ဂျပန်ရှေးဟောင်းအရက်ဆိုင်

ဂျပန်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်ရဲ့ပုံစံတစ်မျိုးဖြစ်တဲ့ “居酒屋(いざかや)” အရက်ဆိုင်ဆိုတာ ရှိပါတယ်။

ငါး၊ အသားနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးကိုစားရင်း အရက်သောက်နိုင်တဲ့နေရာဖြစ်ပြီး စားစရာတွေရဲ့ အရသာကို အမျိုးမျိုးခွဲခြားထားတာကြောင့် လူကြိုက်များတာက ဝမ်းသာစရာအကောင်းဆုံးပါပဲ။

အခုချိန်မှာ ရှေးဟောင်းရိုးရာဆိုင်တွေကိုတော်တော်များများလာရောက်ကြပြီး အဲ့ဒီရှေးဟောင်းရိုးရာဆိုင်တွေကလည်း ယခုချိန်ထိဆက်လက်တည်ရှိနေပါသေးတယ်။

 

みますや မိမစုယ

 

https://gunosy.com/articles/R27en?s=s

 

ဆိုင်ကိုဖွင့်လှစ်ခဲ့တဲ့အချိန်ကတော့ ၁၉၀၅ ခုနှစ်ကတည်းကဖြစ်ပါတယ်။

နှစ်ပေါင်း ၁၁၀ ကျော်ထိဖွင့်လှစ်ထားတဲ့ အရက်ဆိုင်ဟာ ရှေးဟောင်းရိုးရာဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

တိုကျိုမြို့ရဲ့ ခန်းဓ ဘူတာရုံကနေ ၅ မိနစ်လောက် လမ်းလျှောက်ရင်ရောက်ပါပြီ။

ဆိုင်ရဲ့ပုံစံကတော့ အကုန်လုံးကို ဂျပန်စတိုင်အတိုင်ပြုလုပ်ထားတာဖြစ်ပါတယ်။

https://gunosy.com/articles/R27en?s=s

ဂျပန်စာဖတ်နိုင်တဲ့သူတွေဆိုရင် အဲ့ဒီအနီရောင်မီးပုံးမှာရေးထားတဲ့ “どぜう” ရဲ့အဓိပ္ပာယ်ကိုသိပါသလား။

どぜう လို့ရေးထားပေမယ့် ဖတ်တဲ့အခါမှာတော့ どじょう လို့ဖတ်ရမှာဖြစ်ပါတယ်။

https://kotobank.jp/word/泥鰌-583562

 

うなぎ လို့ခေါ်တဲ့ ငါးရှည့်အသေးလေးတွေဖြစ်ပါတယ်။

ဟိုးအရင်တုန်းကစကားလုံးတွေရဲ့အသံထွက်တွေဟာ ရေးထားတဲ့စကားလုံးနဲ့ ကွဲပြားမှုရှိပါတယ်။

စကားမစပ် အဲ့ဒီငါးရှည့်တွေဟာ ဟိုးအရင်ကတည်းက တိုကျိုမြို့အောက်ဖက်ပိုင်းမှာ အရမ်းကိုနာမည်ကြီးပါတယ်။

စာရေးသူလည်း ငယ်ငယ်ကတည်းကနေ ခဏခဏစားခဲ့ရပါတယ်။

ဒီလိုဟင်းမျိုးဖြစ်ပါတယ်။

https://gunosy.com/articles/R27en?s=s

 

ဒီဆိုင်မှာ တခြားဟင်းပွဲတွေအများကြီးရှိပါတယ်။

https://gunosy.com/articles/R27en?s=s

 

အသား၊ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ ဘာမဆိုစားလို့ရပါတယ်။

မီနူးတွေကို လက်ရေးနဲ့ရေးသားထားတာဖြစ်ပါတယ်။

https://gunosy.com/articles/R27en?s=s

 

နိုင်ငံခြားသားတွေအတွက်ဆိုရင် ဖတ်ရတာလွယ်မှာမဟုတ်တဲ့ မီနူးတွေဆိုပေမယ့် လက်ရေးမီနူးနဲ့ဆိုင်က တခြားဘယ်မှာမှမရှိလောက်ဘူးလို့ထင်ပါတယ်။

နောက်ပြီး မြန်မာလူမျိုးတွေအံ့အားသင့်စေမှာကတော့ ဒီဟင်းပွဲပါ။

https://gunosy.com/articles/R27en?s=s

 

အဲ့ဒါဘာအသားနဲ့လုပ်ထားတဲ့ အသားစိမ်းဖြစ်မယ်ထင်ပါသလဲ?

တူနာငါးလား ဒါမှမဟုတ် ထူးခြားတယ်ဆိုတော့ ဝေလငါးဖြစ်မလား?

မဟုတ်ပါဘူး။

အဖြေမှန်ကတော့………..

https://umas.club/st008

မြင်းသားဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေက မြင်းသားကိုအစိမ်းစားကြပါတယ်။

ချင်းနဲ့ ကြက်သွန်အစိမ်းရောင်ထည့်ထားတဲ့ ပဲငံပြာရည်နဲ့ ရောပြီးစားရတဲ့ မြင်းအသားစိမ်းဖြစ်ပါတယ်။

အရမ်းကိုအရသာရှိပါတယ်။

လတ်တလောဂျပန်နိုင်ငံမှာ အမဲသားနဲ့ ဝက်သားတွေကအရသာရှိလာတာကြောင့် မြင်းသားကိုသိပ်မစားကြတော့ဘူးဆိုပေမယ့် ရှေးတုန်းကတော့ တော်တော်လေးကိုစားကြပါတယ်။

 

https://umas.club/st008

ရှေးမူရင်းအရက်ဆိုင်ဖြစ်တဲ့ မိမစုယမှာ ရှိတဲ့ဟင်းလျာတွေကလည်း ရှေးကတည်းက အရသာရှိတဲ့ဟင်းတွေပါပဲ။

တစ်ခါလောက်သွားစားကြည့်ချင်တဲ့သူတွေအတွက် လိပ်စာကိုလည်းဖော်ပြပေးလိုက်တယ်နော်…….

 

みますや

東京都千代田区神田司町2-15-2

定休日 日曜日、祝日

営業時間 11:30〜13:30、17:30〜11:30

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: