အရုပ်ပုံဖော်ထားတဲ့ သခွားမွှေးသီး

ဂျပန်လူမျိုးတွေက သစ်သီးတွေကိုလည်း အသစ်အဆန်းတွေ တီထွင်ကြပါတယ်။

ဒီတစ်ခါမှာတော့ အခွံပေါ်မှာ အရုပ်ပုံလေးပါတဲ့ သခွားမွှေးသီးကို ပြုလုပ်ခဲ့ပါတယ်။

https://mag.japaaan.com/wp-content/uploads/2019/01/main-6-660×350.jpg

 

ခုမမိုတိုစီရင်စုရဲ့ ကုမ္ပဏီက ခုမမိုတိုရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ခုမမွန်ပုံသခွားမွှေးသီးကို ပြုလုပ်ခဲ့ပါတယ်။

ပုံဆွဲထားတာမဟုတ်တဲ့ ခုမမွန်ပုံပေါ်နေတဲ့ သခွားမွှေးသီးပဲဖြစ်ပါတယ်။

ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ ?

ပြုလုပ်တဲ့ပုံစံက ဒီလိုမျိုးပါ။

https://mag.japaaan.com/archives/89384

 

အလုံးသေးနေတဲ့အချိန် သခွားမွှေးသီးရဲ့အခွံပေါ်မှာ Kumamon ပုံစံ ခြစ်ဆွဲထားတာဖြစ်ပါတယ်။

အဲ့ဒီလိုခြစ်ထားတဲ့အရာတစ်လျှောက်မှာ အနာလိုမျိုးဖြစ်လာပြီး ဆွဲထားတဲ့ပုံက ကြွတက်လာတာဖြစ်ပါတယ်။

3D printer လေးနဲ့ပုံစံထုတ်ပြီး အသီးပေါ်မှာခြစ်ဆွဲလိုက်ရုံနဲ့ ဒီလိုပုံလေးကို ရရှိလာတာဖြစ်ပါတယ်။

နောက်ဆုံးရလဒ်ဖြစ်တဲ့ ကုန်ချောကတော့ ဒီလိုပုံစံပဲဖြစ်ပါတယ်။

https://mag.japaaan.com/archives/89384

 

ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲနော်…

 

စာရေးထားတာလေးတွေလည်းချစ်ဖို့ကောင်းပါတယ်။

https://mag.japaaan.com/archives/89384

 

いつもありがとう အစ်စုမို အရိဂတိုး အမြဲအတွက်ကျေးဇူးပါ လို့ရေးထားတာဖြစ်ပါတယ်။ စာရေးထားတာတွေက နည်းနည်းတော့ဖတ်ရခက်ပါတယ်။

ဒီလိုချစ်ဖို့ကောင်းတဲ့ သခွားမွှေးသီးကို စားရမှာတောင် နှမြောစရာပဲနော် ….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: