ဆူရှီပြုလုပ်တဲ့သူရဲ့ ကျွမ်းကျင်တဲ့နည်းပညာ

ဆူရှီလုပ်တာ လွယ်လွယ်လေးပဲမလား ? ငါးကိုလှီးပြီးတော့ ထမင်းပေါ်ကိုတင်လိုက်ရုံပဲလို့ထင်တဲ့သူတွေတော်တော်များမယ်လို့ထင်ပေမယ့် ဆူရှီကို  အရသာရှိရှိ ပြုလုပ်ဖို့အတွက် အထူးနည်းလမ်းတွေရှိပါတယ်။

အရင်ဦးဆုံး 目利き(めきき)ဆိုတဲ့နည်းနဲ့ဆိုရင် စားလို့ကောင်းမလား ?

ဟင်းလျာတွေကို ဘယ်လိုဖန်တီးရင် စားကောင်းမလဲ ? လို့ စျေးသွားတဲ့အခါ သေသေချာချာ စဥ်စားပြီးရွေးချယ်တာက ဆူရှီလက်ရာကောင်းဖို့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

 

https://sushischool.jp/wp/wp-content/uploads/2016/01/Dollarphotoclub_93083360-495×400.jpg

 

ဂျပန်နိုင်ငံကငါးဆိုပြီးတော့ အားလုံးကအရသာရှိလိမ့်မယ်မထင်လိုက်ပါနဲ့။

ရွေးပြီးတော့ ဝယ်သင့်ပါတယ်။

 

နောက်နည်းလမ်းတစ်ခုကတော့ ဓားကိုင်တဲ့နည်းပညာဖြစ်ပါတယ်။

ဒါကိုမသိတဲ့သူတွေများပြီးတော့ လှီးတဲ့ပုံစံမှားသွားရုံနဲ့ ငါးရဲ့အရသာပြောင်းသွားမှာဖြစ်ပါတယ်။

အသားရဲ့အမျှင်ကို လိုက်ပြီးတော့ လှီးရမှာဖြစ်ပါတယ်။

ငါးနဲလိုက်ဖက်မယ့် နည်းလမ်းကောင်းတွေကိုလည်း ထည့်သွင်းရပါမယ်။

အောက်မှာပြထားတဲ့ဗီဒီယိုက အဆီများတဲ့ ဆဘ ငါးကို လှီးတဲ့နည်းဖြစ်ပါတယ်။

ဆဘ ငါးကအဆီများတာကြောင့် ပဲငံပြာရည်နဲ့ပိုစားလို့ လွယ်အောင်လှီးဖြတ်ထားပါတယ်။

https://www.youtube.com/watch?v=81HU_eiRSTg

ဒါကြောင့် ဓားကိုင်တဲ့နည်းပညာကလည်း အံ့ဖွယ်လို့ပြောချင်တာဖြစ်ပါတယ်။

ကိုယ့်ရဲ့လက်ထိပ်လေးတွေကိုမလှီးမိအောင် ဓားကိုင်နိုင်တဲ့ပညာက ငါးအပြင် တခြားစားစရာတွေလှီးတဲ့အခါမှာလည်း အရမ်းကိုမိုက်ပါတယ်။

 

https://www.youtube.com/watch?v=InI0k-JTsx4

 

https://www.youtube.com/watch?v=Qm3oEqutOf0

 

လှီးမယ့်ငါးကိုလိုက်ပြီး ဓားပြောင်းကိုင်ရမယ်ဆိုတာလည်းရှိပါတယ်။

ရေဘဝဲလှီးဖို့ ဓားသပ်သပ်ရှိပါတယ်။

ငါးပူတင်း ၊ ငါးရှည့် စတဲ့ငါးတွေကို လှီးတဲ့ဓားလည်း သပ်သပ်ရှိပါတယ်။

နောက်ပြီးတော့ အဲ့ဒီဓားတွေထက်အောင်ကိုယ်တိုင်သေချာသွေးထားရမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=SmNNLLAFiok&t=13s

 

နေ့တိုင်းလိုလို ဓားတွေကို ဂရုတစိုက်သွေးရပါမယ်။

ဒီလိုသွေးထားတာတဲ့ဓားနဲ့ လှီးထားတဲ့ငါးက အရသာအရှိဆုံးဖြစ်နေမှာသေချာပါတယ်။

ဓားကိုသေချာသွေးပြီးမလှီးဘူးဆိုရင် ငါးကိုလှီးထားတဲ့ပုံစံက သပ်သပ်ရပ်မရှိတဲ့အပြင် ငါးတွေက ကြေမွနေတာက အရသာပျက်စေပါတယ်။

နောက်တစ်ခုအနေနဲ့ ထမင်းကလည်း အရမ်းကိုအရေးကြီးပါတယ်။

ထမင်းကို အရသာရှိရှိချက်ပြုတ်ပြီး ရှာလကာရည်နဲ့ ဆားရဲ့ အချိန်အဆမှားသွားတတ်ပါတယ်။

ထမင်းလုံးတဲ့ပုံစံကလည်းအရေးကြီးပါတယ်။

 

http://sumokitchen.com/wp-content/uploads/Nigiri_Sushi-9.jpg

အားနဲ့ လုံးလိုက်မယ်ဆိုရင် မာသွားပြီး ၊ ဖြည်းဖြည်းလေးလုံးလိုက်မယ်ဆိုရင်လည်း စားတဲ့အခါမှာကွဲထွက်သွားတတ်ပါတယ်။

အဆင့်တန်းမြင့်တဲ့ ဆူရှီဆိုင်တွေကို သွားတဲ့အခါမှာ ပါးစပ်ထဲထည့်လိုက်တာတောင် ကွဲမသွားတဲ့အပြင် ထမင်းရဲ့အမာကိုလည်း ထိန်းထားနိုင်အောင် လုံးထားပါတယ်။

ထိပ်တန်းစားဖိုမှူးတွေက လုံးတယ်ဆိုရင် နေ့တိုင်းတူညီတဲ့အရေအတွက်ရအောင်လုံးဖို့အတွက် ချက်တဲ့ဆန်ပမာဏက အတူတူပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ စျေးသက်သာတဲ့ ဆူရှီဆိုင်တွေအများကြီးရှိတယ်ဆိုပေမယ့် အဆင့်တန်းမြင့်တဲ့ဆူရှီဆိုင်တွေလိုမျိုး နည်းပညာတွေနဲ့သေသေချာချာပြုလုပ်ထားတဲ့ စျေးကြီးတဲ့ဆူရှီဟင်းလျာတွေလည်းရှိပါတယ်။

 

ဆူရှီကို ဘယ်မှာစားစားအတူတူပဲ မဟုတ်ဘူးလား ? လို့ထင်တဲ့ ဂျပန်လူမျိုးတွေလည်းအများကြီးရှိပြီး အဆင့်မြင့်တဲ့ဆိုင်ကြီးမှာ စားဖိုမှူးက ဆူရှီလုပ်နေတာထိုင်းကြည့်ရင်း ဖြည်းဖြည်းချင်းစားဖူးတဲ့သူတွေက ဘာကြောင့်စျေးကြီးလဲဆိုတာကို ပိုပြီးသိကြမယ်ထင်ပါတယ်။

နိုင်ငံခြားမှာလည်း ဆူရှီက လူသိအများဆုံးဖြစ်တာကြောင့် စာဖတ်သူတို့ရော ဆူရှီရဲ့အရသာကွာတာကို သတိထားမိပါသလား ?

ဆူရှီအစစ်သာဆိုရင် အရသာက ရှယ်ပဲနော်…..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: