အမိုက်စားစတော်ဘယ်ရီဘူဖေး
အိုဆာကာမှာ အရမ်းကိုအဆင့်တန်းမြင့်ပြီးခမ်းနားတဲ့ The Ritz-Carlton ဆိုတဲ့ ဟိုတယ်ကြီးရှိပါတယ်။
မနှစ်ကလူအယောက် ၃၀၀၀ လောက်လာရောက်ခဲ့တဲ့ Strawberries buffet က ဒီနှစ်မှာလည်းပြန်လည်ရောက်ရှိလို့လာပါပြီ။
Alice in Strawberry Wonderland
ဟုတ်ပါတယ်။ အဲလစ်လို့ခေါ်တဲ့ကောင်မလေး ထူးဆန်းတဲ့တိုင်းပြည်ထဲကို ဝင်ရောက်သွားတဲ့ပုံပြင်ထဲကပုံစံမျိုး Alice in Strawberry Wonderland ကိုပြင်ဆင်ထားပါတယ်။
ဒီအစီအစဥ်ကို ၂၀၁၉ ခုနှစ် ၅ လပိုင်း ၆ ရက်နေ့အထိ ကန့်သတ်ထားပါတယ်။
ကဲ ဘယ်လိုထူးဆန်းတဲ့တိုင်းပြည်လဲဆိုတာ ဆက်ပြီးတော့ ကြည့်လိုက်ကြပါစို့ နော်!
အရင်ဦးဆုံးအောက်ကပုံလေးကို ရှု့စားလိုက်ပါဦး…
https://www.jalan.net/news/article/308428/
Alice in Wonderland ဆိုတဲ့ ပုံပြင်ထဲမှာ ပါတာသေချာပါတယ်။
အဲလစ်က ပုံပြင်ထဲမှာ အဖြူရောင်ယုန်လေးကို လိုက်ဖမ်းရင်းနဲ့ ထူးဆန်းတဲ့တိုင်းပြည်ထဲကို ရောက်သွားခဲ့တာဖြစ်ပါတယ်။
Ritz-Carlton ရဲ့ ထူးဆန်းတဲ့တိုင်းပြည်လေးမှာတော့ ……
https://www.jalan.net/news/article/308428/
စာဖတ်သူတို့မြင်လိုက်ရတဲ့အတိုင်း အားလုံးစတော်ဘယ်ရီတွေချည်းပါပဲ…..
ဒီလိုမျိုးလည်းရှိပါတယ်။
စတော်ဘယ်ရီ Bavarian ရေခဲမုန့် ပေါ်မှာ အာတာပူစီ တင်ထားတာဖြစ်ပါတယ်။
Chocolate fondue ဆိုရင် ချောကလက်နဲ့လုပ်ရမယ်ဆိုပေမယ့် ချောကလက်နဲ့ လုပ်ထားတာမျိုးမရှိပါဘူး။
https://www.jalan.net/news/article/308428/
စတော်ဘယ်ရီအရသာနဲ့ နို့အရသာ နှစ်မျိုးပဲရှိပါတယ်။
စပါကတီ ၊ ပီဇာ တွေကိုလည်း စတော်ဘယ်ရီနဲ့ ပြုလုပ်ထားပါတယ်။
https://www.jalan.net/news/article/308428/
https://www.jalan.net/news/article/308428/
စားပွဲကိုလည်း ပုံပြင်ထဲကအတိုင်း ခံစားသက်ဝင်လာအောင်ခင်းကျင်းထားပါတယ်။
အဲ့ဒီပုံပြင်ကိုသိတဲ့လူက ဒီကာရိုက်တာလေးကိုလည်းသိမယ်ထင်ပါတယ်။
https://www.jalan.net/news/article/308428/
သောက်စရာတွေကရော ?
ဟုတ်ကဲ့ ၊ စတော်ဘယ်ရီ နဲ့ လုပ်ထားတယ်ဆိုတာ သေချာပါတယ် ။
https://www.jalan.net/news/article/308428/
စတော်ဘယ်ရီ လက်ဖက်ရည် နဲ့ စတော်ဘယ်ရီ ကော့တေးတို့ကို ရရှိနိုင်ပါတယ်။
တစ်ဆိုင်လုံးမှာလည်း စတော်ဘယ်ရီ ၊ စတော်ဘယ်ရီ ၊ စတော်ဘယ်ရီ တွေချည်းပါပဲ။
စတော်ဘယ်ရီစားချင်တဲ့ မိန်းကလေးတွေရော ၊ စတော်ဘယ်ရီနဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေရိုက်ချင်တဲ့ မိန်းကလေးတွေဆိုရင် ဒီနေရာကို အရောက်လှမ်းဖို့ လိပ်စာကို ဖော်ပြလိုက်ပါတယ်။
ザ・リッツ・カールトン大阪
住所/大阪市北区梅田2-5-25 イタリア料理「スプレンディード」(1階)
電話/06-6343-7020(レストラン予約)
開催期間/2018年12月27日~2019年5月6日
時間/毎日14時30分~18時(90分制)
価格/大人4700円、小学生(6~12歳)2350円(消費税8%別・サービス料15%別)