အဝစားအသားကင္ဆိုင္မွာ ဘယ္လိုတန္ေအာင္စားမလဲ ? ?

အဝစားအသားကင်ဆိုင်မှာစားမယ်ဆိုရင် ယန်း ၃၀၀၀ လောက်ရှိပါတယ်။

http://ure.pia.co.jp/articles/-/23649

ဂျပန်နိုင်ငံရဲ့နေရာတိုင်းမှာ အသားကင်ဆိုင်တွေရှိပြီး ဈေးနှုန်းတွေလည်းအမျိုးမျိုးရှိပါတယ်။

ဘယ်လောက်လောက်စားနိုင်မှတန်မှာလဲ? မဟုတ်သေးဘူး ဘယ်လောက်တောင်စားလိုက်မှ ဆိုင်ရှင်ကရှုံးပြီးလို့တွက်မလဲဆိုတာကို သိပါသလား?

500g လောက်လား?

မဟုတ်သေးပါဘူး 1kg လောက်လား? ?

ဆိုင်ကိုလိုက်ပြီး အသားတွေရဲ့ဈေးနှုန်းတွေကွာခြားတယ်ဆိုပေမယ့် ဝယ်ယူတဲ့ကုန်ကျစရိတ်က ခန့်မှန်းချေ ၁ ဂရမ်ကို ၁ ယန်းလောက်ပေးရပါမယ်။

အတွက်အချက်ကျွမ်းကျင်တာတော့မဟုတ်ပါဘူး။ ၁ ဂရမ်ကို ၁ ယန်းဆိုတော့ ၁ ကီလိုဂရမ်လောက်စားလိုက်မယ်ဆိုရင် ယန်း ၁၀၀၀ လောက်တော့ရှိမှာပေါ့နော်။

အသားချည်းပဲ ၁ ကီလိုဂရမ်ဆိုရင် ပုံမှန်လူတွေမစားနိုင်ပါဘူး။

ဒါဆို အရှုံခံပြီးသွားစားရတော့မှာပေါ့ ?

 

အရင်ဆုံး မစားချင် မိနစ် ၂၀ လောက်မှာ black coffee တစ်ခွက်လောက်သောက်ထားပါ။

အစာအိမ်ရဲ့အက်စစ်ထုတ်လုပ်မှုကိုအားပေးတာကြောင့် စားချင်စိတ်ကိုမြင့်တင်ပေးပါတယ်။

နောက်ပြီး အဝစားဆိုင်ကိုသွားမယ်ဆိုရင် ထမင်းတစ်နှပ်မစားဘဲနေပါ။

ညနေဘက်မှာသွားမယ်ဆိုရင် နေ့လည်စာမစားဘဲနဲ့နေပါ။

ပြီးရင်တော့ အားရပါးရဆွဲလိုက်ပါတော့

ဒါဆို ဘယ်လိုအသားတွေကိုရွေးစားရမလဲ?

နာမည်အကြီးဆုံးကတော့ ဒီအဆီများများပါတဲ့ Galbi ဖြစ်ပါတယ်။

https://www.gyukaku.ne.jp/sp/menu/item/1/2/323

 

၁ ဂရမ်ကို ယန်း ၀.၇ ယန်းပဲရှိပါတယ်။ ဒီတစ်မျိုးတည်းစားလို့မဖြစ်သေးဘူးနော်။

 

အမဲလျှာဆိုရင်တော့ မိန်းကလေးတွေ တော်တော်များများကြိုက်ကြပါတယ်။

https://www.gyukaku.ne.jp/sp/menu/item/1/1/10/

 

တစ်ဂရမ်ကို ၁ ယန်း ၂ ယန်းလောက်ရှိပါတယ်။

ဒါတော့နည်းနည်းဈေးကြီးတယ်နော်။

 

ဝက်အဆီအသား

အသားထက်တောင်ဈေးသက်သာမယ်ထင်လိုက်မိပါတယ်။

https://www.gyukaku.ne.jp/sp/menu/item/1/7/25/

 

၁ ဂရမ် ကို ၂ယန်းပါ။ ဝက်အဆီကြိုက်ရှိတော့ စားသင့်တယ်နော်။

 

နောက်ပြီး ဂျပန်နိုင်ငံမှာက ဟင်းသီးဟင်းရွက်တွေလည်း ဈေးကြီးပါတယ်။ ဟုတ်ပါတယ်၊ အသီးအရွက်တွေ ကင်စားတာလည်းစားလို့ကောင်းပါတယ်။

https://www.gyukaku.ne.jp/sp/menu/item/4/40/

 

အထူးသဖြင့်မှို၊ ခရမ်းချဥ်သီး စတာတွေက ဈေးကြီးပါတယ်။ ဒါပေမယ့် အသားကင်စားဖို့သွားတာဆိုတော့ အရွက်ချည်းပဲစားနေလို့တော့ မဖြစ်သေးဘူးနော်။

ဟင်းရည်နဲ့ အချိုပွဲတွေကလည်း ဈေးအသက်သာဆုံးဖြစ်ပါတယ်။ လက်နဲ့ထိမိလို့တောင်မရပါဘူး။

 

ဘယ်လောက်ပဲကြိုးစားကြိုးစား ဆိုင်ရှင်ကြီးအရှုံးပေါ်တဲ့ထိစားနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ကြိုးစားပြီးအနိုင်ယူမယ်ဆိုရင်လည်း စားတာများပြီး နေထိုင်မကောင်းဖြစ်တတ်တယ်နော်။

အသားကင်ဆိုင်မှာ အမြတ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တန်အောင် ပျော်ပျော်ကြီးစားခဲ့ကြပါနော်။

kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: