ဒီလိုဆိုင်နာမည်မျိုးရှိတာလား??

ဂျပန်လူမျိုးတွေဟာ မြန်မာလူမျိုးတွေထက် စားသောက်ဆိုင်ရဲ့အမည်နာမည်တွေနဲ့ပတ်သက်ရင် စွဲစွဲမြဲမြဲရှိတတ်ပုံပေါ်ပါသည်။ ‌‌‌ဒေသအသီးသီးမှာ ‌‌ဒေသထွက်အထူးထုတ်ကုန်ရှိပြီး အဲ့ဒီဒေသနာမည်က ဆိုင်နာမည်ဆိုပြီး  အရသာရှိတယ်လို့တွေးမိကြမှာပါ။ ဒီလိုမျိုးတွေရောရှိပါ့မလား?

 

築地銀だこ (Tsukiji Silver Dako)

 

https://www.0101.co.jp/052/shop-guide/shop-detail.html?shop_id=76

 

Takoyaki လို့ဆိုလိုက်တာနဲ့ အိုဆာကာြမို့ရဲ့အစားအစာဆိုတာသိကြမှာပါ။ ဒီဆိုင်ကတော့ အိုဆာကာမြို့ရဲ့နာမည်နဲ့တော့မဟုတ်ပါဘူး။

Takoyaki ကိုကင်တဲ့ 鉄板 (Iron Plate) ထဲကို ဆီတစ်၀က်လောက်လောင်းထည့်ပီး ကြွပ်ကြွပ်‌လေးဖြစ်အောင်ကင်ထားတဲ့ 銀だこ (GinDako) ဖြစ်ပါတယ်။

https://www.gindaco.com/gindaco/

ဒီလိုအရာမျိုးကိုကတော့ Takoyaki မဟုတ်ဘူးဆိုပီး Kansai ကလူအများစုကပြောကြပေမဲ့ ဂျပန်မှာတော့ အကြီးမားဆုံး Takoyaki ဆိုင်ခွဲဖြစ်ပါတယ်။

築地(つきじ) Tsukiji ဆိုတဲ့ဒေသနာမည်ကိုထည့်ထား‌ပေမယ့် အဲဒါက အိုဆာကာမဟုတ်ဘဲ တိုကျိုမြို့က ‌ဒေသတစ်ခုဖြစ်ပါတယ်။ Tsukiji‌‌‌ဒေသဟာ ကမ္ဘာကျော်ငါးစျေးကွက်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး လတ်ဆက်တဲ့ရေဘ၀ဲတွေရှိတဲ့နေရာတစ်ခုပါ။

မူလအစပြုခဲ့တဲ့နေရာကတော့ Gunma စီရင်စုမှဖြစ်ပီး Tsukiji, Tokyoတို့နှင့်ပတ်သက်မှုမရှိဘဲ ပင်လယ်မရှိသည့်ခရိုင်တစ်ခုဖြစ်ပါတယ်။။

 

 

鎌倉パスタ (Kamakura Pasta)

https://dpoint.jp/store/item/index.html?id=8124

လှပတဲ့ပုံရိပ်လေးနဲ့ Pasta ခေါက်ဆွဲလေးဖြစ်တဲ့အပြင် Kamakura လို့ခေါ်တဲ့‌‌ဒေသရဲ့ လှပတဲ့ခံစားချက်လေးလည်းပါရှိတဲ့ Kamakura Pasta ခေါက်ဆွဲလေးပဲဖြစ်ပါတယ်။

 

https://www.saint-marc-hd.com/kamakura/menu/309/

Kamakura ဆိုတာ Kanagawa စီရင်စုခရိုင်တွင်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုနှင့်ဖက်ရှင်ဒီဇိုင်းကိုပေါင်းစပ်ထားသော Kanagawa ခရိုင်ရဲ့ အလွန်ကောင်းမွန်သောနေရာတစ်ခုဖြစ်ပါတယ်။

ဆိုင်ရဲ့နာမည်ကဖက်ရှင်ကျပြီး လှပတဲ့ခံစားမှုမျိုးလည်းရှိပါတယ်။

မွေးရပ်မြေမှာ Okayama စီရင်စုဖြစ်ပြီး Okayama ကနေ Kamakura ကိုဆိုရင်တော့ အတော်လေး‌‌‌ဝေးပါတယ်။

 

 

道とん堀(どうとんぼり) Dotonbori

https://www.hotpepper.jp/strJ000020369/

Okonomiyakiလို့ဆိုပါက အိုဆာကာကနာမည်ကြီးသည်။ Dotonbori မြစ်ဟာ အိုဆာကာအလယ်ပိုင်းကိုစီးဆင်းသွားပြီး အိုဆာကာ Dotonbori ရဲ့အနီးနားမှာ စတင်ဖြစ်ပေါ်လာတဲ့ Okonomiyaki ပါလားလို့တွေးမိစေပေမယ့် ….

https://park.ajinomoto.co.jp/recipe/card/703782/

တကယ်က တိုကျိုမြို့ ဖြစ်ပါတယ်။တိုကျိုမှာက Dotonburi ဆိုတဲ့မြစ်တော့ မရှိပါဘူး။

 

バーミヤン (Bamiyan)

https://omocoro.jp/bros/kiji/189576/

 တရုတ်အစားအစာများနှင့်ပေါင်းစပ်ထားတဲ့ဆိုင်ဖြစ်ပြီး ဂျပန်နိုင်ငံတစ်ဝှမ်းလုံးမှာ Hotဖြစ်လျက်ရှိသော バーミヤン (Bamiyan) ဆိုင်ဖြစ်ပါတယ်။

https://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=2ahUKEwj80PiE4_3kAhVYXn0KHd29AUwQjB16BAgBEAM&url=https%3A%2F%2Fgigazine.net%2Fnews%2F20171128-bamiyan-ramen-fair%2F&psig=AOvVaw2UphjsFA-gwl1IlaZofVMj&ust=1570112506874177

စျေးနှုန်းလည်းချိုသာပြီး အရသာလည်းရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်တာကြောင့် တရုတ်အစားအစာလို့ ထင်မိစေမှာပါ။တကယ်တမ်းရှာဖွေလေ့လာကြည့်လိုက်တော့ အာဖဂန်နစ္စတန်ရှိတဲ့ မြို့တစ်မြို့နာမည် ဖြစ်နေပါတယ်။

 

丸亀製麺(まるがめせいめん)

http://unimo-chiharadai.com/shopguide/detail/?id=49

Marugame မှာတော့ Udon က အလွန်အရသာရှိလှပီး Kagawa စီရင်စုမှာရှိတဲ့ Marugame မြို့ ကိုမြင်ယောင်မိစေပါသည်။

http://unimo-chiharadai.com/shopguide/detail/?id=49

သို့သော်…ဒီအစားအစာဟာ Hyogo ခရိုင်ကနေအစပြုခဲ့တာပါ။

နာမည်တွေနဲ့ ဘယ်လိုတောင် အလှည့်စားခံလိုက်ရတာ ကျွန်တော်တစ်‌ယောက်တည်းပဲလား ? ? ?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: