“God of Ramen” ကချက်တဲ့ Ramen အကြောင်းနည်းနည်းပြောမယ်

ဂျပန်ရဲ့အရသာရှိတဲ့အစားအစာဆိုရင် အများကြီးရှိပေမဲ့ အဲဒီထဲမှာ Ramen ကိုသတိထားမိတဲ့လူများတယ်နော်။

Tsukemen လည်း အရမ်းစားလို့ကောင်းတယ်နော်။

(Tsukemen ဆိုတာက ခေါက်ဆွဲ နဲ့ အရည် ကို ခွဲထားတဲ့ခေါက်ဆွဲဖြစ်ပါတယ်။ ခေါက်ဆွဲကို အရည်နဲ့တို့ပြီး စားရပါတယ်။)

ဒီဆောင်းပါးကိုဖတ်နေတဲ့မြန်မာလူမျိုးထဲမှာလည်း Ramen ကိုချစ်တဲ့လူများတယ်ထင်တယ်။

ဒီနေ့ကတော့ အဲလို Ramen ကိုအရမ်းချစ်တဲ့လူတွေအတွက် Ramen ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

 

ဆိုင်နာမည်က 「東池袋 大勝軒」( Higashi-Ikebukuro TAI SHO KEN ) ဖြစ်ပါတယ်

TAI SHO KEN ဆိုတာကအခု တစ်နိုင်ငံလုံးဒေသအသီးသီးမှာ ဆိုင်ခွဲရှိပါတယ်။

ဒီဆိုင်ကို ဖွင့်တဲ့လူနာမည်က Yamagishi Kazuo လို့ခေါ်ပါတယ်။

https://images.app.goo.gl/hce7QYhJnN17zYJ86

အံ့သြစရာကောင်းတာကတော့ သူဟာ “ ラーメンの神様 ( God of Ramen )” အနေနဲ့ အရမ်းနာမည်ကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူကဂျပန်မှာ Ramen၊ အထူးသဖြင့် Tsukemen ကို ကျယ်ပြန့်ခဲ့တာကိုကူညီပေးလို့ပါ။

အဲဒါကြောင့် God of Ramen တင်မကဘဲ၊ “ つけ麺の元祖 ( The origin of Tsukemen ) “ ဒါမှမဟုတ် “ つけ麺の生みの親 ( Creator of Tsukemen )” လို့ခေါ်ကြပါတယ်။

 

ဘာဖြစ်လို့ သူက God of Ramen အနေနဲ့ နာမည်ကြီးသလဲ။

သူချက်တဲ့ Ramen ကအရသာရှိတာက သဘာဝအတိုင်းပါပဲ။

ဒါတင်မကဘဲ၊ သူရဲ့ သဘောကောင်းမှုလည်း ဆိုင်တယ်ထင်တယ်။

Yamagishi san က လူငယ်တုန်းက ဆင်းရဲလို့   ဗိုက်ပြည့် တဲ့အထိထမင်းစားနိုင်သလောက်ပိုက်ဆံမရှိဘူးတဲ့။

အဲဒါကြောင့် ဧည့်သည်တွေက ဗိုက်ပြည့်တဲ့အထိစားနိုင်အောင် ခေါက်ဆွဲပမာဏကို တခြား Ramen ဆိုင်တွေ ထက်ပိုများအောင် လုပ်နေတယ်တဲ့!

အရင်တုန်းက လုံးဝပိုက်ဆံမရှိတဲ့လူငယ်တွေအတွက် တခါတလေအလကားကျွေးလေ့ရှိပါတယ်တဲ့!

ပြီးတော့ Yamagishi san က သူ့ဆိုင်မှာအလုပ်လုပ်တဲ့အလုပ်သင်က ကိုယ့်ဆိုင်ဖွင့်ဖို့ လွတ်လပ်တာလည်း ခွင့်ပြုတယ်လို့ကြားတယ်။

ဒါကြောင့် အဲဒီအလုပ်သင်တွေအတွက် TAI SHO KEN က တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး အခုဆိုရင် ဂျပန်နိုင်ငံမှာလူကြိုင်များတဲ့ Ramen ဆိုင်တစ်ဆိုင်ဖြစ်လာပါတယ်။

ဒီတစ်ခေါက်မှာ Ochanomizu TAI SHO KEN လို့ခေါ်တဲ့ ဆိုင်ခွဲကို ရောက်လာခဲ့ပါတယ်။

 

TAI SHO KEN ဆိုတာကတူပေမဲ့ အရသာက ဆိုင်ခွဲနဲ့လိုက်ပြီး နည်းနည်းကွာပါတယ်။

ဒီဆိုင်ခွဲရဲ့ Tsukemen ကတော့ အရသာကနည်းနည်းပေါ့လို့ ငန်တဲ့အရသာမကြိုက်တဲ့လူအတွက်လည်း စားရလွယ်တယ်လို့ထင်ပါတယ်။

အရမ်းစားလို့ကောင်းပါတယ်။

 

Yamagishi san က ၂၀၁၅ နှစ်မှာ ဆုံးသွားပါပြီ။

အခု Higashi-Ikebukuro TAI SHO KEN ကို ဒုတိယမျိုးဆက်မန်နေဂျာက စီမံခန့်ခွဲနေပါတယ်။

ဒါပေမဲ့ “ God of Ramen” ကဖွင့်တဲ့ဆိုင်မှာ စားလို့အကောင်းဆုံး Ramen စားဖို့လာခဲ့ပါနော်။

ပင်ရင်းဆိုင်ဖြစ်တဲ့ Higashi-Ikebukuro TAI SHO KEN နဲ့ ဒီတစ်ခေါက်သွားတဲ့ဆိုင်ခွဲတစ်ခုဖြစ်တဲ့ Ochanomizu TAI SHO KEN ရဲ့ လိပ်စာ နဲ့ Wesite link ကို အောက်မှာရေးထားပါမယ်။

 

 

東池袋店 ( Higashi-Ikebukuro TAI SHO KEN )

http://www.tai-sho-ken.com/top.html

2-42-8, Minamiikebukuro, Toshima Ku, Tokyo To, 171-0022, Japan

 

 

御茶ノ水店 ( Ochanomizu TAI SHO KEN )

http://www.taisho-ken.tokyo/index.html

2F, Suda Bld., 3-1-5, Kandaogawamachi, Chiyoda Ku, Tokyo To, 101-0052, Japan

 

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: