တစ်လလုံးလုံးကြိုက်သလောက်စားလို့ရတဲ့ အသားကင် ?

တစ်ပွဲကိုဘယ်လောက်ကျတယ်ဆိုတဲ့စျေးနှုန်းနဲ့တော့မဟုတ်ဘူးနော်။ တစ်လလုံးလုံးအကန့်အသက်မရှိဘယ်လောက်စားစား တစ်လစာပဲပေးရမယ်ဆိုတဲ့ ဝန်ဆောင်မှု။အဲဒါကတော့ရေပန်းစားလျက်ရှိပါတယ်။

Subscription(ကြိုတင်လက်မှတ်) လို့ခေါ်တဲ့ ဈေးနှုန်းပုံံစံနဲ့ ဂီတ၊ mangaစာအုပ်တွေ၊ ဂိမ်းတွေကို တစ်လလုံးလုံးအကန့်အသတ်မရှိပျော်ရွှင်နိုင်ပါတယ်။ အသုံးပြုရတာအရမ်းအဆင်ပြေတော့ ဂျပန်နိုင်ငံရဲ့စားသောက်ဆိုင်တွေမှာလည်းတူညီတဲ့ဈေးနှုန်းတွေသတ်မှတ်ပြီးဝန်ဆောင်မှုတွေစတင်လာပါတယ်။

ဂျပန်နိုင်ငံရဲ့ထိပ်တန်းကင်အသားကင်ဆိုင်ဖြစ်တဲ့ 牛角 (ぎゅうかく) Gyu-Kakuဆိုင်မှာဆိုရင် ယန်း ၁၁၀၀၀နဲ့ တစ်လလုံးလုံးကြိုက်သလောက်စားနိုင်တဲ့ဈေးနှုန်းပုံစံသစ်နဲ့စတင်နေပါပြီ။

http://blog.livedoor.jp/dqnplus/archives/1997007.html

တစ်နေ့တစ်ကြိမ် ကြိုက်သလောက်စားလို့ရတဲ့ Course ကိုလည်းရရှိနိင်ပါတယ်။ ရရှိနိုင်တဲ့ Course တွေကတော့ . . .

https://www.gyukaku.ne.jp/menu/tabehodai-okigaru.html

အသားတွေချည်းပဲမဟုတ်ပဲ အချိုပွဲတွေလည်းလည်းပါတဲ့ ဒီ Course ကတော့ တစ်ယောက်ကို ယန်း၃၈၂၈ နဲ့ သုံးဆောင်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်လတည်းမှာသုံးကြိမ်လာစားမယ်ဆိုရင်တော့ ဈေးပိုသက်သာလာမှာပါ။

သောက်စရာတွေရောမပါဘူးလားဆိုတော့? စိတ်မပူပါနဲ့ ‌ရေသန့်နဲ့ လက်ဖက်ရည်ကြမ်းကတော့ Free ပါ။

Course ထဲမှာထမင်းတော့မပါပေမယ့် ထမင်းချည်းပဲသက်သက်မှာစားမယ်ဆိုရင်တော့ ရနိုင်လောက်ပါတယ်။

အသားတွေလောက်တော့ဈေးမကြီးပါဘူး။

၃၁ရက်နေ့မှာလာစားမယ်ဆိုရင်တော့ တစ်ပွဲကို ယန်း၃၅၅ပါ။ 牛丼 (Gyūdon)တစ်ပွဲရဲ့ဈေးနှုန်းအတူတူလောက်နဲ့ အသားကင်ကိုစားနိုင်ပါတယ်။အချိုပွဲလည်းပါပါတယ်။

နေ့တိုင်းအသားကင်ချည်းပဲစားနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်မကောင်းတာတွေဖြစ်စေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေရှိတယ်လို့တော့ ခံစားမိတယ်။ဒါပေမယ့် အရသာရှိရှိ ဈေးချိုချိုနဲ့စားနိုင်တဲ့အချက်ကတော့ အတော်လေးကို စွဲဆောင်လွန်းပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: