ဂျပန်မှာ စားလေ့ရှိတဲ့ ကဏန်း

စာဖတ်သူတို့ရေ ဂဏန်းကြိုက်ကြလား? မြန်မာမှာရှိတဲ့ ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေ မှာ ဘူဖေးသွားစားတဲ့အခါ ကဏန်းတွေ ပုစွန်တွေကို အများကြီး အပုံလိုက်ကြီး မှာစားကြတာ တော်တော်လေးတွေ့မိပါတယ်။
အနှစ်တွေ အသားတွေကို ထုတ်ယူပီးစားရတာ က ဒုက္ခတစ်ခုလိုဖြစ်ပေမယ့် တော်တော်လေး
အရသာရှိတဲ့ အစားအစာပါ။

ဂျပန်ရောက်တဲ့အခါ အခွင့်အရေးရရင်တော့ ဒီအရသာရှိတဲ့ ဂဏန်းကိုစားကြည့်ပါနော်။
မြန်မာနိုင်ငံနဲ့ လုံးဝကွဲပြားခြားနားတဲ့ဂဏန်းတွေ အများကြီးရှိလို့ပါ။

 

ズワイガニ (Zuwaigani) နှင်းကဏန်း

https://wow-j.com/jp/sp/Allguides/other/tips_manners/02064_jp/

ဂျပန်နိုင်ငံမှာ စားသုံးမှုအများဆုံး
ကဏန်းကတော့ နှင်းကဏန်းဖြစ်ပါတယ်။
ဂျပန်ရဲ့ အကြီးမားဆုံး ကဏန်းစျေးကွက်ရှိတဲ့ Hokkaido, Ishikawa နှင့်
Toyama အနီးနားမှ Shimaneခရိုင် အစရှိတဲ့ ဂျပန်ပင်လယ်ဘက်ခြမ်းတွေမှာ
ရယူနိုင်တဲ့ ကဏန်းဖြစ်ပါတယ်။

ကနေဒါကနေ တင်သွင်းတဲ့ ကဏန်းတွေလည်းရှိပါတယ်။
松葉ガニ(まつばがに)Matsuba ကဏန်းလို့ခေါ်တဲ့
နောက်ထပ်နာမည်လည်းရှိပါသေးတယ်။

Hokkaido က ထွက်တဲ့ ဂဏန်းရဲ့ အရသာကတော့ အနည်းငယ်ပေါ့ပေမယ့်လည်း အရည်များလို့ ဆာရှိမိလို အစိမ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ စားလေ့ရှိတဲ့စားပုံစားနည်းကတော့ ဆားပြုတ်ရည်ထဲကိုထည့်ပြုတ်ပြီး ဒီအတိုင်းစားရတာပါ။

https://www.666-666.jp/2512760000000000.html

ကဏန်းမှာပါဝင်တဲ့ အသားရဲ့ အရသာကိုအကောင်းဆုံးအရသာဖြစ်စေမယ့် စားပုံစားနည်းတောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အညွှန်းချင်ဆုံး တစ်ခုရှိသေးတယ်။

အဲဒါက Shabu-shabu ကဏန်း !

https://うなぎ.biz/2017/11/22/カニの美味しい食べ方【旬はいつ?】/

 

Shabu-shabu ဆိုတာက အများအားဖြင့် ရေပွက်ပွက်ဆူနေတဲ့
ဟင်းချိုထဲကို အမဲသားအနည်းငယ်ထည့်စိမ်ပြီး
မကျက်တကျက်ဖြစ်နေတဲ့ အချိန်လေးမှာစားရတဲ့ အစားအစာပေါ့။
ဒါက ကဏန်းဗားရှင်း။

အစိမ်းလည်းစားလို့ရတဲ့ ကဏန်းကို မသုံးလို့မရဘူးဆိုတဲ့အချက်တွေရှိပြီး စျေးကြီးမယ့်ပုံ ပေါက်ပေမယ့် အဲဒါက အရသာအရှိဆုံးစားပုံစားနည်းဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ ကဏန်းဘုရင် タラバガニ (Tarabagani)

https://www.zukan-bouz.com/syu/タラバガニ

အင်္ဂလိပ်လို  King Crab လို့ခေါ်ပြီးဘယ်လောက်ကြီးသလဲဆို ပုံမှာမြင်တဲ့အတိုင်းပါပဲ။

http://カニの通販.com/実食!訳ありタラバガニ!/北釧水産で購入しました!.php

ကဏန်းကြီးပဲစားတာနဲ့တင် ဗိုက်ပြည့်သွားမယ်။ ကဏန်းအသားလေးတွေက တင်းရင်းပြီး အရသာကလည်းရှိလွန်းလို့ ရှယ်ပဲ !

စားလို့ရတဲ့နေရာတွေအများကြီးရှိလို့ စားရတာ အရမ်းစိတ်ကျေနပ်မိစေပေမယ့်
အရသာက ရိုးရှင်းတော့ စားရင်းနဲ့ ပျင်းကောင်းပျင်းလာနိုင်မယ်လို့တော့ထင်တယ် . . .

ဒီကဏန်းရဲ့ အစားအများဆုံးစားပုံစားနည်းကလည်း ဆားပြုတ်ရည်ထဲကို ဒီအတိုင်းထည့်ပြုတ်ပြီး စားတာပါ။ Mayonnaiseလေးစမ်းပြီး မီးကင်စားရင်လည်း အရသာက ရှယ်ပါပဲနော်။

http://www17.plala.or.jp/harukitchen/tumami46.html

 

ပြီးတော့ တန်ပူရာလုပ်စားရင်လည်း တင်းကျပ်တဲ့ကဏန်းအသားရဲ့ အသစ်တဖန်အရသာကို မြည်းစမ်းကြည့်နိုင်ပါတယ်။ အရသာကတော့ ပြောစရာမလိုအောင် ကောင်းမှာ အသေအချာပဲ။ ဒီကဏန်းမျိုးကိုတော့ Hokkaido နဲ့ ရုရှားဘက်မှာ ရရှိနိုင်ပါတယ်။
ဂျပန်မှာ ကဏန်းစားမယ်ဆိုရင်တော့ အကောင်းဆုံးနေရာက Hokkaido ပါပဲ။

နောက်ဆုံးတစ်ခုကတော့ ကျွန်တော့်အကြိုက်ဆုံး အမွှေးကဏန်း 毛ガニ(けがに)

https://wow-j.com/jp/sp/Allguides/other/tips_manners/02064_jp/

 

ကဏန်းဖြစ်ပေမယ့် အမွှေးတွေရှိနေတယ်။
အရှေ့မှာပြခဲ့တဲ့ ကဏန်းဘုရင် タラバガニ (Tarabagani) တို့ ズワイガニ (Zuwaigani) နှင်းကဏန်း

 

တို့လောက် ကြီးမားတဲ့ အရွယ်အစားမဟုတ်ပေမယ့် အရသာကတော့ NO.1ပါ။
သူ့ရဲ့ ချိုမြိန်ပြီး ကြွယ်ဝတဲ့ ဂဏန်းအရသာကိုတော့ တွန်းလှန်နိုင်စွမ်းမရှိပါဘူး။
ကဏန်းမီဆိုအစာသွပ်ဆိုတဲ့ အရသာရှိတဲ့ စားပုံစားနည်းလေးကိုလည်း စားကြည့်ကြပါဦးလို့ ညွှန်းလိုက်ပါတယ်နော်။

http://かに通販おすすめ.jp/かにみそ全部入り!-毛ガニの甲羅酒/

 

ကဏန်းခွံထဲမှာ မီဆိုရယ် ကဏန်းခြေထောက်ထဲကအသားအနှစ်တွေရယ် ဂျပန်အရက်နည်းနည်းရယ်ကိုထည့်ပြီး မီးကင်စားရတာပါ။ 甲羅焼き(こうらやき)Kourayaki လို့ခေါ်တဲ့စားပုံစားနည်းနဲ့ အမွှေးကဏန်း 毛ガニ(けがに)ကိုလုပ်စားရတာကတော့ တကယ့်ကို ဆွေမျိုးမေ့ပြီး ကြွေဆင်းသွားစေမယ့်အရသာပါနော်။

ပြီးတော့ Kourayaki ကိုလုပ်စားတဲ့အခါ နောက်ထပ် နည်းလမ်းတစ်ခုရှိပါသေးတယ်။ Kourayaki စားတဲ့အခါ ကဏန်းမီဆိုအစာသွပ်ကိုအနည်းငယ် ချန်ထားပေးပါ။ အဲဒီအထဲကို ဂျပန်အရက်လောင်းထည့်ပြီး မီးကင်ပေးပြီး ပွက်ပွက်ဆူလာတဲ့အခါမှာတော့ သောက်ကြည့်လိုက်ပါ။ ကဏန်းမီဆိုရဲ့ ရနံ့မွှေးမွှေးလေး နဲ့ သင်းပျံ့တဲ့ ဂျပန်အရက်ရနံ့တို့ ပေါင်းစပ်ပြီး သင့်ကို အကောင်းဆုံးကဏန်းကောင်းကင်သို့ဆောင်ကျဉ်းပေးမှာပါအသေအချာပါပဲ။

အကောင်းဆုံးအရသာရှိတဲ့ အမွှေးကဏန်းဖြစ်ပေမယ့် အားနည်းချက်တစ်ခုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရသာရှိတဲ့အသားနဲ့ အနှစ်တွေကသေးငယ်တဲ့ခန္ဓာကိုယ်ထဲမှာတင်းကျပ်စွာထုပ်ပိုးထားလို့ပါပဲ။

စားဖို့အတွက် လုပ်ရတာအပူတပြင်းပါပဲ။စိတ်ရှည်ဖို့လိုပါတယ်။
စားနေရင်း သတိထားမိတဲ့အခါ ဘယ်သူမှစကားမပြောဖြစ်တဲ့ အချိန်‌များပါတယ်။

အဲဒါကြောင့် အကယ်၍ အလေးအနက်ပြောရမယ့် မိတ်ဆုံစားပွဲတွေမှာ အမွှေးကဏန်းကိုရှောင်တာက  ပိုပြီး အဆင်ပြေပါတယ်။
ဆွေးနွေးပြီးတဲ့နောက်မှ  အမွှေးကဏန်းကို စကားမပြောပဲ တိတ်ဆိတ်စွာ ခံစားစားသုံးကြပါ။

 

မြန်မာမှာ‌တော့ ဂျပန်လောက်ထူးခြားတဲ့ ကဏန်းတွေ သိပ်ပြီးစားလေ့မရှိဘူးလို့ထင်ပါတယ်။ ဂျပန်‌ရောက်ရင်တော့ သေချာပေါက် စားကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: