Super Food အနေနဲ့ ကမ္ဘာအနှံ့မှာ လူသိများလာတဲ့ Natto

Natto ကို စားနိုင်ကြရဲ့လား?

https://news.livedoor.com/article/detail/15411842/

ကြည့်ရုံနဲ့တင် ရွံတယ်…လို့ပြောတဲ့ လူကများမယ်လို့ ထင်ပါတယ်။

နံကနံသေး၊ ပြီးတော့ ချွဲကျိကျိဖြစ်နေတာကြီးက ရွံစရာကောင်းတယ်။

ဟုတ်ပါပြီ။

ဒါပေမယ့် Natto လောက် ဈေးချိုပြီး အဟာရလည်းဖြစ်၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ အစားအစာဆိုတာ ရှားပါတယ်နော်။

အဲ့ဒါကြောင့်လည်း နိုင်ငံခြားအထိပါ ပျံ့နှံ့ပြီး လူသိများလာတာပါ။

 

အမျိုးသမီးတွေအတွက် အကျိုးရှိတဲ့ Natto

 

 

https://news.livedoor.com/article/detail/15411842/

Natto မှာ Isoflavone လို့ခေါ်တဲ့ ဓာတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ဒီဓာတ်ဟာ အမျိုးသမီးတွေအတွက် လွန်စွာ အကျိုးရှိပါတယ်။

ကျန်းမာတဲ့ အသားအရည်၊ အသားအရည် ပြည့်တင်းစေခြင်း၊ အိုးမင်းရင့်ရော်မှု ကို ကာကွယ်ခြင်း၊ ဟော်မုန်းဓာတ်ထိန်းညှိပေးခြင်း စတဲ့ ဓာတ်တွေပါဝင်တဲ့ Estrogen ဓာတ်နဲ့ ဆင်တူတဲ့ အကျိုးတွေ Natto မှာ ရှိပါတယ်။

Natto ကို စားရင် လှလာမှာ အသေအချာပါပဲ။

 

ဝမ်းချုပ်မှာ မပူရတော့ခြင်း

 

https://news.livedoor.com/article/detail/15411842/

Natto မှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် ဝမ်းချုပ်ခြင်းကို ပျောက်ကင်းအောင်လုပ်ရာမှာ အသုံးဝင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

အမျိုးသမီးအများစုဟာ ဝမ်းချုပ်မှာကို ပူပန်နေကြရပါတယ်။

ကန်စွန်းဉ၊ မုန်ညှင်းဖြူ၊ burdock စတဲ့ အသီးအနှံတွေမှာလည်း အမျှင်ဓာတ်များစွာပါဝင်ပေမယ့် တကူးတက ချက်စားမှ ရပါတယ်။

Natto ကိုတော့ ရေခဲသေတ္တာထဲ သိမ်းထားပြီး၊ ထမင်းပူပူနွေးနွေးလေးပေါ်မှာ တင်ပြီးစားရုံပါပဲ။

လွယ်လွယ်ကူကူ စားလို့ရတဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

 

ကူးစက်ရောဂါခုခံစွမ်းအား ကောင်းလာခြင်း

 

https://news.livedoor.com/article/detail/15411842/

Natto  မှာ အူအတွင်းပိုင်းကို ထိန်းညှိပေးတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။

ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပြီး၊ ဖျားနာတာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အပြင် Nattokinase ဆိုတဲ့ ဓာတ်ပါဝင်တဲ့အတွက်ကြောင့် သွေးကို ပိုပျစ်လာစေပြီး သွေးကြောအတွင်းပိုင်း ပြဿနာတွေကို ဖြေရှင်းနိုင်ပါသေးတယ်။

၎င်းဟာ ဦးနှောက်သွေးယိုစီးမှု စတဲ့ သေစေနိုင်လောက်တဲ့ ရောဂါတွေ ဖြစ်စေတဲ့ အရင်းအမြစ်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

ဒီလို အကျိုးကျေးဇူးတွေကြောင့် ကမ္ဘာအနှံ့မှာ လူသိများလာတဲ့ Natto ဟာ ကိုရီးယားနိုင်ငံထုတ် စားသောက်ကုန်အနေနဲ့ ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးနေပါတယ်။

Natto ဆိုတာ ကိုရီးယားနိုင်ငံက ဖြစ်လာတာလို့ ပြောနေတဲ့ လူတွေလည်း ရှိတဲ့ပုံပါပဲ။

Natto ကို ကမ္ဘာတစ်ဝန်းမှာ ရောင်းချပြီး စားသုံးသူတွေ ကျန်းမာလာတာက ကောင်းပေမယ့်၊ အဲ့ဒီလို ခေတ်စားနေတဲ့ အချိန်ကောင်းကို လိုက်ပြီး မဟုတ်မမှန် ပြောဆိုနေတာကတော့ အဆင်မပြေပါဘူး…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: