ကိုယ်စားချင်တဲ့အသားကို မှာစားလိုက်ရအောင် !

ဂျပန်နိုင်ငံမှာ အသားကင်ဆိုင်တွေ ပိုပိုများလာပြီးတော့ ဂျပန်အသားကင်ဆိုင်ရောက်သွားတဲ့သူတွေက စိတ်ထဲမှာ ဒီလိုတွေးမိမယ်ထင်ပါတယ်။

ဘယ်ဟာစားရင်ကောင်းမလဲမသိဘူး ……..

ဟုတ်ပါတယ်။ ဂျပန်အသားကင်တွေရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို နာမည်တစ်ခုစီပေးထားတာကြောင့် ကိုယ်ကြိုက်တဲ့အသားကို မှာတတ်ဖို့လိုပါတယ်။

ကိုယ်အကြိုက်တွေ့တဲ့အသားကို ရွေးမှာပြီး အသားကင်တွေပျော်ပျော်ကြီးစားလိုက်ကြစို့ !

 

အရင်ဦးဆုံး အကြမ်းဖျဥ်းအနေနဲ့ခွဲခြားရမယ်ဆိုရင် 赤身(あかみ)အာကမိ နဲ့ ホルモン ဟိုလုမွန် ဆိုပြီးတော့ရှိပါတယ်။

赤身(あかみ) အကမိ ဆိုတာက အနီရောင်ရှိတဲ့အသားကို ခေါ်တာဖြစ်ပါတယ်။

ホルモン ဟိုလုမွန် ဆိုတာက အတွင်းကလီစာကို ခေါ်တာဖြစ်ပါတယ်။

ဒါဆိုရင် အရင်ဆုံးအနီရောင်ရှိတဲ့အသားတွေကနေစပြီး ကြည့်သွားကြရအောင်နော်။

 

カルビ ( ခရုဘိ )

 

https://hitosara.com/0006093532/food.html

ခရုဘိ ဆိုတာက အသားကင်တွေထဲမှာ လူကြိုက်အများဆုံးအပိုင်းဖြစ်ပါတယ်။

နံရိုးတစ်ဝိုက်မှာရှိတဲ့အသားတွေထဲက အဆီများပြီး အဲ့ဒီအဆီက အရသာရှိတဲ့အဆီ ဖြစ်ပါတယ်။

 

 

ロース ( ရိုစု )

 

http://wattaina.com/products/73

တိတိကျကျပြောရမယ်ဆိုရင် နွားရဲ့ဂုတ်နားတစ်ဝိုက်မှာ ( 肩ロース) ခတရိုးစု နဲ့ ၊ နံရိုးတစ်ဝိုက်မှာရှိတဲ့ リブロース ရိဘုရိုစု ဆိုပြီးတော့ ၂ မျိုးရှိပါတယ်။

ခရုဘိထက်အဆီနည်းတာကြောင့် အသားပဲစားပြီးအဆီမစားတဲ့ သူအတွက်ဆိုရင် ကွက်တိပဲပေါ့နော် ?

လူငယ်တွေတော်တော်များများက ခရုဘိကို စားကြပြီး အသက်ကြီးပိုင်းရောက်လာတဲ့သူတွေက ရိုစုကို ပိုပြီးကြိုက်လာကြပါတယ်။

 

 

バラ肉 ( ဘာရာနိခု )

 

http://shop.kuzumaki.jp/?pid=100624073

ခရုဘိ ၊ ရိုစု တို့နဲ့ နှိုင်းယှဥ်ရမယ်ဆိုရင် ဒီဘာရာနိခုက အဆီအသားကွဲနေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

 

 

ツラミ( စုရမိ )

 

https://www.amazon.co.jp/スライス-200g-ホルモン-バーベキュー-【-ツラミ200×1-】/dp/B00FZF90NS

နွားရဲ့ခေါင်းပိုင်း မျက်နှာမှာရှိတဲ့အသားတွေ ဖြစ်ပါတယ်။

မျက်နှာရဲ့ကြွက်သားတွေက အမြဲတမ်းလှုပ်ရှားနေတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် အရသာက အရမ်းကိုကောင်းပါတယ်။

စျေးကလည်းတော်တော်လေးကိုသက်သာပြီး အရသာလည်းရှိပါတယ်။

 

 

イチボ ( အိချိဘို )

 

https://www.29-kanekichi.com/SHOP/yakiniku1500-ichibo.html

နွားရဲ့ပေါင်ရင်းအပေါ်နားမှာရှိပြီး ၁ ကောင်လုံးမှာ ၁.၅ ကီလိုဂရမ်လောက်ပဲရရှိနိုင်တဲ့ တင်ပါးအစိတ်အပိုင်းဖြစ်ပါတယ်။

လှီးရတာလည်းလွယ်ပြီး မာမာကြီးဖြစ်မနေပါဘူး။

အဲ့ဒီအသားကိုစားလိုက်ရတဲ့အခါမှာ တစ်မူထူးကဲတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

 

 

ミスジ ( မိစူဂျိ )

 

http://www.matsuzakaushi.com/products/list.php?category_id=11

နံရိုးနားတစ်ဝိုက်မှာရှိတတ်ပြီး တစ်ကောင်လုံးမှာ ၂ ကီလိုဂရမ်လောက်ပဲရရှိနိုင်တဲ့ရှားပါးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။

အသားကင်အနေနဲ့စားလို့ကောင်းပေမယ့် အစိမ်းစားရင်ပိုပြီးတော့ကောင်းပါတယ်။ စားရမှာကြောက်ပါသလား ?

 

အသားအကြောင်းပြီးပြီဆိုတော့ အပေါ်မှာပြောခဲတဲ့ ကလီစာ အကြောင်းဆက်သွားကြပါစို့ ။

 

タン( ထန်း )

 

http://main-dish.com/2017/07/03/ox-tongue-yakiniku-champion/

အမဲလျှာဖြစ်ပါတယ်။

လတ်ဆတ်တဲ့အရသာဖြစ်တဲ့အတွက် အမဲသားကင်ကိုစားတဲ့အခါမှာ အရင်ဦးဆုံးစားရင် ပိုကောင်းပါတယ်။

ဆား ၊ ငရုတ်ကောင်း၊ သံပုရာနဲ့တွဲစားကြည့်လိုက်ပါ။

ထူထူလေးလှီးထားတဲ့ လျှာကိုဝါးလိုက်ရင် တကြွတ်ကြွတ်နဲ့ အရသာရှိပါတယ်။

 

 

ミノ( မိနို )

 

http://www.luchaswag.com/menu3-2.htm

နွားမှာ အစာအိမ် ၄ ခုရှိပြီး အဲ့ဒီထဲက အစာအိမ်တစ်ခုဖြစ်ပါတယ်။

အဖြူရောင်အသားက လတ်ဆတ်တဲ့အရသာကို ခံစားရရှိစေပါတယ်။

ဘီယာလေးနဲ့တွဲပြီးမြည်းမယ်ဆိုရင်တော့ အရသာကအကောင်းတကာ့အကောင်းဆုံးပါပဲ ။

 

 

ハチノス ( ဟချိနိုစု )

 

http://tanaka665.blog.fc2.com/blog-entry-65.html?sp

နောက်တစ်ခုက ဒုတိယမြောက်အစာအိမ် ဖြစ်ပါတယ်။

ပျားအိမ်နဲ့တူတဲ့အတွက်ကြောင့် ဂျပန်စကားလုံးပျားအိမ်ရဲ့ အသံထွက်ကိုယူထားတဲ့ ဟချိနိုစု ဆိုတဲ့နာမည်ဖြစ်လာတာဖြစ်ပါတယ်။

စားရလွယ်ပြီး လျှာပေါ်မှာကြမ်းကြမ်းလေးဖြစ်နေတာကြောင့် ဟော်မုန်းအစပြုတဲ့သူတွေအတွက်လည်း စားရလွယ်ပါတယ်။

 

 

センマイ( ဆန်းမိုင်း )

https://plaza.rakuten.co.jp/umai300/diary/201109080000/

နွားရဲ့  ၃ ခုမြောက်အစာအိမ်ဖြစ်ပါတယ်။

မြင်ရတာတစ်မျိုးကြီးဖြစ်နေပြီး စားဖို့ငြင်းပယ်ကြတဲ့သူတွေလည်းများပေမယ့် ကလီစာကြိုက်တဲ့သူတွေဆိုရင် မှာပြီးစားကြည့်ပါနော်။

သေချာဆေးပြီးတော့ ကင်မစားဘဲ ဒီအတိုင်းစားတာမျိုးလည်းရှိပါတယ်။

 

 

ギアラ ( ဂိအရ )

 

http://www.jlogos.com/d015/8015043.html

အဆီများပြီးတော့ သူ့မှာထူးကဲတဲ့အရသာရှိပါတယ်။

စွပ်ပြုတ်ဟင်းလျာတွေမှာလည်းအသုံးပြုကြပါတယ်။

ကင်ပြီးတော့စားတဲ့အခါမှာ သေသေချာချာကင်ပြီးတော့ အဆီထွက်သွားတဲ့အခါ စားလိုက်မယ်ဆိုရင် အရမ်းကိုအရသာရှိပါတယ်။

 

 

ハツ ( ဟစု )

 

https://www.tripadvisor.jp/LocationPhotoDirectLink-g1021147-d4670399-i137145108-Grilled_Beef_Tavern_Bakamon_Tsudanuma-Funabashi_Chiba_Prefecture_Kanto.html

ဟစုဆိုတာက Hearts ဆိုတဲ့ နာမည်ကိုယူပြီးပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအဓိပ္ပာယ်ကိုပဲ တိုက်ရိုက်ယူလို့ရပါတယ်။

ဂျပန်လူမျိုးတွေက အစိမ်းလည်းစားပါတယ်။

မီးနည်းနည်းပြလိုက်ရင်တော့ OK ပါပဲ။

ထုတ်ထုတ်လေးနဲ့ ထူးကဲတဲ့အရသာကို ရရှိစေပါတယ်။

 

ဂျပန်နိုင်ငံက ငါးတွေချည်းပဲစားတဲ့နိုင်ငံမဟုတ်ဘဲ အသားတွေလည်း မွေးမြူပြီးစားသုံးတဲ့နိုင်ငံဖြစ်ပါတယ်။

အထူးသဖြင့် အနီရောင်အသားတွေကို ကင်ပြီးစားမယ်ဆိုရင် မာသွားနိုင်တဲ့အတွက် မီးနည်းနည်းအပူပေးပြီးစားမယ်ဆိုရင် ပိုပြီးအရသာရှိပါတယ်။

တကယ်တော့ စိတ်ချရတဲ့အသားတွေကို အသုံးပြုတဲ့ဆိုင်တွေကို သတ်မှတ်ထားတာကြောင့် ဆိုင်တွေကို သေချာရွေးချယ်ပြီးမှ စားသုံးစေချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: