အနာဂါတ်ရဲ့ ၂၀၂၀ ခုနှစ်မှာဖွင့်မယ့်ဆူရှီဆိုင်

စာဖတ်သူတို့ရေ ဆူရှီကြိုက်ပါသလား ?

ကမ္ဘာပေါ်မှာလူကြိုက်များတဲ့ ဂျပန်အစားအစာဆိုရင်ဆူရှီလို့ပြောလို့ရပါတယ်။

လတ်ဆတ်တဲ့ငါး၊ ရှာလကာရည် နဲ့ ထမင်းတွေကိုပေါင်းစပ်ပြုလုပ်ထားတဲ့စားစရာတွေဖြစ်ပါတယ်။

ဆူရှီထဲမှာ Wasabi ကိုပါထည့်ပြီးစားမယ်ဆိုရင် ပျော်စရာကောင်းတဲ့ခံစားချက်နဲ့ အရမ်းကိုကောင်းတဲ့အရသာကို ခံစားရမှာဖြစ်ပါတယ်။

ဆူရှီဆိုတဲ့အစားအစာက ပုံပန်းသွင်ပြင်၊ အရသာ၊ အာဟာရ၊ အမြင်၊ အနံ့ ဆိုတဲ့ ၅ ချက်နဲ့ပြည့်စုံမယ်ဆိုရင် တူညီတဲ့အရသာကို ရရှိနိုင်မလား ဆိုတဲ့ လေ့လာမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။

အချက်အလက်ပြည့်ပြည့်စုံစုံကို 3D printer နဲ့ ထုတ်နိုင်မယ်ဆိုရင် ဘယ်နေရာပဲရောက်ရောက် ဆူရှီစားနိုင်မယ်ဆိုတာသေချာပါတယ်။

ဘာကိုဆိုလိုလဲဆိုတာ ဒီဗီဒီယိုထဲကို ကြည့်လိုက်ပါနော်။

https://www.youtube.com/watch?v=dSdPfKmOoDw&feature=youtu.be

တကယ့်ဆူရှီမဟုတ်တော့ဘဲ အဆင့်ဆင့်ပြောင်းလဲသွားတာကြောင့် တကယ်ဆူရှီအစစ်နဲ့ မတူတာတွေရှိမှာပေါ့နော်။

https://blogos.com/article/364553/

ပုံကိုကြည့်ပြီး ဘယ်ဘက်အပေါ်ကနေစပြီးမှာယူလိုက်မယ်ဆိုရင် Wani၊ Tuna၊ Kappa မခိ (သခွားသီးဆူရှီ)၊ ရေဘဝဲ တို့ကိုမှာယူနိုင်ပြီး ဘယ်ဘက်အောက်ကနေဆိုရင်တော့ ကင်းမွန်၊ ငါးရှည့်၊ ပုစွန်၊ စွတ်ပြုတ်တို့ကို မှာယူနိုင်မှာဖြစ်ပါတယ်။

ပုံစံတွေက ဘယ်လိုဖြစ်သွားလဲမသိဘူးနော်။ ကင်းမွန်ဆိုလုံးဝကိုပုံပြောင်းသွားပါတယ်။

ပါးစပ်ထဲရောက်ရင် စူးနေမယ့်ပုံပဲနော်။

ကြိုတင်အော်ဒါမှာရတဲ့ဒီဆိုင်မှာ မှာမယ်ဆိုရင် ဒီလို အစုံလိုက်တစ်စုံကို အရင်ဆုံးပို့ပေးမှာဖြစ်ပါတယ်။

https://blogos.com/article/364553/

မိမိရဲ့မစင်နဲ့ကျင်ငယ်ရည်ကို နမူနာကိုပို့လိုက်ရင် မိမိရဲ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးနိုင်ပြီး လိုအပ်တဲ့အာဟာရဓာတ်တွေကို ထည့်သွင်းပေးထားတဲ့ ဆူရှီကို 3D printer နဲ့ ပြုလုပ်ပေးမှာြဖစ်ပါတယ်။

ဒီလိုဆိုတော့လည်း တစ်မျိုးကြီးပဲနော်…. ထူးဆန်းလိုက်တာ

ဒီလိုနည်းပညာမျိုးကို တွေ့ဖူးဖို့မပြောနဲ့ တစ်ခါမှတောင်မကြားဖူးပါဘူး…

ဒီပရောဂျက်ကို စတင်ခဲ့တာကတော့ ဂျပန်နိုင်ငံမှာအကြီးဆုံးကြော်ငြာကုမ္ပဏီဖြစ်တဲ့ Dentsu၊ အလားတူကြော်ငြာဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Tohoku shinsha၊ Toyota လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Denso ပြီးတော့ Yamagata တက္ကသိုလ်တို့က အရမ်းကိုနာမည်ကြီးနေပါတယ်။

ဒီလိုကုမ္ပဏီတွေရဲ့နာမည်ကိုသုံးထားပြီး ဘာကြောင့်ဒီလိုထူးဆန်းပြီး ရယ်စရာကိစ္စမျိုးတွေရှိနေရတာပါလိမ့် ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: