ဆူရှီတွေက ဘာလို့ ၂ ခု ၁ set ဖြစ်နေရတာလဲ ?

လည်နေတဲ့ဆူရှီတွေ အမျိုးမျိုးကိုကြည့်နေရရုံနဲ့ ပျော်နေတယ်ဆိုပေမယ့် ဒီလိုမေးခွန်းတွေ မေးဖူးပါသလား?

https://limo.media/articles/-/10255

ဘာလို့ ၂ ခုတည်းပါတာလဲ ?

ပန်းကန်အရွယ်နဲ့ လိုက်ဖက်အောင်လို့လား ?

ဒါဆိုလည်း ပန်းကန်အသေးလေးနဲ့ ထည့်လို့ရတာပဲ။

အများကြီးစားစေချင်လို့လား ?

ဒါဆိုလည်း ၂ ခုခွဲထားဖို့ မလိုဘူးထင်တယ်နော်။

ဈေးကြီးတာတွေဆိုရင် တစ်ခုတည်းထည့်ပြီး ရေညှိလိပ်ဆိုရင်တော့ အများကြီးထည့်တာမျိုးတွေရှိပေမယ့် တကယ်ပုံမှန်ကတော့ ၂ ခုတည်းကို ၁ set ဖြစ်ပါတယ်။

ဒါကတော့ ဟိုးအရင်တုန်းက ဆူရှီယဥ်ကျေးမှုမှာ အသုံးပြုလေ့ရှိပါတယ်။

ဆူရှီဆိုတာ ဟိုးရှေးခေတ်တုန်းက ထိန်းသိမ်းထားတဲ့ အစာတစ်မျိုးဖြစ်ခဲ့ဖူးပါတယ်။

ငါးတွေကို ထိန်းသိမ်းထားတဲ့နည်းလမ်းအနေနဲ့ ဖြစ်ပေါ်လာတာက လာအိုစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ယဥ်ကျေးမှုက တရုတ်နိုင်ငံကို ပျံ့နှံ့ခဲ့ပြီး ဂျပန်နိုင်ငံကိုလည်း ရောက်ရှိလာခဲ့တယ်လို့ပြောကြပါတယ်။

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်သမိုင်းရှိပြီး ထမင်းမှာ ရှာလကာရှည်တွေကိုထည့်မွှေထားတယ်ဆိုတာကလည်း ထိန်းသိမ်းထားဖို့အတွက်ဖြစ်ပါတယ်။

နောက်ပြီး ငါးတွေကို ဟိုးအရင်တုန်းက ရှာလကာရည်၊ ငံပြာရည် ထည့်ထားတာတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။

ဒါက အဲဒိုခေတ်မှာနာမည်ကြီးလာခဲ့ပါတယ်။

တစ်ချိန်တုန်းက ဒီလိုဈေးဆိုင်တွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

和食の歴史

အဲ့ဒီဆူရှီက အရမ်းကိုလူကြိုက်များပြီး ခုချိန်ရဲ့ ဆူရှီယဥ်ကျေးမှုမူလအရင်းအမြစ်ကို ဖန်တီးပေးနိုင်လာခဲ့တာဖြစ်ပါတယ်။

“江戸前鮨(えどまえずし)” Edo Maeo Sushi ဆူရှီလို့ပြောရလောက်တဲ့ ဆူရှီအမျိုးအစားက ဆူရှီကိုယ်စားပြုအနေနဲ့ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီ Edo Maeo Sushi က တခြားအဆင့်တန်းမြင့်တဲ့ စားစရာတွေမဟုတ်ဘဲ အလုပ်သမားလက်သမားတွေ မြန်မြန်စားလို့ရမယ့် စားစရာတစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီအတွက် တစ်ချိန်တုန်းက ဆူရှီတွေကို ဒီလိုအရွယ်လောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

https://www.tenpo.biz/tentsu/entry/2016/01/05/090000

ဘယ်ဘက်ကတော့ လက်ရှိဆူရှီဆိုင်ဖြစ်ပြီး ညာဘက်ကတော့ အဲဒိုခေတ်တုန်းက ဆူရှီဖြစ်ပါတယ်။

ငါးအရသာခံဖို့ဆိုတာထက် ထမင်းကိုပိုစားတယ်ဆိုတဲ့ပုံပေါ်တာကြောင့် ဗိုက်ဝဖို့အတွက် ဒီအရွယ်အစားလုပ်ခဲ့တာဖြစ်ပါတယ်။

Onigiri နဲ့တောင်တူတယ်လို့တောင်ခံစားမိပါတယ်။

ဒါပေမယ့် ကြီးလွန်းလို့စားရခက်တယ်ဆိုတဲ့ခံယူချက်တွေထွက်လာခဲ့ပြီး အဲ့ဒီဆူရှီကို တစ်ဝက်ကနေဖြတ်လိုက်တယ်ဆိုတာတွေက ပုံမှန်ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဆူရှီကတဖြည်းဖြည်းနဲ့ သေးလာခဲ့ပြီး ဖြတ်လိုက်တဲ့ယဥ်ကျေးမှုကကျန်ရှိနေခဲ့တာကြောင့် ၂ ခုကို ၁ set ဆိုပြီးကျန်ခဲ့တာဖြစ်ပါတယ်။

စကားမစပ် ရှေးတုန်းက အဲဒိုခေတ်တုန်းကဆူရှီတွေမှာ Salmon ငါးတွေမရှိပါဘူး။

အဲ့ဒါက နော်ဝေးမြို့ကနေ ယူလာခဲ့ရမှာဖြစ်လို့ပါ။

နောက်ပြီးတော့ ပင်လယ် urchin တွေလည်းမရှိပါဘူး။

ရေခဲရိုက်ဖို့ ရေခဲသေတ္တာတွေ မရှိသေးတဲ့အတွက် လတ်ဆတ်ဖို့က အရေးကြီးဆုံးဖြစ်နေတဲ့ ဟင်းလျာဖြစ်နေတာကြောင့်ပါ။

တူနာငါးတွေက ငံပြာရည်နဲ့တွဲစားဖို့က အဓိကဖြစ်ပြီး အခုချိန်မှာလူကြိုက်များတဲ့ Otoro နဲ့ Chutoro တို့လိုအဆီများတဲ့အပိုင်းတွေကို ထိန်းသိမ်းရခက်လို့ လွင့်ပစ်ကြပါတယ်။

အဲ့ဒိုခေတ်တုန်းက ဆူရှီတွေက ခုခေတ်နဲ့ကွာပါတယ်။

ခုခေတ်လူတွေစားမယ်ဆိုရင် အရသာရှိတယ်လို့ ခံစားမယ်မထင်ဘူးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: