ချစ်စရာကောင်းတဲ့ မုန့်ထုပ်လေးများ

ဒါကတော့ ဆဲန်းဘဲအိ လို့ခေါ်တဲ့ ဂျပန်ဆန်မုန့်လေးတွေပါ။ အသစ်အဆန်းတီထွင်တာကို ကြိုက်ကြတဲ့ ဂျပန်လူမျိုးတွေဟာ စားပြီးရင်လွှင့်ပစ်ရမယ့် မုန်ံအခွံကိုတောင် ဒီအတိုင်းမထားပဲ ကလေးတွေ စိတ်ဝင်စားလောက်တဲ့ ကစားနည်းလေးတွေ ထည့်ပေးထားပါတယ်။ အောက်ကပုံလေးတွေကို ကြည့်လိုက်ပါအုံးနော်။

 

ဘယ်လမ်းကသွားရင် ထွက်ပြေးသွားတဲ့ ခွေးလေးကို ဖမ်းမိနိုင်မလဲ။

ညာဘက်အောက်မှာရှိတဲ့ ဆန်မုန့်လေးက ဘယ်တစ်ခုပါလိမ့်။

 

ဘယ်နဲ့ညာပုံနှစ်ပုံထဲမှာ မတူတာ 3 ခုရှိတယ်။ ရှာကြည့်ကြစို့နော်။

 

Cherry

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: