ချစ်စရာကောင်းတဲ့ Hello Kitty Ramen

ဂျပန်လူမျိုးတွေ ခေါက်ဆွဲစားရတာကြိုက်တယ်ဆိုတာ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။

ဂျပန်နိုင်ငံမှာ ခေါက်ဆွဲကို Ramen လို့ခေါ်ပြီး Ramen မှာမှ အမျိုးအစားအများကြီးရှိပါတယ်။

အဲ့ဒီအမျိုးအစားတွေအများကြီးထဲမှာမှ အဓိကအမျိုးအစား ၄ မျိုးရှိပါတယ်။

Shio Ramen, Shoyu Ramen, Miso Ramen နဲ့ Tonkotsu Ramen တို့ပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ Hello Kitty ပုံစံနဲ့ Tonkotsu Ramen  အမျိုးအစားဖြစ်ပါတယ်။

Hello Kitty ဆိုတာက မိန်းကလေးတွေတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ကာတွန်းဇာတ်ကောင်လေးဖြစ်ပါတယ်။

မိန်းကလေးတွေအကြိုက်ဆိုပေမယ့် ယောကျ်ားလေးတွေဆိုရင်လည်း ကိုယ်ချစ်တဲ့ကောင်မလေး ဒါမှမဟုတ် မမနဲ့ ညီမလေးတွေကို ချက်ပြုတ်ကျွေးမယ်ဆိုရင် ပျော်ကြမှာသေချာပါတယ်။

မီးမီးလေးတွေရှိတဲ့ ဖေဖေ၊ မေမေတွေအတွက်ဆိုလည်း ကွက်တိပါပဲ။

Tokyo Pink Hello Kitty-themed Tonkotsu ramen ကဘယ်လိုပုံစံလဲဆိုတာ ပုံထဲမှာကြည့်လိုက်နော်။

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen13.jpg?w=640&h=480

ပန်းရောင်လေးနဲ့ အရမ်းကိုချစ်စရာကောင်းပါတယ်။

ဒါပေမယ့် တခြား Ramen တွေနဲ့ယှဥ်ကြည့်မယ်ဆိုရင်တော့ တစ်မျိုးကြီးပဲနော်။

Hello Kitty လေးကလည်း ပန်းရောင်ဆိုတော့ ဒီခေါက်ဆွဲလေးကလည်း ပန်းရောင်လေးပဲပေါ့။

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်ကတည်းကနေ တိုကျိုမြို့မှာ ခေါက်ဆွဲတွေထုတ်လုပ်လာခဲ့တဲ့ Edo Tamagawaya ကနေ ထပ်မံထုတ်လုပ်လိုက်တဲ့ ခေါက်ဆွဲထုတ်ဖြစ်ပါတယ်။

ခေါက်ဆွဲထုတ်ဖြစ်တာကြောင့် မိမိအိမ်မှာ ကြိုက်တဲ့အချိန် ပြုတ်စားလို့ရပါတယ်။

Hello Kitty ဆိုတဲ့အတိုင်း သူရဲ့ပါကင်လေးကို ကြည့်လိုက်တာနဲ့တင် အရမ်းကိုချစ်ဖို့ကောင်းပါတယ်။

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen1.jpg?w=640&h=480

ချစ်စရာကောင်းတဲ့ပါကင်ရဲ့ အတွင်းထဲမှာ ဘာတွေပါလဲဆိုတာကို ကြည့်လိုက်ပါဦးနော်။

 

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen3.jpg?w=640&h=480

ရေညှိထုပ်တစ်ထုပ်နဲ့ အရသာမုန့်တစ်ထုပ်ပါပါတယ်။

ရေညှိထုပ်မှာတွေ့တဲ့ ပုံစံကပုံမှန်အတိုင်းလာတဲ့ လေးထောင့်ပုံစံဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ဒီဇိုင်းက ၈ မျိုးရှိပါတယ်။ အခုဒီအထုပ်မှာပါတဲ့ဒီဇိုင်းကတော့ ခေါင်းပေါ်မှာပန်းပန်ထားတဲ့ Hello Kitty ပုံစံလေးပဲဖြစ်ပါတယ်။

ဒီပုံစံလေးရဖို့ ကိုယ်တိုင်လက်နဲ့ ငြင်ငြင်သာသာလေး ပုံဖော်ရမှာဖြစ်ပါတယ်။

 

ကဲ ဒီတစ်ခါမှာတော့ သူ့မှာပါတဲ့ခေါက်ဆွဲလေးအကြောင်းပြောပြပါမယ်။

သူ့ရဲ့ခေါက်ဆွဲအမျှင်က သေးသေးလေးနဲ့ Tonkotsu အမျိုးအစားဖြစ်တာကြောင့် ဝက်ရိုးပြုတ်ရည်နဲ့ လုပ်ရတယ်ဆိုပေမယ့် ဒီခေါက်ဆွဲကတော့ ပန်းရောင်လေးပဲဖြစ်ပါတယ်။

ဒါဆိုရင် ချစ်စရာကောင်းတဲ့ခေါက်ဆွဲကို ပြုတ်မှာဆိုတော့ ပြုတ်တဲ့အိုးကလည်း ချစ်စရာကောင်းဖို့ လိုမယ်ထင်တယ်နော်…..

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen5.jpg?w=640&h=480

ခေါက်ဆွဲကို ထည့်ပြုတ်ပြီးပြီဆိုတော့ တခြားခေါက်ဆွဲတွေလိုပဲ အရသာမုန့်ကိုထည့်လိုက်ပါနော်။

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen9.jpg?w=640&h=480

အခုဆိုရင်တော့ Hello Kitty ပန်းရောင်ခေါက်ဆွဲနဲ့ အရည်ကို ရနေပါပြီ။

ခေါက်ဆွဲရဲ့အရသာမုန့်ကလည်း ပန်းရောင်လေးဖြစ်နေလို့ သူ့ရဲ့ဟင်းရည်ကလည်း ပန်းရောင်လေး ဖြစ်နေပါတယ်။

ပန်းရောင်ဆိုတော့ စတော်ဘယ်ရီနဲ့လုပ်တယ်လို့ထင်နေပြီမလား ?

မဟုတ်ပါဘူး။ ဝက်သားနဲ့လုပ်တဲ့ခေါက်ဆွဲဖြစ်တာကြောင့် ဟင်းရည်က ဝက်သားကိုအခြေခံထားတဲ့ အရသာပါပဲ။

တခြားပါဝင်ပစ္စည်းတွေအတွက် ကိုယ်ကြိုက်တဲ့ topping တွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ထည့်လို့ရပါတယ်။

အခုပြထားတဲ့ထဲမှာတော့ ကြက်ဥပြုတ်တစ်လုံး၊ ဝက်သားပြားကင်၊ လှီးထားတဲ့ ကြက်သွန်စိမ်း၊ ဂျင်းနီချဥ်ဖတ်နဲ့ မျှစ် ကို ထည့်ဖို့ပြင်ဆင်ထားပါတယ်။

အနီရောင်ဂျင်းဖတ်လေးတွေကလည်း ပန်းရောင်ခေါက်ဆွဲနဲ့ တကယ်ကိုလိုက်ဖက်တယ်လို့ထင်ပါတယ်။

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen10.jpg?w=640&h=480

အပေါ်မှာပါတဲ့ Topping တွေမှမဟုတ်ဘဲ ကိုယ်စိတ်ကြိုက်ထည့်လို့ရတာကြောင့် တခြားခေါက်ဆွဲတွေမှာ ထည့်သလို မှို၊ အသားချောင်းစတာတွေနဲ့ အလှဆင်ကြည့်လို့လည်းရပါတယ်နော်။

အရသာကောင်းဖို့မလိုဘဲ အလှဆင်ဖို့အတွက်ပဲဆိုရင်တော့ သကြားလုံးလေးတွေလည်းရှာပြီးထည့်လို့ရတယ်နော်။

ကဲ ခုနကပြင်ဆင်ထားတဲ့ Topping တွေနဲ့ အလှဆင်ထားတာကတော့ ဒီလိုပုံစံမျိုးပါ။


https://sociopouch.files.wordpress.com/2019/04/tokyopinkraamen13.jpg?w=640&h=480

တကယ်တော့ အရသာကဘယ်လိုလဲဆိုတာကို မသိနိုင်ပေမယ့် ချစ်စရာကောင်းတဲ့ ခေါက်ဆွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

ဒီလိုခေါက်ဆွဲတစ်ထုပ်ကိုဝယ်ပြီး ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ခေါက်ဆွဲတစ်ပွဲကို ဖန်တီးပြီး ဘယ်လိုပုံစံထွက်လာမလဲဆိုတာကလည်း စိတ်လှုပ်ရှားစရာပဲနော်။

ဒါပေမယ့် သတိထားရမှာတစ်ခုက ဒီလို Topping တွေကိုပြင်ဆင်နေတဲ့အချိန်၊ ပြင်ဆင်ပြီးသွားတဲ့အခါမှာ ဓာတ်ပုံရိုက်နေတဲ့အချိန်တွေကြာသွားတယ်ဆိုရင်……..

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen12.jpg?w=640&h=480

ခေါက်ဆွဲတွေ အပေါ်ကပုံထဲကလိုပွပြီး ပြဲသွားလိမ့်မယ်နော်။

အရသာက ဝက်သားစွပ်ပြုတ်အရသာဆိုတော့ ဘယ်လိုအရသာရှိလဲဆိုတာကို ကိုယ်တိုင်မြည်းစမ်း ကြည့်လိုက်ကြပါနော်။

ဒီ Hello Kitty ခေါက်ဆွဲထုပ်ပေါ်မှာ အင်္ဂလိပ်လိုလည်း ရှင်းပြထားပါတယ်။

https://sociopouch.files.wordpress.com/2019/04/tokyopinkraamen17.jpg?w=640&h=480

ဒီခေါက်ဆွဲက တစ်ထုပ်ကို ၃၆၂ ယန်း ကျသင့်ပြီး မြန်မာငွေနဲ့ဆို ၅၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။

အားလပ်ရက်မှာ တစ်ယောက်တည်းဖြစ်နေရင် ဒီလိုခေါက်ဆွဲထုပ်လေးနဲ့ကုန်ဆုံးမယ်ဆိုရင် ချစ်စရာကောင်းတဲ့နေ့ရက်လေးတစ်ရက်ဖြစ်လာပါလိမ့်မယ်။

ဖေဖေ၊ မေမေတွေလည်း မီးမီးတွေအတွက် စပယ်ရှယ်ပဲနော်…

ယောကျ်ားလေးတွေဆိုရင်တော့ တစ်ယောက်ယောက်က စိတ်ကောက်နေရင် ဒီခေါက်ဆွဲပြုတ် ပေးလိုက်မယ်ဆိုရင်ရော…..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: