ဂျပန်လူမျိုးတွေ ဘာကြောင့် ခရစ်စမတ်မှာ ကြက်ကြော်စားတာလဲ ?

မကြာခင်မှာ ခရစ်စမတ်ရောက်တော့မယ်နော်။

စာဖတ်သူတို့ရော ဒီနှစ်မှာ ဘယ်သူတွေနဲ့ ဘယ်ကိုသွားပြီး ဘာတွေလုပ်မယ်လို့ စိတ်ကူးထားပြီးပြီလား?

ဒီတစ်ခေါက်မှာတော့ ဂျပန်လူမျိုးတွေ ခရစ်မတ်ပွဲတော့ကျင်းပတဲ့အခါမှာ ထူးခြားတဲ့ကိုယ်ပိုင်ယဥ်ကျေးမှုအကြောင်းကို ပြောပြပါ့မယ်။

ဂျပန်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေနည်းတယ်ဆိုပေမယ့်လည်း ခရစ်စမတ်ပွဲတော်ကို ဘာကြောင့်စည်စည်ကားကားကျင်းပရလဲဆိုတဲ့ အကြောင်းအရင်းကို နားမလည်တဲ့သူတွေများပေမယ့် မိသားစု ဒါမှမဟုတ် ချစ်သူကောင်လေး၊ကောင်မလေးတွေနဲ့ ကျော်ဖြတ်ကြတာဟာ ခရစ်စမတ်ယဥ်ကျေးမှုတစ်ခုလိုဖြစ်နေပါတယ်။

https://michill.jp/author/column/5004

အထူးသဖြင့် ချစ်သူကောင်လေးတွေက သူ့ရဲ့ချစ်သူကောင်မလေးကို လက်ဆောင်ပေးရမယ့်နေ့ဖြစ်ပြီး ခရစ်စမတ်နေ့မတိုင်ခင် အကြိုနေ့မှာလည်း ကိုယ့်ရဲ့ချစ်သူနဲ့ ချိန်းတွေ့ကြရင်း ခရစ်စမတ်အစားအစာတွေကို စားသုံးကြပါတယ်။

ခရစ်စမတ်ကိတ်မုန့်စားတယ်ဆိုတာကို နာလည်လို့ရပေမယ့် ဘာလို့ကြက်ကြော်စားကြတာလဲနော်?

https://michill.jp/author/column/5004

 

ဟုတ်ပါတယ်၊ ဂျပန်နိုင်ငံမှာ ခရစ်စမတ်လို့ပြောလိုက်တာနဲ့ ကြက်ကြော်ကို အရင်ပြေးမြင်မိကြမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာဆိုရင်တော့ ကြက်ဆင်ကို ခရစ်စမတ်ဟင်းလျာအနေနဲ့စားသုံးကြပေမယ့် ဂျပန်ရောက်တော့ဘယ်လိုလုပ် ကြက်ကြော်ဖြစ်သွားရလဲ ?

ဒီလိုဖြစ်စေခဲ့တာကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ KFC ပဲဖြစ်ပါတယ်။

https://michill.jp/author/column/5004

ဂျပန်နိုင်ငံမှာ KFC ကြက်ကြော်ဆိုင်က ၁၉၇၀ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းက ဂျပန်နိုင်ငံဟာ အရိုးနဲ့အသားတွဲပြီးစားတဲ့ ယဥ်ကျေးမှုမျိုးမရှိခဲ့တာကြောင့် အမေရိကန်နိုင်ငံကနေ ဝင်ရောက်လာခဲ့တဲ့စားစရာဟာ လူကြိုက်များတဲ့အစားအစာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီလိုလူကြိုက်များနေတဲ့အချိန်မှာ ဂျပန်နိုင်ငံမှာ လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားတစ်ဦးက ဒီလိုပြောခဲ့ပါတယ်။

 

ဂျပန်နိုင်ငံမှာ ကြက်ဆင်တွေမရှိလို့ KFC ကြက်ကြော်နဲ့ပဲ ခရစ်စမတ်ပွဲတော်ကျင်းပကြစို့

ဒါကိုကြားတဲ့ ဂျပန် KFC ဝန်ထမ်းဟာ စီးပွားရေးတစ်ခုအနေနဲ့ စတင်အသုံးချခဲ့ရာ အချိန်ကြာကြာရပ်တည်နိုင်လာခဲ့ပြီး ယဥ်ကျေးမှုတစ်ခုအနေနဲ့ဖြစ်လာခဲ့ရပါတယ်။

ခရစ်စမတ်ရာသီရောက်ပြီဆိုရင် KFC မှာ အော်ဒါမှာထားတဲ့ဆိုင်တွေများတဲ့အပြင် စူပါမားကတ်တွေမှာလည်း ကြက်ကြော်တွေချည်းပါပဲ။

https://itoh.undine-noah.com/2015/12/

ဒါနဲ့ ကြက်ကြော်ဆိုပေမယ့်လည်း ကြက်ကင်ဆိုလည်းရပါတယ်။ စာအုပ်တွေထဲမှာ အမျိုးမျိုးမှတ်တမ်းတင်ထားတာတွေရှိပေမယ့် ခရစ်စမတ်ကြက်သားလို့ပဲ သတ်မှတ်ထားခဲ့တာဖြစ်လို့ ကြက်သားဖြစ်ရင် ပြီးပါတယ်။

ခရစ်စမတ်အကြိုညမှာ Santa Claus က မီးခိုးတိုင်ထဲကနေ ဝင်လာပြီး ကလေးတွေအတွက်လက်ဆောင်ထားခဲ့ပြီးရင် ပြန်သွားတယ်လို့ ငယ်ငယ်တုန်းက ယုံခဲ့မိပေမယ့် ဂျပန်အိမ်တွေမှာ မီးခိုးတိုင်လည်းမရှိသလို ရထားလုံးကြီးမောင်းနှင်ဖို့ မြို့ထဲမှာနှင်းတွေရှိမနေနပါဘူး။

တိုကျိုမှာ Santa Claus ဖိုးဖိုးကြီး ဗိုက်ဆာနေခဲ့ရင်

ကလေးဘဝတုန်းက Santa Claus ဖိုးဖိုးကြီး တကယ်ရှိတယ်၊ မရှိဘူးဆိုတာကိုကြည့်ပြီး ကလေးလူကြီးခွဲလို့ရပါတယ်။

“မင်း Santa Claus ရှိတာကို ယုံနေတုန်းပဲလား ? တကယ်ကို ကလေးလေးပဲ !”

မြန်မာနိုင်ငံမှာရော ခရစ်စမတ်ဆိုရင်ဘာတွေလုပ်ကြလဲ ? ကောမန့်မှာရေးခဲ့ပါနော် …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: