အိုကီနာဝါခရိုင်မှာရှိတဲ့ မန္တလေးထမင်းဆိုင်

အိုခီနာဝါခရိုင် နဟမြို့နယ်ရဲ့ Sakae machi လို့ခေါ်တဲ့ နေရာမှာ အရက်ဆိုင်တစ်ဆိုင်ရှိပါတယ်။

အဲ့ဒီဆိုင်ကို マンダレー食堂 ( Mandalay Shokudou )ဆိုတဲ့ နာမည်နဲ့ဖွင့်လှစ်ထားပါတယ်။


https://mainichibeer.jp

ဟုတ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ရဲ့နာမည်ဖြစ်ပါတယ်။

ဘာကြောင့် အိုခီနာဝါခရိုင်မှာလာပြီး မန္တလေးစားသောက်ဆိုင်ဆိုတဲ့နာမည်နဲ့ ဆိုင်လာဖွင့်ထားရတာလဲ ?

ပြီးတော့ အိုခီနာဝါနဲ့ မန္တလေးက ဘာဆိုင်လို့လဲ ?

မီနူးကိုကြည့်လိုက်တော့ ….

https://tblg.k-img.com/restaura/images.ntjpg

マンダレー炒飯( မန္တလေးထမင်းကြော် )

マンダレーまぜ麺( မန္တလေးဆီချက်ခေါက်ဆွဲ )

チェーオー( ကြေးအိုး )

နောက်ပြီး

ラペットウ(လက်ဖက်သုပ်)လည်းရှိတယ်နော်!

ဂျပန်နိုင်ငံမှာ လက်ဖက်သုပ်ကို お茶の葉サラダ ( Ocha no Ha Sarada )လက်ဖက်ရွက်သုပ်ဆိုပြီးတော့ ဘာသာပြန်ကြပါတယ်။

အစမ်းအနေနဲ့ မန္တလေးထမင်းကြော်မှာကြည့်လိုက်ကြရအောင်နော်..

https://tblg.k-img.com/restaurant/images.jpg

အဲ့ဒါက … မန္တလေးထမင်းကြော်နဲ့ တူပါသလား ? မန္တလေးသား၊ မန္တလေးသူတို့ရေ ဘယ်လိုလဲ ?

မန္တလေးမှာထမင်းကြော်စားဖူးတဲ့ သူတွေရော ?

အရသာကတော့ ဂျပန်လူမျိုးတွေ အကြိုက်တွေ့နိုင်အောင် ကြော်ထားတာကြောင့် တော်တော်လေးကိုလူကြိုက်များပါတယ်။

အရက်ဆိုင်ဖြစ်တာကြောင့် အရက်ရဲ့ မီနူးလည်းရှိပါတယ်။

မြန်မာဘီယာကိုလည်း သောက်လို့ရပါတယ် !


https://mainichibeer.jpg

ဒီဆိုင်ပိုင်ရှင်ရဲ့ဇနီးဖြစ်သူက မန္တလေးမှာမွေးတဲ့ မန္တလေးသူဖြစ်ပါတယ်။

မန္တလေးထမင်းဆိုင်ဆိုတာက ဇနီးသည်ရဲ့မွေးရပ်မြေကနေ ယူထားတာပေါ့နော် !

ဆိုင်ရှင်ကတော့ အိုကီနာဝါမှာ မွေးဖွားခဲ့ပြီး အရင်တုန်းက အလုပ်လုပ်ခဲ့တဲ့ တရုတ်စားသောက်ဆိုင်မှာ ဇနီးဖြစ်သူနဲ့ တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဆိုင်ရှင်က အာရှမှာရှိတဲ့ နိုင်ငံတွေကို သဘောကျပြီး ကိုယ်တိုင်ရပ်တည်နိုင်တဲ့အခါ အာရှနိုင်ငံတွေရဲ့ စားသောက်ဆိုင်ဖွင့်ချင်တယ်လို့ တွေးခဲ့ပါတယ်။ ဇနီးသည်က မြန်မာလူမျိုးဖြစ်တာကြောင့် မြန်မာစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် လို့ပြောပါတယ်။

မန္တလေးစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာက လေးနက်တဲ့ရည်ရွယ်ချက်တွေ ရှိခဲ့တာမဟုတ်ပေမယ့် ၂ ယောက်တည်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆိုင်လေးကို ဖွင့်လှစ်ရောင်းချနေတာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ တဖြည်းဖြည်းနဲ့ လုပ်ဆောင်လာကြပြီး ဂျပန်နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း မြန်မာနိုင်ငံနဲ့ ဆက်နွယ်မှုတွေရှိတဲ့ ဆိုင်တွေကိုတွေ့နေရပါတယ်။

အဲ့ဒီကနေ ဒီလိုဆိုင်တွေ တဖြည်းဖြည်းနဲ့ တိုးလာကောင်း တိုးလာနိုင်တယ်နော် !

အိုကီနာဝါကိုသွားဖို့ အခွင့်အရေးရှိလာခဲ့ရင် အဲ့ဒီဆိုင်မှာ သေချာပေါက် သွားအားပေးလိုက်ရအောင်နော် !

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: