ချိုချိုလေးနဲ့ အရသာရှိတဲ့ Fruit sandwich

မြန်မာနိုင်ငံမှာ Sandwich ကြိုက်တဲ့သူသိပ်မရှိပေမယ့် စာရေးသူကတော့ အရမ်းကြိုက်ပါတယ်။

Sandwich ဆိုတာ အသားပြား၊အသီးအရွက်၊ချိစ်စတာတွေကို ပေါင်မုန့်ကြားမှာ ညှပ်ထားတယ်လို့ သိထားကြပါတယ်။

ဒါ့အပြင် ကြက်ဥပြုတ်၊ mayonnaise၊ ငရုတ်ကောင်းတွေကိုရောထားပြီး ဝက်ပေါင်ခြောက်နဲ့ ရောညှပ်ထားတာမျိုးလည်းရှိပါတယ်။

https://www.kewpie.co.jp/recipes/recipe/QP00013315/

ဝက်သားကြော်နဲ့ ဂေါ်ဖီ ညှပ်ထားတဲ့ Sandwich ကို Katsusando လို့ခေါ်လို့ပါတယ်။

https://entabe.jp/23183/seven-lawson-famima-cutlet-sandwich-comparing

 

Mayonnaise နဲ့ တူနာငါး တွဲညှပ်ထားတာကို Tuna sand လို့ခေါ်ပါတယ်။

https://epicurean.tokyo/chef/kataoka/list/detail.pl?recipe_id=489

ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ လုပ်ထားတာတွေလည်းရှိပေမယ့် အငန်ဓာတ်ကို အခြေခံပြီးညှပ်တာများပါတယ်။

ဒီလို ပုံမှန် sandwich နဲ့ လုံးဝမတူတာတစ်မျိုးရှိပါတယ်။ ဒါကတော့ Fruit sandwich ဖြစ်ပါတယ်။

နာမည်အတိုင်း အသီးတွေညှပ်ထားတဲ့ sandwich ပါ။

https://daidokolog.pal-system.co.jp/recipe/5529

https://plat.navitime.co.jp/article/LET20170920050072/

ကြည့်ရတာ အရသာရှိမယ့်ပုံပဲနော်။

ဒါထက် ကောင်မလေးတွေလည်း အကြိုက်ပုံစံ ဆွဲဆောင်မှုရှိပါတယ်။

စာရေးသူအစက ပေါင်မုန့်ကချိုနေတာကို ဘာကြောင့်လဲ ….. လို့ တွေ့ခဲ့မိပါတယ်။ ကောင်းမှာမဟုတ်ပါဘူးလို့ပေါ့။

စားကြည့်လိုက်တော့လည်း အရသာရှိတယ်နော် ….အူကြောင်ကြောင်နိုင်ခဲ့လို့ ဆောရီးပါ။

ကိတ်မုန့်နဲ့အတူတူပဲလို့ ထင်တဲ့သူတွေလည်း များမယ်ထင်တယ်နော်။

ပေါင်မုန့်ကြားထဲမှာ Fresh cream နဲ့ ကိတ်ကို ညှပ်ထားပြီး ပေါင်မုန့်မှာ margarine ထည့်ထားတဲ့ အချက်တွေ ကွာပါတယ်။

အငန်ဓာတ်ကို နည်းနည်းရလို့ စားနိုင်ခဲ့ပါတယ်။

ဒါနဲ့လိုက်ဖက်တာကအရမ်းကိုနူးညံ့တဲ့ပေါင်မုန့်ဖြစ်ပါတယ်။

ချက်ပြုတ်တဲ့နေရာမှာ ယုံကြည်မှုရှိသူတို့ရေ ကိုယ့်လက်ရာကို စမ်းကြည့်လိုက်ရင်ရော ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: