ဂျပန်ဆခဲမျိုးစုံကိုမြည်းဖို့ ဒီနေရာကိုသွားကြစို့

စာဖတ်သူတို့ရေ ဂျပန်ဆခဲကို သောက်ဖူးပါသလား?

တစ်ခါသောက်ပြီး အကြိုက်တွေ့သွားတဲ့သူလည်းရှိသလို ပျော့တယ်လို့တွေးတဲ့သူတွေလည်းရှိမယ်လို့ ထင်ပါတယ်။

ဒါကတော့ ကိုယ်နဲ့ကိုက်တဲ့ ဂျပန်ဆခဲကို တွေ့ပြီးလား၊ မတွေ့သေးဘူးလားဆိုတာကို မသိနိုင်ဘူးနော်။

https://tabelog.com/tokyo/A1314/A131401/13221936/

 

ဝိုင်နဲ့ ဝီစကီတွေရဲ့ တံဆိပ်တစ်ခုထဲကိုပဲ အစွဲရှိတဲ့သူတွေရှိပြီး ဆခဲမှာတော့ အမျိုးအစားများပြားပါတယ်။

ဝိုင်လိုမျိုး Fruity လိုမျိုးကိုတွေ့ရင် သောက်ချင်လာအောင် ဆွဲဆောင်ပါတယ်။

ပြုလုပ်တဲ့နည်းလမ်းအရ ဘယ်လိုရေကိုအသုံးပြုတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး အရသာကို ပြောင်းလဲသွားတာဖြစ်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူညီကြတာကြောင့် အင်တာနက်မှာတွေ့ရုံနဲ့ ဆခဲတွေရဲ့ အရသာကိုမသိနိုင်ပါဘူး။

ဟုတ်ပါတယ်၊ သောက်ကြည့်မှပဲ အရသာကိုသိနိုင်မှာဖြစ်ပါတယ်။

ဒီလိုလူတွေအတွက် ဂျပန်နိုင်ငံမှာ “利き酒”(ききざけ)ခိခိဇခဲ ဆိုတာရှိပါတယ်။

ဂျပန်အရက်အမျိုးမျိုးကို နည်းနည်းချင်းသောက်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

တိုကျိုမြို့ရဲ့ အရက်ဆိုင်တွေမှာလည်း တော်တော်များများတွေ့ရပြီးတော့ ပုံမှန်ဆိုရင် တံဆိပ် ၃ ခု ကနေ ၅ ခုထိ မြည်းလို့ရပါတယ်။

ဒါပေမယ့် ဂျပန်ဆခဲလောကကြီးက အရမ်းကိုနက်ရှိုင်းလွန်းပါတယ်။

ဂျပန်နိုင်ငံကိုသွားမယ်ဆိုရင် နည်းနည်းဝေးဝေးကိုသွားပြီးတော့ ဂျပန်ဆခဲကို သွားမသောက်ကြည့်ချင်ဘူးလား?

အဲ့ဒီနေရာကတော့ တိုကျိုကနေ ကျည်ဆံရထားနဲ့သွားလို့ရတဲ့ 新潟県 Niigata ခရိုင်က 越後湯沢駅(えちごゆざわえき)Echigo Yuzawa ဘူတာပဲ ဖြစ်ပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

နီးဂတခရိုင်ဟာ နှင်းတွေအများကြီးကျပြီး ဂျပန်ဆခဲ အရမ်းအရသာရှိတယ်လို့ နာမည်ကြီးတဲ့ခရိုင် ဖြစ်ပါတယ်။

နီးဂတခရိုင်ကိုလာမယ်ဆိုရင် အရသာရှိတဲ့အရက်ကိုသောက်ခွင့်ရမှာပဲဆိုပြီး လာရောက်လည်ပတ်သူတွေ များတာကြောင့် ဘူတာရုံထဲက အရမ်းကိုမိုက်တဲ့ဆိုင်ဖြစ်ပါတယ်။

ဘူတာရုံထဲမှာ CoCoLo Yuzawa Gangidori လို့ခေါ်တဲ့ Shopping area ရှိပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

လက်ဆောင်ပစ္စည်းဆိုင်တွေကို စီတန်းနေပြီး အဲ့ဒီတစ်လျှောက်မှာ ဒီလိုဆိုင်မျိုးရှိပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

 

Ponshukan ဆိုတဲ့ဆိုင်ဖြစ်ပြီး Ponshu ဆိုတာက ဂျပန်အရက်ကိုဆိုလိုတာဖြစ်ပါတယ်။

Niigata ခရိုင်ရဲ့ ဂျပန်ဆခဲတံဆိပ်တွေကလည်း တန်းစီနေပါတယ်။

ဆိုင်ထဲကိုဝင်လိုက်တာနဲ့ အရက်မူးနေတဲ့အရုပ်ကြီးက…..

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

ဒီလိုပုံစံဖြစ်တဲ့အထိသောက်ကြပါဆိုပြီး ပြထားတာထင်တယ်နော်….

အရင်ဦးဆုံး ငွေသားနဲ့ ယန်း ၅၀၀ ပေးချေရပါတယ်။ ဒီလိုမှ ဂျပန်ဆခဲသောက်ဖို့ခွက်၊ အရက်ခွက်လေး ၅ ခွက်နဲ့ အကြွေစေ့ ၅ စေ့ကို ပေးမှာဖြစ်ပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

ဒါကို ဘယ်လိုသုံးရမလဲဆိုတော့……

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

 

ဒီလိုစက်တွေကို အသုံးပြုရမှာဖြစ်ပါတယ်။

တစ်ခွက်စီမှာ အရက်တစ်မျိုးစီကိုထည့်ထားတာဖြစ်ပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

 

ဂျပန်အရက်ဆိုတာ တံဆိပ်ကိုလိုက်ပြီးတော့ စျေးနှုန်းတော်တော်လေးကွာခြားတာကြောင့် တံဆိပ်ကို လိုက်ပြီး တစ်စေ့ထဲနဲ့သောက်လို့ရတဲ့တံဆိပ်ရှိသလို ၃ စေ့ထည့်မှသောက်လို့ရတာမျိုးလည်းရှိပါတယ်။

ဇီးသီးစိမ်အရက်၊ အရက်ဖြူနဲ့ ဝိုင်တွေကိုလည်း ထားရှိပေးထားပါတယ်။

အမျိုးအစား ၁၀၀ လောက်ကို ကိုယ်စိတ်ကြိုက်ရွေးချယ်ပြီး သောက်လို့ရပါတယ်။ ဒါပေမယ့် ဘယ်တစ်ခုက သောက်လို့ကောင်းလဲဆိုတာကိုမသိဘူးနော်။

ဆိုင်အတွင်းထဲမှာက သောက်ဖို့ညွှန်းပေးထားတာတွေလည်းရှိပြီး လူကြိုက်များတဲ့အရက်တွေကိုလည်း ညွှန်းပြထားပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

ဒီလိုရေးထားပေးတယ်ဆိုပေမယ့်လည်း မသိနိုင်သေးဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ?

အရင်ဦးဆုံးနာမည်ကြီးတဲ့ တံဆိပ်နဲ့ အဆင့်အလိုက်ရေးထားတာတွေကို သောက်ကြည့်ပြီး ကိုယ်အကြိုက်နဲ့ မကိုက်ဘူးဆိုရင် ဆိုင်ရှင်နဲ့တိုင်ပင်ကြည့်လိုက်ပါနော်။

ဒါကိုသောက်လိုက်ပေမယ့် ဒီထက်နည်းနည်းသောက်လို့ကောင်းတာမရှိဘူးလားလို့ ဆိုင်ရှင်ကိုမေးရင် သေချာရှင်းပြပါလိမ့်မယ်။

အရက်သောက်ရင် ဗိုက်ဆာလာတတ်ပါတယ်။

ဒီလိုလူတွေအတွက်ဆိုရင် ဒီလို Onigiri တွေကိုလည်း ရောင်းချပေးထားပါတယ်။

https://gigazine.net/news/20190401-ponshukan-niigata-yuzawa/

Niigata ခရိုင်မှာ ဘာကြောင့်ဂျပန်ဆခဲတွေအရသာရှိလဲဆိုတော့ ကုန်ကြမ်းအနေနဲ့ အရသာရှိတဲ့ရေနဲ့ အရသာရှိတဲ့ဆန်တွေရှိတဲ့နေရာဖြစ်နေတာကြောင့်ပါ။

ဒါကြောင့် Niigata ခရိုင်ရဲ့ဆန်နဲ့လုပ်ထားတဲ့ Onigiri ကလည်းအရမ်းကိုအရသာရှိပါတယ်။

ဆိုင်ထဲမှာလည်းစားလို့ရပြီး ကျည်ဆံရထားနဲ့ပြန်လာတဲ့အခါမှာ ဝယ်ထားပြီး ရထားပေါ်မှာစားလို့လည်း ရပါတယ်။

တိုကျိုဘူတာကနေ ကျည်ဆန်ရထားစီးရင် ၁ နာရီနဲ့မိနစ် ၂၀ အကြာမှာ Echigo Yuzawa ကို ရောက်ရှိမှာဖြစ်ပါတယ်။

နေ့ချင်းပြန်သွားလို့လည်း ရပါတယ်။

ကိုယ်ရဲ့အကြိုက်နဲ့ထပ်တူကျမယ့် အရက်ကိုတွေဖို့အတွက် တစ်ခေါက်လောက်မသွားကြည့်ချင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: