ခေါက်ဆွဲဆိုင်ရဲ့ စိတ်ကြည်နူးစရာအဖြစ်အပျက်

စာဖတ်သူတို့ရေ ကျိုတိုမှာ 天下一品(てんかいっぴん)တန်ကိုင်အစ်ပင်း ဆိုတဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိပါတယ်။

ကျိုတိုပင်ရင်းဆိုင်ရဲ့ ကြက်သားစွတ်ပြုတ်ကို လူကြိုက်များပြီး ဆိုင်ခွဲတွေတိုးပြီးဖွင့်လှစ်ထားပေမယ့် ကျိုတိုမှာရှိတဲ့ ပင်ရင်းဆိုင်ကြီးမှာ စိတ်ကြည်နူးစရာအဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုင်ကိုလာရောက်စားသုံးတဲ့ ယောကျ်ားလေးတစ်ဦးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

နေ့လည်စာအတွက် ဘယ်ဆိုင်နဲ့မှမတူတဲ့ခေါက်ဆွဲကိုစားနေတုန်းမှာ လက်ထဲမှာ ယန်း ၁၀၀ တန်လေးကို ကိုင်ထားတဲ့ မူလတန်း ဒုတိယနှစ်အရွယ် သားသားလေးတစ်ယောက် ဆိုင်ထဲကိုဝင်လာပါတယ်။

 

စားလို့ရမယ့် ခေါက်ဆွဲတစ်ပွဲပေးပါခင်ဗျာ

 

ဆိုင်ဝန်ထမ်းလေးက ခေါက်ဆွဲတစ်ပွဲကို ယန်း ၁၀၀ နဲ့မရဘူးလို့ပြောလိုက်တဲ့အခါမှာ မူလတန်းကျောင်းသားလေးက ဒီလိုပြန်ပြောခဲ့ပါတယ်။

 

နောက်တစ်ပတ်ကျရင် ကျွန်တော်က ဟိုကိုင်းဒိုးကို ပြောင်းပြီးသွားနေတော့မှာဗျ။

ဒါဆိုရင် ထပ်ပြီးလာစားလို့မရတော့ဘူးလေ။

ဒါကြောင့် အဲ့ဒီမတိုင်ခင်မှာ တစ်ခါလောက်တော့စားသွားချင်လို့ပါ။

 

ဟုတ်ပါတယ် ဘာနဲ့မှမတူတဲ့အရသာနဲ့ခေါက်ဆွဲကို ဒီဆိုင်ကလွဲပြီး ဟိုကိုင်းဒိုးမြို့မှာလည်း မရနိုင်ပါဘူး။

ကြည့်နေခဲ့တဲ့ ကျွန်တော့်စိတ်ထဲမှာ ဒီလိုတွေးမိခဲ့ပါတယ်။

 

ကျွန်တော်သာ ခေါက်ဆွဲရောင်းမယ်ဆိုရင် မူလတန်းကလေးလေးတွေကို ကျွေးဦးမယ်

 

လို့တွေးနေတုန်းမှာပဲ ဆိုင်ဝန်ထမ်းလေးက ဒီလိုပြောခဲ့ပါတယ်။

 

ကဲဒါဆို၊ ယန်း ၁၀၀ နဲ့ ခေါက်ဆွဲစားပြီး ဆိုင်အလုပ်တွေခဏလောက်ဝင်ကူသွားမလား?

 

ကလေးလေးက အရမ်းကိုပျော်သွားပြီး ခေါက်ဆွဲတွေစားခဲ့ပါတယ်။

စားပြီးသွားတဲ့အခါမှာ ဆိုင်ရှင်က ကလေးလေးကို ဒီလိုထပ်ပြီးပြောခဲ့ပါတယ်။

 

ဒါကို အိမ်ယူသွားပြီး ဖေဖေနဲ့မေမေကို ပေးပေးမလား?

 

ဆိုပြီး ခေါက်ဆွဲပါဆယ် ၁၂ ပွဲကို ထည့်ပေးလိုက်ပါတယ်။

 

အခုချိန်ထိ ဖေဖေမေမေတို့နဲ့အတူလာပြီး၊ အမြဲတမ်းအသံကျယ်ကြီးနဲ့ “ ကောင်းလိုက်တာ  !”ဆိုပြီးတော့ပြောပေးခဲ့တယ်နော် ?

သားသားက အကောင်းဆုံးအလုပ်တွေကိုလုပ်ပေးခဲ့တယ်လေ

ဒါကြောင့် ဒီခေါက်ဆွဲက အလုပ်ကူပေးလို့ လုပ်အားခပေးတာဆိုတော့ ပိုက်ဆံမပေးတော့ဘူးနော်။

 

ကလေးလေးလည်းပျော်ပြီးတော့ အိမ်ကိုပြန်သွားခဲ့ပါတယ်။

 

ခေါက်ဆွဲစားပြီးသွားတဲ့ ကျွန်တော်လည်း ငွေရှင်းရင်း အဲ့ဒီဆိုင်ဝန်ထမ်းလေးနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

 

အဲ့ဒီခေါက်ဆွဲဖိုးကို ဘယ်လိုလုပ်မလဲလို့မေးလိုက်တဲ့အခါမှာ ……

 

ကိုယ်ပိုက်ဆံထဲက အိတ်စိုက်ပေါ့ဗျာ

၁၂ ပွဲဆိုတာလည်း နည်းနည်းတော့ ဈေးများတယ်နော်

 

လို့ ပြောပြီးပြုံးနေခဲ့ပါတယ်။

ကျွန်တော်စားတာက ယန်း ၇၀၀ ကျသင့်ပါတယ်။ ဒါပေမယ့်  ယန်း ၂၀၀၀ ထုတ်ပေးပြီး ပြန်အမ်းစရာမလိုဘူးနော်လို့ ဆိုပြီးပြန်လာခဲ့လိုက်ပါတယ်။

 

ဘယ်လိုလဲ ?

လတ်တလောမှာ အချိန်ပိုင်းဝန်ထမ်းတွေကြောင့် ဆူပူမှုတွေများနေတယ်ဆိုပေမယ့် ဒီဆိုင်ဝန်ထမ်းလေးကတော့ အရမ်းကိုတော်ပါတယ်။

ဒီလိုလူသားချင်းစာနာတတ်တဲ့သူတွေ ပိုပိုပြီးများလာမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: