ဂျပန်နိုင်ငံရဲ့နွေရာသီမှာ တရုတ်ခေါက်ဆွဲအေး သွားစားကြစို့

ဂျပန်နိုင်ငံရဲ့နွေရာသီဟာ ပူပြင်းအိုက်စပ်ပါတယ်။

စားချင်သောက်ချင်စိတ်တွေပါ ပျောက်လာပါတယ်။ အေးအေးလေးနဲ့ အရသာရှိတာလေးကိုမှစားချင်တယ်။

ဒီလိုအချိန်မျိုးမှာ နာမည်ကြီးတာကတော့ တရုတ်ခေါက်ဆွဲအေးဖြစ်ပါတယ်။

https://www.sirogohan.com/recipe/hiyasichuuka/

အေးမြတဲ့ဓာတ်ကိုခံစားနိုင်နိုင်ဖို့ ရှာလကာရည်ရဲ့ အချဥ်ဓာတ်ကို သုံးထားပါတယ်။

နွေရာသီလို့ပြောလိုက်ရင် တရုတ်ခေါက်ဆွဲအေးကို သွားသတိရလောက်အောင် လူကြိုက်များတဲ့ အစားအစာဖြစ်ပါတယ်။

သူရဲ့နာမည်က 中華 ခြူးက ဆိုတဲ့နာမည်နဲ့အညီ တရုတ်နိုင်ငံရဲ့အစားအစာလို့ ဂျပန်လူမျိုးတွေထင်ကြပေမယ့် တကယ်တော့ ဂျပန်နိုင်ငံကနေဖြစ်ပေါ်လာခဲ့တဲ့ တရုတ်အစားအစာဖြစ်ပါတယ်။

ပူအိုက်တဲ့ နွေရာသီမှာ ပြန်လည်လန်းဆန်းလာဖို့အတွက် အကောင်းဆုံးတွေကို စားဖို့သွားကြပါစို့နော်…

 

揚子江菜館(ようすこうさいかん)ယောစုခိုးဆကန်

東京神保町(じんぼうちょう)ဂျင်းဘိုးချော

https://rtrp.jp/articles/122789/?_ga=2.167968677.581763781.1561024922-1749106335.1560327987

တရုတ်ခေါက်ဆွဲအေးဆိုင်လို့ပြောလိုက်ရင် ဒီဆိုင်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်ကတည်းက ဖွင့်လှစ်ထားခဲ့တဲ့ဆိုင်ဖြစ်ပါတယ်။

အသားပြား၊ သခွားသီးစတာတွေကို ဖူဂျီတောင်လို အပေါ်ကနေစုပုံထားပြီး အဲ့ဒီအထဲမှာမှ ခေါက်ဆွဲထည့်ထားတာဖြစ်ပါတယ်။

မူရင်းအရသာကို ခံစားကြည့်လိုက်ပါနော်။

ဆိုင်လိပ်စာ

揚子江菜館

東京都千代田区神田神保町1-11-3 神保町菊英ビル

 

 

徒歩徒歩亭(とぼとぼてい)တိုဘိုတိုဘိုတဲအိ 四谷 ယောစုယ

https://rtrp.jp/articles/122789/?_ga=2.167968677.581763781.1561024922-1749106335.1560327987

လခစားဝန်ထမ်းတွေများတဲ့ ယောစုယ မြို့ကြီးမှာရှိတဲ့ တိုဘိုတိုဘိုတဲအိ ဆိုတဲ့ဆိုင်ဖြစ်ပါတယ်။

တကယ့်ကို တရုတ်ရဲ့အရသာနဲ့ နာမည်ကြီးတဲ့ဆိုင်ဖြစ်ပါတယ်။

ဆိုင်လိပ်စာ

徒歩徒歩亭

東京都新宿区三栄町9-26

 

 

萬福(まんぷく)မန်းပုခု 東銀座 ဟိကရှိ ဂျင်းဆ

https://rtrp.jp/articles/122789/?_ga=2.167968677.581763781.1561024922-1749106335.1560327987

အရသာရှိတဲ့ စားသောက်ဆိုင်အနေနဲ့ လူစည်ကားတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

ခေါက်ဆွဲဆိုင်အနေနဲ့ နာမည်ကြီးတဲ့ဒီဆိုင်က လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ သမိုင်းရှိခဲ့ပါတယ်။

ပဲငံပြာရည်နဲ့ ရှာလကာရည်ကို အခြေခံထားတဲ့အပြင် နွေရာသီမှာ နှမ်းဖျော်ရည်ကိုလည်းရရှိနိုင်ပါသေးတယ်။

ရှာလကာရည်မကြိုက်တဲ့သူတွေလည်းရှိမယ်ထင်တယ်နော်?

ဆိုင်လိပ်စာ

萬福

東京都中央区銀座2-13-13

 

中華あさひ တရုတ်အဆဟိ  浅草 အဆကုဆ

https://rtrp.jp/articles/122789/?_ga=2.167968677.581763781.1561024922-1749106335.1560327987

ဂျပန်ရိုးရာဆိုင်တွေများတဲ့မြို့ဖြစ်ပြီး အဆခုဆ မြို့မှာဆိုရင် ဒီဆိုင်လေးနဲ့မိတ်ဆက်ပေးပါမယ်။

စီချွမ်အစားအစာဆိုင်ဆိုတဲ့အတိုင်း အစပ်တွေရောင်းပါတယ်။

နွေရာသီမှာစပ်တဲ့အစားအစားတွေကို စားရင်း ချွေးထွက်လာရင် အေးသွားပါလိမ့်မယ်။

ဆိုင်လိပ်စာ

中華 あさひ

東京都台東区浅草3-33-6

 

龍口酒家(ろんこうちゃうちゃ)ရွန်းခိုးချဥချ 幡ヶ谷 ဟတဂယ

https://rtrp.jp/articles/122789/?_ga=2.167968677.581763781.1561024922-1749106335.1560327987

ဒီဆိုင်ရဲ့ပုံစံက အရည်အသွေးကောင်းတဲ့ ခေါက်ဆွဲတွေကိုအသုံးပြုထားတာဖြစ်ပါတယ်။

ဆိုင်လိပ်စာ

龍口酒家

東京都渋谷区幡ヶ谷1-3-1 ゴールデンセンタービルB1

 

ကဲဂျပန်နိုင်ငံရဲ့နွေရာသီမှာ ဂျပန်နိုင်ငံကိုရောက်နေတယ်ဆိုရင်တော့ အေးမြလန်းဆန်းသွားအောင် ခေါက်ဆွဲအေး သွားစားလိုက်ကြစို့နော် !

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: