ဂျပန်လူမျိုးတွေ ငါးစားများတဲ့ ယဥ်ကျေးမှု

ဂျပန်အစားအစာလို့ ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်ပါသလဲ ?

ဆူရှီ ၊ ဆာရှိမိ ၊ တန်ပူရာ စတာတွေကို ပြေးမြင်မိလိမ့်မယ်ထင်ပါတယ်။

ငါးတွေနဲ့ ပြုလုပ်ထားတဲ့ ဟင်းလျာတွေများတာကို အားလုံးပဲသတိထားမိမယ်ထင်ပါတယ်။

ဂျပန်နိုင်ငံကို ပင်လယ်ကြီးနဲ့ ဝန်းရံထားတဲ့အတွက် ပင်လယ်ငါးတွေကို ပေါပေါများများဖမ်းယူနိုင်တာကြောင့် ငါးစားတာက ယဥ်ကျေးမှုတစ်ခုလို ဖြစ်လာခဲ့တယ်လို့ ထင်ပါတယ်။

https://mag.japaaan.com/archives/86126

 

ဒါပေမယ့် အဲ့လိုလည်းမဟုတ်ပါဘူး ။

ဂျပန်လူမျိုးတွေတောင်မှ မသိတဲ့အကြောင်းအရင်းတစ်ခုရှိခဲ့ပါတယ်။

အရင်ဦးဆုံး ဆာရှီမိဖြစ်ပေါ်လာခဲ့ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ဂျပန်ရဲ့ဓားတွေက အရမ်းကိုကောင်းလွန်းလို့ဖြစ်ပါတယ်။

ဂျပန်ဓားဆိုတာက အားလုံးသိကြတဲ့အတိုင်း ကြောက်စရာကောင်းလောက်အောင် ထက်တဲ့အတွက်  တခြားနိုင်ငံကဓားထက်တာနဲ့ယှဥ်ရင် တခြားစီပါပဲ။

အဲ့ဒီလိုဖြစ်လာခဲ့တဲ့ အရမ်းထက်တဲ့ မီးဖိုချောင်ဓားဖြစ်ပါတယ်။

နောက်ပြီးတော့ မီးဖိုးချောင်ဓားကို တစ်ဆင့်ချင်းစီသေချာပြုလုပ်ပြီး အသုံးပြုရာကနေ အမျိုးမျိုးသောမီးဖိုးချောင်ဓားတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

အဲ့ဒီလိုနည်းပညာတွေရှိတာကြောင့် လှလှပပတည်ခင်းဧည့်ခံနိုင်တဲ့ ဆာရှိမိပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

 

နောက်တစ်ခုက ပင်လယ်စာတွေကို လေးနက်အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့ ဟင်းပွဲတွေမှာအသုံးပြုတာကလည်း ဂျပန်လူမျိုးတွေရဲ့ အလေးထားတဲ့ ယဥ်ကျေးမှုတစ်ရပ်ဖြစ်လာပါတယ်။

အောက်မှာပါတဲ့ ငါးကို 鯛(たい)တိုင်းလို့ခေါ်ပြီး ဂုဏ်ပြုပေးချင်တဲ့အချိန်မှာ ဒီလိုစားစရာပုံစံဟင်းလျာကို ချက်ပြုတ်ကြပါတယ်။

https://mag.japaaan.com/wp-content/uploads/2018/11/99c5a2a3de0c17e63f2c65b0ba954249_t.jpeg

 

鯛 တိုင်း ဆိုတဲ့နာမည်က ( おめでたい ) အိုမဲတဲတိုင်း ဆိုတဲ့စကားလုံးကနေ “たい” တိုင်းကိုယူပြီးတော့ ဒီငါးကို ဂုဏ်ပြုတဲ့အခါမှာ အသုံးပြုကြပါတယ်။

ဒါဆို ဘာလို့အဲ့ဒီငါးကို ဆာရှီမိလုပ်ပြီးမစားရတာလဲ ?

အဲ့ဒီမှာလည်း ကောင်းမွန်တဲ့အဓိပ္ပာယ်တွေပါဝင်နေပါတယ်။

ဦးခေါင်းပိုင်းက စားဖို့ဆိုပေမယ့် အမြဲတမ်းနောက်ဆုံးမှစားတဲ့အတွက် “ တစ်ဆင့်ချင်း နောက်ဆုံးအထိလုပ်ဆောင်ပါ “ ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါကြောင့် ဆာရှီမိလုပ်မစားကြတာဖြစ်ပါတယ်။

အောက်ကပုံထဲက ပစ္စည်းကိုသိပါသလား ?

https://mag.japaaan.com/archives/86126

 

鰹節(かつおぶし)ကစုအိုဘုဂျိလို့ခေါ်ပါတယ်။

鰹(かつお)ကစုအို လို့ခေါ်တဲ့ ငါးကို အခြောက်ခံထားတာကို တခြားခန်းဂျီးနဲ့ ရေးမယ်ဆိုရင် “勝男” နဲ့အသံထွက်တူပါတယ်။

( 勝負に勝てる男 )  ကစားပွဲမှာအနိုင်ရရှိတဲ့ယောကျ်ားလေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီးတော့ ယောကျ်ားလေးမွေးဖွားတဲ့အိမ်ကို ဂုဏ်ပြုတဲ့ပစ္စည်းအနေနဲ့ ရှေးကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ 昆布(こんぶ)ဆိုတာကနေ ( よろこぶ ) ယောရောခွန်ဘု ပျော်ရွှင်ခြင်း ဆိုတဲ့စကားလုံးရဲ့ တစ်စိတ်တစ်ပိုင်းကိုယူပြီး မှည့်ထားတာဖြစ်ပါတယ်။

タコ ( တဂို ) ရေဘဝဲ ဆိုတာက “多幸” တဂို – ပျော်ရွှင်ခြင်းတွေများတယ်ဆိုတဲ့ စကားလုံးနဲ့တူပါတယ်။

ပင်လယ်ကြီးနဲ့ဝိုင်းနေတဲ့အခြေအနေကြောင့် ငါးတွေပေါများပြီး ငါးစားတဲ့ယဥ်ကျေးမှုက ဒီလိုနောက်ခံအကြောင်းအရင်းတွေကြောင့် ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကျေးဇူးတွေကြောင့်ပဲ အရသာရှိတဲ့ ဆာရှီမိ တွေ ဆူရှီတွေကို စားရတာပေ့ါနော်……

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: