蕎麦Soba ရဲ့ အဓိကလိုအပ်နေတဲ့အရာအတွက် တောတောင်ထဲမှာ ဆိုင်ဖွင့်ခဲ့သူ

Udon ကအရသာရှိပါတယ်။ အဲ့ဒါဆိုရင် Soba ကရော ဘယ်လိုနေမလဲ…….?

မြန်မာနိုင်ငံမှာဆိုရင်တော့ လူသိနည်းတဲ့အစားအစာလိုပြောရရင် Soba ပဲဖြစ်ပါတယ်။

ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ တိုကျိုမြို့မှာတော့ Udon ထက် Soba ကိုပိုကြိုက်ပြီး စားဖြစ်ကြပေမဲ့၊ အဲ့ဒီ Soba မှာပါ၀င်နေတဲ့ အစိမ်းရောင်အပင်လေး အကြောင်းကိုတော့ သိပ်မသိကြပါဘူး။

 

ဒါပေမဲ့ လူတွေ Soba ကိုပိုပြီးစိတ်၀င်စားလာအောင် ဆွဲဆောင်နိုင်ခဲ့သူ တစ်ဦးလည်းရှိပါတယ်။

 

鹿児島県出水市(いずみし)Kagoshima ခရိုင် Izumi မြို့ရဲ့ တောနက်ထဲမှာ 東雲の里(しののめ の さと)ဆိုတဲ့ ရွာလေးတစ်ရွာရှိပါတယ်။

အဲ့ဒီနေရာရဲ့ ကြီးမားကျယ်ပြန့်တဲ့ တောင်တန်းပေါ်မှာ အပင်ပေါင်း ၁ သိန်းခန့် ပွင့်လန်းနေတဲ့ hydrangeas ပန်းဥယျာဥ်ကြီးလည်း ရှိပါတယ်။

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

 

အဲ့ဒီနေရာကို စတင်ပြုလုပ်ခဲ့သူကတော့ 宮上(みやうえ)Miyaue ဆိုသူပဲ ဖြစ်ပါတယ်။ သူတစ်ယောက်တည်းကပဲ အဦးဆုံးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

အရင်က တောနက်လိုမျိုး လူနေထိုင်မှုမရှိခဲ့ပေမဲ့၊ လွန်ခဲ့တဲ့ ၂၇ နှစ်မတိုင်ခင်ကနေစပြီး အသက် ၄၆ နှစ်အရွယ် Miyaue ဟာ အဲ့ဒီနေရာကို ၀ယ်ယူကာ သူ့စိတ်ကူးအတိုင်း အဲ့ဒီတောင်ကို စိုက်ပျိုးပုံဖော်ခဲ့ပါတယ်။

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

 

မဆင်မခြင်ဘဲလုပ်ခဲ့တဲ့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။

ပတ်၀န်းကျင်မှာမြင်တွေ့နေတဲ့သူတွေက Miyaue ရဲ့လုပ်ရပ်ဟာ မအောင်မြင်ဘဲ တစ်၀က်တစ်ပျက်နဲ့ ရပ်သွားမှာပဲ လို့ တွေးထားခဲ့ကြပေမယ့်၊ Miyaueကတော့ သူ့ရဲ့ စိတ်ကူးလေးအတိုင်း ဆက်လက်ပုံဖော်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ကတော့ နိုင်ငံခြားသားတွေပါ အများအပြားလာရောက်လည်ပတ်ကြဖို့ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာလေးဖြစ်လာခဲ့ပါတယ်။

 

အရေးကြီးတာကတော့ Shinonome ဆိုတဲ့ရွာလေးက သစ်ပင်တွေပေါများပြီး၊ ကလေးတွေပါ လမ်းပျောက်နိုင်တဲ့အတွက်ကြောင့် မြေပုံကိုလိုအပ်ပါတယ်။

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

လက်ရှိအချိန်အထိ သူဟာ ဇနီး၊ သား ၃ ယောက်နဲ့အတူ အဲ့ဒီနေရာလေးကို စီမံခန့်ခွဲပါတယ်။

 

အဲ့ဒီနေရာရဲ့ အထူးအစားအစာလို့ပြောရရင်တော့  Soba ပဲဖြစ်ပါတယ်။ Soba ဆိုင်လေးကိုဖွင့်ဖို့ အဲ့ဒီတောင်ကိုရှင်းလင်းမှုတွေ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

 

ဒီ Shinonome ရွာလေးရဲ့ နာမည်ကြီးအစားအစာကတော့ 蕎麦 Soba ရယ်、“生そば 草の居”(きそば くさのい)ခေါက်ဆွဲတို့ပဲ ဖြစ်ပါတယ်။

 

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

ယန်း ၁၁၀၀ ပေးရတဲ့ Zaru Soba မှာတော့ ပိုပြီးစားကောင်းစေမယ့် ဟင်းလျာကိုလည်း ထည့်ပေးထားပါတယ်။

 

 

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

Soba ခေါက်ဆွဲကို ၁၀၀ ရာခိုင်နှုန်း buckwheat စေ့အမှုန့်နဲ့ ပြုလုပ်ထားတာကြောင့်၊ စားလိုက်တဲ့အခါ ဖွယ်ဖွယ်ကြမ်းကြမ်း ဖြစ်နေသလို ခံစားရပါမယ်။ မြန်မာလူမျိုးအနေနဲ့ကတော့ ကြိုက်မယ်မထင်ပါဘူး။

ဒါပေမဲ့ သူ့ရဲ့အရသာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

 

ဒီဟာတစ်ခုတည်းပဲ မဟုတ်ပါဘူး။ Soba ဆိုင်မှာရနိုင်တဲ့ နောက်ထပ်နာမည်ကြီး အစားအစာတစ်ခုကတော့ ကြက်ဥကြော် ပဲဖြစ်ပါတယ်။

 

 

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

တောင်တန်းတွေရဲ့ ရှု့ခင်းကို လှမ်းမျှော်ရင်း စားရတဲ့အရသာကလည်း ချွင်းချက်တစ်ခုအနေနဲ့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အပြင်အဆင်ဘက်ကို ကြည့်မယ်ဆိုရင်လည်း အစားအသောက်ပန်းကန်တွေ၊ ခွက်တွေကအစ အားလုံးဟာ သူကိုယ်တိုင်လုပ်ထားတဲ့ လက်မှုပစ္စည်းတွေပဲ ဖြစ်ပါတယ်။

 

宮上さんMiyaue ဆိုသူကတော့ အောက်ပါပုံမှာ ဖော်ပြထားသူပဲ ဖြစ်ပါတယ်။

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

ဘာကြောင့်များ ဒီလိုနေရာမှာ Soba ဆိုင်ကို ဖွင့်ခဲ့ရတာလဲ…….?

အဲ့ဒီမေးခွန်းရဲ့ အဖြေဟာ အရမ်းစိတ်၀င်စားစရာ ကောင်းပါတယ်။

 

うどん、ラーメン တို့ဟာ မြို့ကဆိုင်တွေမှာစားလည်းပဲ ရပါတယ်။

ဒါပေမဲ့ 蕎麦 Soba ကတော့ သူနဲ့အတူ ခံစားပြီးလှမ်းမျှော်နိုင်မယ့် ရှု့ခင်းကလည်း လိုအပ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

သူဟာ ငြိမ်းချမ်းတဲ့ သဘာ၀ရှု့ခင်းအလှကို ခံစားရင်း 蕎麦 Soba ကို စားခဲ့ရလို့ပဲဖြစ်ပါတယ်။

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

ပိုက်ဆံလည်း အများကြီးမတတ်နိုင်တဲ့အတွက် ဈေးသက်သာတဲ့ပစ္စည်းတွေနဲ့ တစ်ယောက်တည်း ရှင်းလင်းပြင်ဆင်မှုကို အစပြုခဲ့ပါတယ်။ ကြွေထည်တွေကိုရောင်းပြီး ရလာတဲ့ ငွေအနည်းငယ်နဲ့ စက်အသေးလေးတွေကို ၀ယ်စုပါတယ်။ အဲ့ဒီလိုမျိုးနဲ့ပဲ ယခုအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

 

 

https://www.hotpepper.jp/mesitsu/entry/chie-yokota/2019-00065

 

宮上さんMiyaue ဟာ ပန်ကရိယကင်ဆာ ဖြစ်နေကြောင်းသိခဲ့ရပြီး၊ အဲ့ဒီကင်ဆာဟာ အတွင်းအင်္ဂါတွေအထိပါ လိုက်စားခဲ့တဲ့အတွက် ၁၂ နာရီအကြာ ခွဲစိတ်မှုကို ခံယူခဲ့ရပါတယ်။

ရောဂါကြောင့် ၂၀ ကီလိုဂရမ် ကျော်အထိ ပိန်ကျသွားပြီး နေမကောင်းဖြစ်နေရင်းနဲ့တောင် ဒီတောင်မှာရှိတဲ့ နေရာလေးကို၀ယ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီအတိုင်းပဲအသေခံသွားမလာ၊ ဂျပန်ရဲ့ နံပါတ်တစ် Soba ဆိုင်ကိုဖွင့်မလား……?

လို့ စဥ်းစားပြီး၊ ရှိသမျှအားအင်လေးနဲ့ ရှင်းလင်းပြုပြင်မှုတွေကို ဆက်ပြီးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

ယခုအချိန်ထိအရမ်းကြိုက်ပြီးစားနေကြတဲ့ Soba ရဲ့ အရသာကိုရော သတိထားမိကြရဲ့လား….?

Soba ဆိုရင်တော့ အရသာရှိမှာ မဟုတ်ပါဘူးလို့ မပြောဘဲ၊ တစ်ကြိမ်လောက်တော့ Soba ကို ဂျပန်မှာ သေသေချာချာ မြည်းစမ်းစားကြည့်စေချင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: