Mamaya ရဲ့ဟင်းချက်နည်းအပိုင်း ၃ !!!

ဒီနေ့ Kyoko စံ သင်ပေးမယ့်ဟင်းလျာကတော့ ဒီမှာပါ !!

 

(မုန်လာဥနှင့်ဝက်ပေါင်ခြောက်နပ်)

*カブ Kabu (Turnip)လို့ခေါ်တဲ့ မုန်လာဥအလုံးမျိုးပါ
မုန်လာဥဖြူ နဲ့လည်းအစားထိုးအသုံးပြုနိုင်ပါတယ်။

Kabu ပေါ်မှာ ဝက်ပေါင်ခြောက်ကိုတင်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရုံနဲ့ မုန်လာဥရဲ့အရသာပိုပြီးထွက်လာပြီး juice နဲ့သာဆိုအရသာအရမ်းလိုက်ဖက်ပါတယ်။

Kyoko စံ ကတော့ အခြောက်ခံပြီးသား basil လို့ခေါ်တဲ့ ပူစီနံလိုဟင်းခက်အရွက်တစ်မျိုးထည့်ထားပုံရပေမဲ့၊ မထည့်လည်းရပါတယ်။
အပေါ်မှာတင်ထားတဲ့ အမည်းရောင်သံလွင်သီးအကွင်းလေးတွေမရှိလည်းရပေမဲ့ ရှိမယ်ဆိုရင်တော့ တွဲစားရင် အရသာပိုရှိပါတယ်။

 

(ပါဝင်ပစ္စည်း.၁ ယောက်စာ)

မုန်လာဥ = ၁ လုံး
ဝက်ပေါင်ခြောက် = ၂/၃ ချပ်
အမည်းရောင်သံလွင်သီး = ၂/၃ လုံး
Extra barge olive oil (ရိုးရိုးသံလွင်ဆီဆိုလည်းအသုံးပြုနိုင်သည်) = သင့်တော်တဲ့ပမာဏ

 

(ပြုလုပ်ပုံ)
၁။ မုန်လာဥဖြူကို အလွယ်တကူစားနိုင်မယ့်အနေအထားလောက် လှီးပါ။
၂။ ဝက်ပေါင်ခြောက်ကို လှီးထားတဲ့မုန်လာဥအရွယ်အစားနဲ့လိုက်ပြီး လှီးဖြတ်ပြီး၊ မုန်လာဥအပေါ်မှာ ၁ ချပ်စီ တင်ပါ။ ပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲမှာ ၁ နာရီကျော်လောက်ထိ ထည့်ထားပါ။
၃။ အကွင်းကွင်းလေးတွေလှီးဖြတ်ထားတဲ့ အမည်းရောင်သံလွင်သီးကို ၁ ခုမှာ ၂ ကွင်းစီတင်ပြီး၊ Extra barge သံလွင်ဆီကို အသင့်အတင့်လေးဆမ်းလိုက်ရုံပါပဲ။

(သတိထားရမည့်အချက်)
ရေခဲသေတ္တာထဲမှာအကြာကြီးထားမယ်ဆို မုန်လာဉထဲကရေဓါတ်တွေအရမ်းထွက်ပြီး အရသာပေါ့သွားမှာဖြစ်တဲ့အတွက်၊ အချိန်ကိုသတိထားဖို့တော့လိုအပ်မယ်နော်….
မနက်ပိုင်းလုပ်ထားပြီးတော့ အဲ့ဒီနေ့လယ်ခင်းမှာစားမယ်ဆို အကောင်းဆုံးပါပဲ။

အရမ်းလွယ်တဲ့အတွက် သေချာပေါက်လုပ်စားကြည့်နော်..!!

Kyoko စံ ရဲ့ profile


Instagram မှာ 「旬菜ままや(Syunsai.Mamaya)」@mamaya476
ဆိုတဲ့နာမည်နဲ့ ရာသီအလိုက်ပါဝင်ပစ္စည်းတွေကိုအသုံးပြုတဲ့. လွယ်ကူဟင်းလျာတို့
ကျွန်မတို့ရဲ့အိမ်အနီးအနားရှိကွက်လပ်လေးမှာပဲ ရာသီအလိုက်စိုက်ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေအကြောင်းကိုလည်း ပြောပြပေးနေတဲ့ Nakao.Kyoko ပဲဖြစ်ပါတယ်။

စားရတာရော၊ ဟင်းချက်ရတာကိုပါ အရမ်းနှစ်သက်တဲ့အတွက် သူမအိမ်ရဲ့ခြံထဲမှာပဲဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးလာခဲ့တာအခုဆို ၈ နှစ်လောက်ရှိပါပြီ။

ခရီးတွေထွက်ဖြစ်လို့အဲ့ဒီဒေသမှာဈေးရှိမယ်ဆိုရင်လည်း ဒေသထွက်အစားအစာတွေကိုပဲစားပြီး၊ 居酒屋 လိုအစားအစာတွေပါရနိုင်တဲ့ bar တွေမှာ အရသာရှိတာလေးတွေ့ပြီးဆိုရင် ဆိုင်ရှင်ကိုအဲ့ဒီဟင်းလျာရဲ့ချက်ပြုတ်နည်းမေးမြန်းတာတို့လုပ်ပြီး ကိုယ်တိုင်လိုက်ချက်ခဲ့ပါတယ်။

အဲ့ဒီလိုအရမ်းနှစ်သက်တဲ့ အစားအစာနဲ့ဟင်းလျာတွေအပေါ်မှာပဲ တစ်စိုက်မတ်မတ်နဲ့လုပ်ဆောင်လာခဲ့ပါတယ်။

Kyoko စံ ဟာ ယခင်ကပုံနှိပ်ထုတ်ဝေတဲ့ကုမ္ပဏီမှာ အယ်ဒီတာအဖြစ်လုပ်ဆောင်ခဲ့ပေမဲ့၊ လက်ရှိမှာတော့ အသေးစားစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: