မီနီစည်ပိုင်းလေးနဲ့ ကိုယ်ပိုင်ဝီစကီဖန်တီးခြင်း

ဝီစကီအကြောင်းကို ကောင်းကောင်းနားလည်နေရင်တော့ သင်ဟာ အရွယ်ရောက်နေတဲ့သူတစ်ယောက်ဆိုတာသေချာပါတယ်။

ဘီယာစပြီးသောက်ကြည့်တုန်းကတော့ ခါးပြီးအရသာမရှိဘူးလို့ထင်နေပေမယ့် သောက်နိုင်သွားတဲ့အခါမှာ တစ်ဆင့်တက်ပြီး ဝီစကီကို စမ်းသောက်ကြည့်ချင်လာပါတယ်။

https://cookbiz.jp/soken/culture/whisky/

ဝီစကီဆိုတာ နှစ်လရှည်ကြာသိုလှောင်ထားပြီး ပုလင်းထဲထည့်ရောင်းချတဲ့ အရက်တစ်မျိုးဖြစ်ပါတယ်။

ဝိုင်နဲ့မတူဘဲ ဝီစကီတွေက ပုလင်းထဲထည့်လိုက်ရင် ပြောင်းလဲမှုတွေရပ်တန့်သွားပါတယ်။

ကိုယ့်အကြိုက်ဝီစကီကိုဖန်တီးမယ်လို့ တွေးတိုင်းလည်းလွယ်လွယ်နဲ့ဖြစ်မလာနိုင်ပါဘူး။

ဝီစကီကို ဝက်သစ်ချပင်နဲ့ပြုလုပ်ထားတဲ့စည်ပိုင်းထဲမှာထည့်ပြီး သိုလှောင်ရမှာဖြစ်ပြီး စည်ပိုင်းအသေးလေးဆိုရင် ၁၈၀ လီတာလောက်ဆံ့ပါတယ်။

စည်ပိုင်းနဲ့တင် ယန်းပေါင်းသန်းနဲ့ချီကုန်ကျပါတယ်။

တစ်ချိန်ချိန်မှာ ကိုယ့်အကြိုက်ဝီစကီကိုထုတ်တော့မယ်လို့ တွေးနေတဲ့သင့်အတွက် အကောင်းဆုံးပစ္စည်းက ဒီမှာပါ။

http://minitaru.com/?pid=58799610

တစ်လီတာအရွယ်ကနေစပြီးရှိတဲ့ စည်ပိုင်းတွေကို သင့်တော်လိုလုပ်ထားတာမျိုးမဟုတ်ဘဲ၊ ဝက်သစ်ချပင်နဲ့ သေသေချာချာပြုလုပ်ထားတာဖြစ်ပါတယ်။

နောက်ပြီးတော့ ဝီစကီကိုပြုလုပ်တဲ့အခါမှာ စည်ရဲ့အတွင်းပိုင်းက တင်းမာနေမှ အလုပ်ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုတော့ တင်းမာအောင်ပြုလုပ်ထားမှ ဝီစကီရဲ့အရောင်ထွက်လာနိုင်မှာဖြစ်ပါတယ်။

 

ကဲ ….. ချက်လုပ်တဲ့နည်းကိုပြောပြပါမယ်။

အရင်ဦးဆုံး စည်ပိုင်းကို ရေအပြည့်ထည့်ပြီးတစ်ညလောက်ထားပါမယ်။

ဝီစကီဆိုတာအရည်ဖြစ်တာကြောင့် အရည်ထည့်ရမှာဖြစ်တဲ့အတွက် အပေါက်ရှိမရှိစစ်ဆေးဖို့ ဒီအဆင့်ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။

အဓိကဖြစ်တဲ့ဝီစကီတွေ ယိုထွက်သွားခဲ့ရင် အရမ်းကိုနှမြောဖို့ကောင်းပါတယ်။

ဒါကြောင့်အရင်ဦးဆုံး ရေအပြည့်ထည့်ပြီး စစ်ဆေးလိုက်ရအောင်နော်။

နောက်တစ်ဆင့်အနေနဲ့ 75 ဒီဂရီအထက်ရှိတဲ့ရေနွေးကိုလောင်းထည့်ပြီး ပိုးသတ်ရမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ရေနွေးကိုပြန်ထုတ်ပြီးတော့ အစိုအတိုင်းပဲ အရက်တွေကိုဖြည်းဖြည်းချင်းထည့်လိုက်ပါမယ်။

https://nikkan-spa.jp/1558975

ဝီစကီကို ဟိုးသုညကနေစပြီး ချက်လုပ်တာမျိုးမဟုတ်ဘဲ အပျော်အနေနဲ့စည်ပိုင်းထဲကို ထည့်လှောင်ထားချင်တာကြောင့် အဓိကဖြစ်တဲ့ ဝီစကီကိုထည့်လိုက်ရုံပါပဲ။

ဒီတစ်ခေါက်တော့ Laphroaig ဆိုတဲ့ Single malt whiskey ကို လောင်းထည့်လိုက်ပါတယ်။

အဲ့ဒီနောက်မှာ ၂ လလောက် အဖုံးကို လုံးဝလုံးဝမဖွင့်ပါနဲ့။

ပြီးရင် နည်းနည်းစီထုတ်မြည်းကြည့်ပါ။

https://nikkan-spa.jp/1558975/2

စစချင်းထည့်ထားတဲ့ Laphroaig ဟာ သူ့ရဲ့အနံ့ကြောင့်နာမည်ကြီးတယ်ပြီး တော်တော်များများက အရသာကိုစွဲလမ်းကြတဲ့သူတွေများပါတယ်။

ဒီလှောင်ထားတဲ့ဝီစကီက တကယ်ကိုပြီးပြည့်စုံတဲ့ဝီစကီအနေနဲ့ ပြောင်းလဲလာပါလိမ့်မယ်။

မဆိုးဘူးသောက်လို့ကောင်းတယ်လို့ ပြောတာမျိုးကြားဖူးလား?

https://nikkan-spa.jp/1558975/2

ဘယ်ဘက်ခွက်ထဲက Laphroaig ဖြစ်ပြီး ညာဘက်ကခွက်ထဲကတော့ စည်ထဲမှာလှောင်ထားခဲ့တဲ့ ဝီစကီတွေဖြစ်ပါတယ်။

အရောင်ပြောင်းသွားပြီနော်။

၂ လတည်းနဲ့ ပြောင်းသွားတာကို ကောင်းကောင်းသတိထားမိကြမယ်လို့ထင်ပါတယ်။

ပုံမှန်ဆိုရင် ဝီစကီတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းကနေ နှစ်လရှည်ကြာ သိုလှောင်ပြီးမှ တင်ပို့လို့ရတာဖြစ်ပါတယ်။

၂ လတည်းနဲ့ဘာကြောင့်ပြောင်းလဲသွားရလဲဆိုတာဟာ စည်ပိုင်းရဲ့အရွယ်အစားအပေါ်မှာ မူတည်နေရခြင်းဖြစ်ပါတယ်။

စည်ပိုင်းကသေးရင် အရည်နဲ့သစ်သားတို့ရဲ့ထိတွေ့မှု အချိုးအစားပြောင်းလဲသွားပါတယ်။

ယခုသိုလှောင်ထားတဲ့စည်ပိုင်းက သစ်သားနဲ့ကောင်းကောင်းထိတွေ့နိုင်တဲ့အတွက်ကြောင့် ပြောင်းလဲမှုတွေမြန်ဆန်သွားရတာဖြစ်ပါတယ်။

၂ လတည်းနဲ့ဆိုရပြီလား ဒီထက်ပိုကြာကြာထားမယ်ဆိုရင်ရော ?

ဒါကိုလည်း ကိုယ့်စိတ်ကြိုက်ဆုံးဖြတ်နိုင်တာဆိုတော့ ဝမ်းသာစရာပါပဲ။

စကားမစပ် ဝီစကီတွေကိုလှောင်ထားတဲ့ အတောအတွင်းမှာ တဖြည်းဖြည်းနဲ့လျော့နည်းသွားပါလိမ့်မယ်။

ညသန်းခေါင်မှာ အိမ်ကအဖေလာသောက်လိုက်လို့မဟုတ်ဘဲ သစ်သားကနေဖြတ်ပြီး အငွေ့ပျံသွားလို့ဖြစ်ပါတယ်။

ဒီလိုဖြစ်သွားတဲ့ ဝီစကီကို Angel Share လို့နာမည်ပေးထားပါတယ်။

အရသာရှိတဲ့ဝီစကီကိုပြုလုပ်ပြီး နတ်သမီးတွေနဲ့ပါ ပေါင်းသောက်တာက ပိုပြီးအရသာရှိနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေးထားတဲ့ နာမည်ကောင်းတစ်ခုပါ။

ပုံမှန်အားဖြင့်ဆိုရင် တစ်နှစ်မှာ ၂ ရာခိုင်နှုန်းလောက်က Angel Share ဖြစ်သွားတယ်ဆိုပေမယ့် သစ်သားရဲ့မျက်နှာပြင်က ပိုပြီးကျယ်လေလေ အငွေ့ပြန်တဲ့နှုန်းကလည်းများလေလေဖြစ်ပါတယ်။

ပိုပြီးကြီးမားကျယ်ပြန့်တဲ့စည်ဆိုရင် ပိုများတဲ့ပမာဏနဲ့ ၂ လမှာ ၁၀ ရာခိုင်နှုန်းလောက် အငွေ့ပြန်သွားပါလိမ့်မယ်။

ဒါကြောင့် နှစ်ရှည်လများကြာရင် နတ်သမီးလေးတွေက အားလုံးနှုတ်ယူသွားတာမျိုးဖြစ်တတ်ပါတယ်။

ကိုယ့်ဘာကိုယ်နည်းနည်းချင်းစီသောက်လိုက်လို့ ကုန်သွားတာက ပိုမကောင်းဘူးလားနော် ?

ဆိုင်မှာထားထားပြီး မူရင်းဝီစကီထုတ်တာမျိုးဆိုရင်ရော မကောင်းဘူးလား ?

ဝီစကီဆိုတာ ရိုးရိုးပစ္စည်းမဟုတ်ဘဲ အမျိုးမျိုးရောလိုက်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းပြီး နောက်တစ်ကြိမ်လောက် လှောင်ထားတဲ့စည်ကိုတစ်ကြိမ်ပြီးတစ်ကြိမ် တခြားအရက်ထည့်မယ်ဆိုရင်လည်း ထူးခြားတဲ့ရနံ့လေးနဲ့အရသာကို ရရှိမှာဖြစ်ပါတယ်။

နောက်ဆုံးအဲ့ဒီစည်ပိုင်းပျက်စီးသွားမယ်ဆိုရင်တောင် သူ့ရဲ့သစ်သားစတွေကို ဆေးလိပ်ပြုလုပ်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။

https://camphack.nap-camp.com/707

ရေနွေးနဲ့ကြက်ဥအပြင် cheese ပါရှိမယ်ဆိုရင်ပိုကောင်းတယ်လို့ပြောကြပေမယ့် စာရေးသူအကြိုက်ဆုံးကတော့ ဝီစကီရဲ့သစ်သားစကို လောင်စာအနေနဲ့သုံးပြီးကင်ထားတဲ့ ကြက်သားကိုအကြိုက်ဆုံးပါပဲ။

ဒီလိုချက်ထားတဲ့ ကြက်သားနဲ့ ကိုယ်တိုင်သိုလှောင်ပြီးပုလင်းထဲပြောင်းထည့်ထားတဲ့ဝီစကီနဲ့သာဆိုရင် အတွဲညီသွားပါပြီ။

ဒါကတော့ ဇိမ်ခံရတာဝါသနာပါတဲ့သူတွေအတွက် အထူးပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: