ဂျပန်မှာ Bubble Tea ပြီးရင် ဘာခေတ်စားလာတာလဲ ?

တိုကျိုမြို့ထဲမှာ လမ်းလျှောက်ရင်း ရယ်မောစေလောက်တဲ့ Bubble Tea ဆိုင်တွေရှိပါတယ်။

ထိုင်ဝမ်ကနေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံမှာ အရမ်းကိုနာမည်ကြီးနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုရေပန်းစားနေတဲ့က ရှည်ကြာနေမှာတော့ မဟုတ်ဘူးထင်တယ်နော်။

ခုတော့ နောက်ထပ်ရေပန်းစားလာတာက ဘာဖြစ်မလဲ။

မဟုတ်မှလွဲရော ဒါလား ? ? လို့သတိထားမိတာရှိပါတယ်။

https://curazy.com/archives/245920

ခေတ်နောက်လိုက်နေတဲ့ အထက်တန်းကျောင်းသူလေးတွေက အရသာရှိတယ်လို့ပြောနေကြတာဟာ ဘာလဲဆိုတာ သိပါသလား?

ဒါကတော့ Almond Milk ဖြစ်ပါတယ်။

https://curazy.com/archives/245920

လူတိုင်းသိကြတဲ့ Almond စေ့နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအစေ့ကို ကြိတ်ပြီးရလာတဲ့ နို့လိုပုံစံ သောက်စရာအနေနဲ့ Almond Milk ဖြစ်ပါတယ်။

လှလှပပလေးနဲ့ အာဟာရတွေပါဝင်ပြီး အလှအပနဲ့ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အတွက်ကြောင့် Bubble Tea ထက်ပိုပြီး ကြိုက်ကြမလား?

တကယ်တော့ သူတို့တွေဟာ တိတ်တိတ်လေးသိထားကြပြီး Almond Milk ဆိုတာ အထက်တန်းကျောင်းသူလေးတွေရောင်းတယ်လို့ သိထားခဲ့ကြတာဖြစ်ပါတယ်။

https://curazy.com/archives/245920

ဒါပေမယ့် သောက်တာတော့ မသောက်ကြပါဘူး။

https://curazy.com/archives/245920

ပုံထဲမှာတွေ့တဲ့အတိုင်းပါပဲ၊ Almond Milk ကိုမကြိုက်တဲ့ ကောင်မလေးတွေရှိသလို အရသာရှိတယ်လို့ပြောတဲ့ ကောင်မလေးတွေလည်းရှိပါတယ်။

နောက်ထပ်သောက်ချင်သေးတယ်လို့လည်း ပြောကြပါသေးတယ်။

https://curazy.com/archives/245920

စကားမစပ် အားလုံးသောက်နေကြတဲ့ ကုန်ပစ္စည်းက ပျားရည်ထည့်ထားပြီး Almond အနံ့သင်းသင်းလေးဖြစ်အောင် ထည့်ထားတာဖြစ်ပါတယ်။

အစားအသောက်မှာပါတဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် E စတဲ့ အစာအဟာရတွေပါဝင်ပြီး အလှအပအတွက်လည်း အထောက်အကူပြုစေတဲ့အချက်တွေပါဝင်ပါတယ်။

Bubble Tea သောက်တာ ကယ်လိုရီများတယ်လို့ပြောတဲ့သူတွေရှိပြီး အလှအပနဲ့ ကျန်းမာရေးပေါ်မှာမူတည်ပြီး ကောင်းတဲ့ရလဒ်ကြောင့် နောက်တစ်ခုအနေနဲ့ ခေတ်စားလာတာဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း Bubble Tea ကခေတ်စားပေမယ့် Almond Milk မရှိလောက်ဘူးထင်လို့ တစ်ခါလောက်တော့ သောက်ကြည့်ချင်တယ်နော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: