ဂျပန်လူမျိုးတွေ Ajinomoto ကိုမကြိုက်တော့ဘူး
ဂျပန်နိုင်ငံကနေ တီထွင်ဆန်းသစ်ထားတွေ အများကြီးရှိပါတယ်။
အသင့်စားခေါက်ဆွဲတွေလည်း နာမည်ကြီးတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလည်း အရမ်းကိုနာမည်ကြီးတာကတော့ 味の素 Ajinomoto ဖြစ်ပါတယ်။
https://www.buzzfeed.com/jp/wakimatsunaga/ajinomoto-vs-fakenews
ဂျပန်နိုင်ငံမှာ တီထွင်ထုတ်လုပ်ထားခဲ့တဲ့ နာမည်အကြီးဆုံးထုတ်ကုန် ၁၀ ခုထဲက တစ်ခု ဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ အချိုမှုန့်ပါ။
၁၉၀၇ ခုနှစ်မှာ 池田菊苗(いけだ きくなえ)さん Ikeda Kikunae က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တုန်းက အရသာမှာ အချို၊ အငံ၊ အချဥ်၊ အခါး ဆိုတဲ့ ၄ မျိုးပဲရှိတယ်ဆိုပေမယ့် အရသာ ၅ မျိုးအနေနဲ့ “うまみ” Umami လို့ခေါ်တဲ့အရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တကယ်တော့ အဲ့ဒီ Umami က ကမ္ဘာ့အတိုင်းအတာနဲ့ အသိအမှတ်ပြုခံရတာကတော့ ၂၀၀၀ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အဲ့ဒီလောက်ထိ အသိမှတ်မပြုခံရတဲ့ အရသာတစ်ခုဖြစ်ခဲ့ပါတယ်။
ကမ္ဘာကနေ အသိအမှတ်မပြုခံရသော်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ Ikeda က ပင်လယ်ရေညှိကနေ ထွက်ရှိလာတဲ့ “うまみ” Umami ရဲ့ ပစ္စည်းအမှန်က Glutamic acid ဆိုတဲ့ ပစ္စည်းဖြစ်ပါတယ်။
ဒါတွေကို သဘာဝအတိုင်းထုတ်လို့ ရနိုင်မလားလို့ ? သုတေသနလုပ်ပြီး ထွက်လာခဲ့တာက ဒီ Ajinomoto ဖြစ်ပါတယ်။
ဒါပေမယ့်အခု ဂျပန်နိုင်ငံမှာမှမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ Ajinomoto က မရောင်းရဘူးဆိုတာတွေ မြင့်တက်လျက်ရှိပါတယ်။
“ Ajinomoto ဟင်းချိုမှုန့်က ခန္ဓာကိုယ်အတွက် မကောင်းဘူး “
“ လျှာကို ထုံစေတယ်လို့ ခံစားရတယ် “
ဒီလိုပြောနေကြတဲ့ ကောလဟာလတွေက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး အဆင်ပြေလွယ်ကူစေတဲ့ ဟင်းခတ်မှုန့်ဖြစ်ခဲ့တဲ့ Ajinomoto က မရောင်းရတာမျိုးဖြစ်လာခဲ့ပါတယ်။
ဒါကတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အလိမ်အညာတွေဖြစ်တယ်လို့ Ajinomoto က ပြောခွင့်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။
အကြောင်းအရင်းတစ်ခုကတော့ ဓာတုဟင်းခတ်ပစ္စည်းဆိုတဲ့ နာမည်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတယ်ဆိုတာလား ? လို့တွေးမိကြပေမယ့် ဒီလိုမဟုတ်ဘဲ အမျိုးမျိုးသော စားသောက်ကုန်တွေကနေ ထုတ်ယူထားခဲ့တဲ့ Glutamic acid အဓိက ပါဝင်ပစ္စည်းအနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။
လက်တွေ့မှာတော့ “うまみ調味料” Umami ဟင်းခတ်ပစ္စည်း ဆိုတဲ့ စားသောက်ကုန်အမျိုးအစားနေနဲ့ ဖြစ်လာခဲ့ပေမယ့် ပထမဦးဆုံး အဲ့ဒီ Umami ဆိုတာကို လက်ခံခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကဖြစ်ပါတယ်။
ဘယ်သူမှမသိနိုင်တဲ့အမှုန့်လို့ ထင်နေကြတာလည်း ဘယ်လိုမှမတတ်နိုင်လို့ဆိုတာဟင်းခတ်ပစ္စည်း်ဆိုတဲ့ ပစ္စည်းတွေှာကို မစိုးရိမ်ရတော့ဘူးပေါ့ ဂျပန်နိုင်ငံမှာတော့ ဘယ်သူမှမသုံးသလောက်ကိုဖြစ်လာခဲ့ပါတယ်။ မြန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီတော့ Glutamic acid က ခန္ဓာကိုယ်အတွက် မကောင်းတာလား ? ?
Glutamic acid က အမျိုးမျိုးသော အစားအစာတွေမှာ ပါဝင်လျက်ရှိပါတယ်။
အများဆုံးက ပင်လယ်ရေညှိဖြစ်ပါတယ်။
ဒါကြောင့် ဟိုးအရင်ကတည်းကနေ ပင်လယ်ရေညှိကို အသုံးပြုပြီး အရည်ကိုယူတဲ့ ယဥ်ကျေးမှုဟာ ဂျပန်မှာရှိခဲ့ပါတယ်။ အမဲသားမှာရော cheese မှာရော မှို စတာတွေလည်း ပါဝင်ပြီး မြန်မာမှာဆိုရင်တော့ ငံပြာရည်နဲ့ ငပိကို အဓိကအနေနဲ့ ပါဝင်ကြပါတယ်။
အထူးသဖြင့် အချဥ်ဖောက်ထားတဲ့အစားအစာတွေမှာဆိုရင်တော့ ပါတာများပါတယ်။ Cheese နဲ့ ပဲငံပြာရည်၊ မီဆို၊ ပဲပိစပ် စတာတွေဖြစ်ပါတယ်။ အခြားအနေနဲ့ ရိုးရိုးဝက်ပေါင်ခြောက်ထက် ကြာရှည်စွာထိန်းသိမ်းထားတဲ့ ဝက်ပေါင်ခြောက်တွေမှာလည်း အများကြီးပါပါတယ်။
ပုံမှန်နာမည်အတိုင်း “うまみ” Umami ကို လေးတဲ့အစားအသောက်တွေထဲမှာ ပါတာများပါတယ်။
ကမ္ဘာပေါ်ကနေရာတိုင်းမှာ Umami အများကြီးပါတဲ့ ရိုးရာဟင်းခတ်ပစ္စည်းအမျိုးမျိုးကို အသုံးပြုနေကြပါတယ်။
https://www.buzzfeed.com/jp/wakimatsunaga/ajinomoto-vs-fakenews
ပုံထဲမှာ မြန်မာ၊ ငပိဆိုပြီးဖော်ပြထားတာ တွေ့လိုက်မယ်ထင်ပါတယ်။
မကောင်းတဲ့ကောလာဟလတွေကနေ ဒီလိုသတင်းတွေထွက်လာပြီး ကျယ်ပြန့်လာခဲ့ပါတယ်။
၁၉၆၈ ခုနှစ် “ Umami ဟင်းခတ်ပစ္စည်း “ ကို အမြောက်အများသုံးထားတဲ့ ဟင်းတွေကို စားသုံးတာကြောင့် ခေါင်းကိုက်တဲ့ဝေဒနာတွေ ခံစားရတယ်ဆိုတဲ့ Chinese restaurant Syndrome ကနေ တင်ပြခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒါကခုချိန်မှာလည်း သိပ္ပံနည်းနဲ့အခြေခံပြီး ရှာဖွေတွေရှိထားတာမျိုးမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းမှာ Glutamic acid လို့ပြောကြပေမယ့်လည်း အဲ့လောက်ပမာဏများပြားတဲ့ အက်စစ်က ဒီလိုခန္ဓာကိုယ်မှာရှိနေပြီး ဘယ်လောက်တောင်ပြဿနာတွေဖြစ်ပွားနေလဲ? ဆိုတာကို မေးခွန်းတွေရှိလာပါတယ်။
တစ်ချိန်တုန်းက အမေရိကန်နိုင်ငံက မပုပ်မသိုးစေနိုင်ဖို့ အမျိုးမျိုးသော စားသောက်ကုန်ထိန်းသိမ်းတဲ့ဆေးတွေကို အသုံးပြုခဲ့ကြပေမယ့် ဒါတွေက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တယ်ဆိုတာက ကြီးမားတဲ့ပြဿနာဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအချိန်လောက်မှာ Umami ဆိုတဲ့ တစ်ချိန်တုန်းက ထူးခြားတဲ့ဟင်းခတ်ပစ္စည်းအနေနဲ့ အတွဲလိုက်ထိန်းချုပ်ထားနိုင်ခဲ့တာ မဟုတ်ဘူးလားဆိုတာပါပဲ။
ဂျပန်နိုင်ငံမှာတော့ အကြီးအကျယ်ကျယ်ပြန့်ခဲ့ပြီး Ajinomoto ကိုမကြိုက်တော့တဲ့ သူတွေများလာခဲ့ပေမယ့် ဒီလိုလူတွေကလည်း ဟင်းတွေမှာ အမျိုးမျိုးသောဟင်းခတ်ပစ္စည်းကို အသုံးပြုကြပါတယ်။
ဟင်းချိုဖြစ်လာမယ့်အမှုန့်ဖြစ်တာကြောင့် ဟင်းချိုမှုန့်လို့ခေါ်တာဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ်ရေညှိဟင်းချိုကလည်း Ajinomoto ပါပဲ။
မီဆိုဟင်းရည်မှာလည်း အရသာတွေလိုအပ်တာကြောင့် Umami ထည့်ထားတဲ့ မီဆိုကိုအသုံးပြုတာကလည်း တကယ်တော့ Ajinomoto နဲ့အတူတူပါပဲ။
သတိမထားမိခဲ့လို့ဖြစ်ပါတယ်။
ဓာတုပစ္စည်းဟင်းခတ်မှုန့်လို့ ခေါ်ခံခဲ့ရတဲ့ခေတ်က ရေနံကနေထုတ်ထားတဲ့ မကောင်းတဲ့ပစ္စည်းတွေလည်း ရှိတယ်လို့ပြောကြပါတယ်။
ဒါပေမယ့် Ajinomoto ကတော့ သဘာဝပစ္စည်းတွေကနေ ထုတ်ယူထားတာဖြစ်ပါတယ်။
အများအားဖြင့် ဟင်းလျာတွေမှာ အသုံးပြုနေတဲ့အပိုင်းမှာ ဘာမှသက်ရောက်မှုမရှိဘူး ဆိုတာထက် Ajinomoto ကိုထည့်တဲ့အခါမှာ ဆားပေါ့နေရင်တောင် စိတ်တိုင်းကျတဲ့အရသာဖြစ်လာမယ်ဆိုတာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းစေတာမျိုးလည်း ပေါ်ထွက်လာပါတယ်။
ဘယ်အရာအမှန်လဲဆိုတာကို မသိပေမယ့် ဂျပန်နိုင်ငံကထုတ်လုပ်လိုက်တဲ့ Ajinomoto ကို နောက်တစ်ကြိမ်သုံးသပ်ဖို့အချိန် ရောက်ကောင်းရောက်လာလိမ့်မယ်ထင်တယ်နော်။
Kengo Abe