ငါးရှည့်တွေကို ဘာကြောင့်အစိမ်းမစားကြတာလဲ ?

ဂျပန်နိုင်ငံမှာ ငါးရှည့်ကို စားလို့ရတဲ့ငါးအမျိုးအစားတစ်ခုအနေနဲ့ စာသုံးကြပါတယ်။

ကိုယ်ခံအားကောင်းစေတဲ့ အစားအစာအနေနဲ့ စားသုံးကြပြီး နွေရာသီရဲ့ပူအိုက်တဲ့နေ့တွေမှာ အစာစားချင်စိတ်ပျောက်ဆုံးနေရင် စားလို့အကောင်းဆုံးအစားအစာဖြစ်ပါတယ်။

https://fundo.jp/277388

 

ဂျပန်လူမျိုးတွေက Sashimi ဆိုရင် အရမ်းကိုကြိုက်ကြလို့ ဘာအသားပဲဖြစ်ဖြစ် Sashimi ဆိုပြီးအစိမ်းစားကြပါတယ်။

ငါးတင်မကပါဘူး အမဲသား၊ မြင်းသားတွေကိုလည်း အစိမ်းစားကြပါတယ်။

ပြောရမယ်ဆိုရင် ကြက်ဥဆိုရင်လည်း အစိမ်းစားကြတာပဲနော်။

Sashimi လိုအစိမ်းစားတဲ့အခါမျိုးမှာ အသားတွေကို သေသေချာချာသန့်စင်ထားတာကြောင့် စိုးရိမ်စရာမရှိဘဲ အစိမ်းစားရတာကို ကြိုက်လွန်းတဲ့ ဂျပန်လူမျိုးတွေက ငါးရှည့်ဆိုရင်တော့ အစိမ်းမစားကြပါဘူး။

ဘာကြောင့်လဲဆိုတော့ ငါးရှည့်ရဲ့သွေးက အဆိပ်အတောက် ဖြစ်စေတာကြောင့်ပါ။

ကမ္ဘာပေါ်မှာ ငါးရှည့်အမျိုးပေါင်း ၁၉ မျိုးရှိပါတယ်။

ဂျပန်နိုင်ငံမှာ ဂျပန်ငါးရှဥ့် နဲ့ ဥရောပငါးရှဥ့်က သေချာပေါက်စားလို့ရပြီး Hamo နဲ့ anago ကလည်း ငါးရှည့်အမျိုးအစားပဲဖြစ်ပါတယ်။

နောင်ပြီး အမျိုးစားအားလုံးမှာ ဖြစ်လေ့ရှိတာက သွေးမှာအဆိပ်ရှိတာဖြစ်ပါတယ်။

https://fundo.jp/277388

 

စားလိုက်ရင်သေသွားမှာလား ဆိုရင်တော့ ၁,၀၀၀ မီလီလီတာလောက်က သေစေနိုင်တဲ့ပမာဏဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ငါးရှည့်သွေး၊ စသဖြင့် အဆိပ်တောက်ဖြစ်စေတဲ့ပစ္စည်းတွေထဲကနေ အဆိပ်တွေကိုထုပ်ပြီး တစ်လီတာလောက် သောက်လိုက်မယ်ဆိုရင် သေသွားနိုင်ပါတယ်။

ဒါက မပြောပလောက်တဲ့ပမာဏဖြစ်တာကြောင့် မေ့ပြီးစားလိုက်မိရင်တောင် သေနိုင်ဖွယ်ရာမရှိပါဘူး။

ဒါပေမယ့် ဝမ်းလျောခြင်း၊ အော့အန်ခြင်း၊ အနီစက်ထွက်ခြင်းတွေကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီး မျက်စိရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် ငါးရှည့်တွေကို အစိမ်းမစားကြတာဖြစ်ပါတယ်။

ဒါနဲ့ သွေးတွေအကုန်ကုန်သွားအောင် ထုတ်ပစ်လိုက်မယ်ဆိုရင်ရော ငါးရှည့်တွေကို အစိမ်းစားလို့ရမှာလား ?

ဒီလိုဆိုရင်တော့ စားလို့ရပါတယ်။ အရမ်းကို အရသာရှိတယ်လို့လည်းဆိုပါတယ်။

ဒါပေမယ့် ပုံမှန်အတိုင်းကင်စားရင်တောင် အရသာရှိနေတော့ ဒီလိုအန္တရာယ်များတဲ့ Challenge မျိုးကိုတော့ မလုပ်ချင်ကြဘူးလေနော် …

စကားမစပ် အဆိပ်တွေက 60℃ လောက်မှာ ပြေသွားနိုင်တာကြောင့် ကင်ပြီးစားမယ်ဆိုရင်တော့ လုံးဝစိတ်ချရပါတယ်။

ငါးရှည့်ကို မြန်မာနိုင်ငံမှာလည်း အကင်အပြင်အမျိုးမျိုးလုပ်စားကြတယ်နော် …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: