင်မဆိုမြန်မြန်လုပ်နိုင်ပေမဲ့၊ ၁ မိနစ်လောက်တော့ အနည်းဆုံးကြာမှာပဲ…

ဒါဆို တကယ်ကြီး ၉ စက္ကန့်ပဲ ကြာတာလာ?

ဆိုင်အတွင်းဘက်တော့ ဒီလိုပုံစံပါ…..


ပုံမှန်ဆိုင်တွေထက်တောင် ရိုးရှင်းနေပြီး ကုမ္ပဏီဝန်ထမ်းထမင်းစားဆောင်လိုလို ကျောင်းရဲ့ထမင်းစားဆောင်လိုလိုပဲနော်…..

ကဲ ဒီမှာစတာပါပဲ……

ဒီစက်မှာ အစားအသောက်လက်မှတ်ဝယ်ပြီး ဆိုင်ဝန်ထမ်းကိုပေးလိုက်ပြီးဆိုတာနဲ့ ၉ စက္ကန့်အတွင်းပဲ ဟင်းပွဲကိုလာချပေးပါတယ်။
ဒီလိုလာမချပေးနိုင်ရင် ငွေပြန်အမ်းမယ်တဲ့ဗျာ……
စကားမစပ် ထမင်းနဲ့ဟင်းဆို ၁ ပွဲကို ယန်း ၅၀၀ ပါ။
ပွဲကြီးဆိုအခမဲ့ပါ…
fried chicken curry ကိုလည်းမှာစားနိုင်ပါတယ်။

ဒီလိုဟင်းလျာပါ… အရသာရှိမယ့်ပုံပဲနော်……

တလက်စတည်း ဆိုင်ကိုရိုက်ထားတဲ့ video ကိုလည်းကြည့်ရအောင်….

ဒီပုဂ္ဂိုလ်ကတော့ ၉ စက္ကန့် ဟင်းလျာကို ၉ စက္ကန့်အတွင်းစားမယ်လို့လုပ်ပေမဲ့ အဲ့ဒါတော့ သူမစားနိုင်ပါဘူး။(ရယ်လျက်)
၉ စက္ကန့်အတွင်းစားနိုင်တယ်ဆိုရင်တောင်မှ အကျိုးကျေးဇူးတော့မရှိဘူးပေါ့….

အရင်ဆုံးဟင်းပွဲကို ပုံမှန်ပွဲနဲ့၊ ပွဲကြီးဆိုပြီး ခွဲထားပါတယ်။ ပြီးရင်တော့ ဟင်းထည့်ပြီးချပေးနိုင်အောင်လုပ်ထားတာပဲဖြစ်ပါတယ်။

တကယ်က ၃ စက္ကန့်၊ ၅ စက္ကန့်နဲ့တင် ဟင်းပွဲချပေးနိုင်ပါတယ်တဲ့…
အဲ့ဒါနဲ့ ဘာကြောင့်များ ၉ စက္ကန့်လို့ပြောရတာလဲ မေးလိုက်တော့ ၁၀ စက္ကန့်ဟင်းလျာဆိုင်ကရှိပြီးသားမို့လို့ပါတဲ့ဗျာ….

အဲ့လောက်အထိလည်းလန့်သွားဖို့မလိုဘူး လို့ထင်ပေမဲ့…နာမည်ကြီးဖို့အတွက်ကတော့ marketing ‌လေးကမဆိုးဘူးလို့ထင်ပါတယ်။
convenience store မှာထမင်းဗူးဝယ်ပြီး register လုပ်၊ ပြီးရင်ထမင်းဗူးကိုပြန်နွှေး၊ အဲ့ဒီလိုလုပ်မယ်ဆိုရင်တောင် ဒီမှာကပိုပြီးမြန်ပါတယ်။

ဒါပေမဲ့သူက အလုပ်များတဲ့ဂျပန်လူမျိုးတွေလောက်ပဲလာစားကြပါတယ်။
စကားမစပ် ဆိုင်ရဲ့နံရံမှာတော့ Manga စာအုပ်တွေကိုအများကြီးထား ထားပေးပါတယ်။

ဟင်းပွဲစောင့်နေမယ့်လူတွေအတွက် ဖတ်ဖို့ထားပေးတာတဲ့..
၉ စက္ကန့်အတွင်းရမယ်ဆိုတော့… ဘယ်အချိန်သွားဖတ်ရမလဲ….
နည်းနည်းတော့ တစ်မျိုးပဲနော်…..(ရယ်လျက်)

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: