ဆောင်းတွင်းမှာ အပျော်တမ်းငါးမျှားကြမယ်

ဒီလိုပုံမျိုး မြင်ဖူးလား ?

https://srdk.rakuten.jp/entry/2017/02/22/110000

ဒီလောက်အေးတဲ့ကြားထဲက ဘာလုပ်နေကြတာလဲ? လို့ပြောချင်လောက်စရာ ဓာတ်ပုံဆိုပေမယ့် ဒါကဂျပန်ဆောင်းတွင်းရဲ့ ပျော်စရာထဲကတစ်ခုဖြစ်တဲ့ ငါးဖမ်းနည်းတစ်ခုပါ။

ဒီလောက်ထိ ကြိုးစားပြီးဖမ်းနေရာ စားလို့ရောကောင်းပါ့မလား?

ဒါနဲ့ Wakasagi ဆိုတာက ဘာလဲဆိုတာ ပြောပြမယ်နော်။

https://www.naturum.co.jp/contents/scene/wakasagi/

Wakasagi ဆိုတာက အပေါ်ကပုံထဲမှာပါတဲ့ ငါးလေးတွေဖြစ်ပြီး အရွယ်အစားက ၁၀ ကနေ ၁၅ စင်တီမီတာလောက်ပဲရှိပါတယ်။ နွေရာသီလောက်မှာ ဥဥတာဖြစ်ပြီး တော်တောများများက တစ်နှစ်သက်တမ်းလောက်ပဲရှိတဲ့ ငါးလေးတွေဖြစ်ပါတယ်။

ဆောင်းတွင်းမှာ Wakasagi ငါးတွေဟာ ညှီနံ့မထွက်ဘဲ အရသာအရှိဆုံးရာသီဖြစ်ပါတယ်။ ဒါပေမယ့် ရေခဲအောက်မှာရှိနေတာကြောင့် အပေါ်မှာပြခဲ့သလိုပုံစံမျိုးနဲ့ ငါးမျှားကြရတာဖြစ်ပါတယ်။

ဘယ်လိုဖမ်းလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

အရင်ဦးဆုံး ဖောက်စက်နဲ့ ရေခဲတွေကိုအပေါက်ဖြစ်အောင်ဖောက်လိုက်ပြီး ထွက်လာတဲ့ရေခဲတွေကို ဖယ်လိုက်တဲ့အခါမှာ ငါးမျှားလို့ရတဲ့အခြေအနေဖြစ်သွားပါတယ်။

https://srdk.rakuten.jp/entry/2017/02/22/110000

 

လေတိုက်လွန်းလို့အေးတာကြောင့် တဲလေးထိုးပြီး ငါးမျှားကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲငါးဖမ်းကြပါပြီ။

https://srdk.rakuten.jp/entry/2017/02/22/110000

ငါးလေးတွေက သေးသေးလေးဆိုတော့ ငါးမျှားတံတွေကလည်း သေးသေးလေးတွေပေါ့နော်။

ဖမ်းလို့ရလာတဲ့ ငါးလေးတွေကလည်း သေးသေးလေးတွေပါပဲ။

ညစာအတွက်ဆိုဘယ်နှစ်ကောင်လောက်ဖမ်းမိမလဲ ? ?

https://srdk.rakuten.jp/entry/2017/02/22/110000

 

မျှားလို့ရလာတဲ့ငါးလေးတွေကို တစ်ခါတည်း ဒီလို တန်ပူရာငါးကြောလုပ်စားလိုက်ပါတယ်။

https://trippiece.com/plans/19903/view/

ရေခဲပေါ်က အအေးဒဏ်ကို အံတုရင်းနဲ့ ငါးကြော်ပူပူလေးကိုစားရတဲ့အရသာပါ။

ခံစားလို့အကောင်းဆုံးအချိန်လေးဆိုပေမယ့် ငါးလေးတွေက အရမ်းသေးလို့ဒီအရသာကို ခံစားရတာက မိနစ်ပိုင်းလေးပါပဲ။

အအေးဒဏ်ကိုအံတုပြီး မဖမ်းလို့လည်းမရပါဘူး။

ငါးလေးတွေကပဲအရသာရှိတာလား၊ ကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ဖမ်းထားလို့ပဲ စားလို့ကောင်းတာလားမသိပေမယ့် ဆောင်းတွင်းကိုရောက်ရင် ငါးကလေးတွေဖမ်းဖို့ စောင့်နေကြတဲ့သူတွေ တော်တော်လေးကိုများပါတယ်။

ဒီလိုအရသာလေးကို တစ်ခေါက်လောက်တော့ ခံစားကြည့်ချင်တယ်နော် ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: