အသင့်စားခေါက်ဆွဲကို နေ့တိုင်းစားရင် ဘယ်လိုဖြစ်မလဲ? ??

အားလုံး အသင့်စားခေါက်ဆွဲ စားဖူးကြပါသလား?

ရိုးရိုးခေါက်ဆွဲတွေလည်းစားကောင်းပေမယ့် အသင့်စားခေါက်ဆွဲတွေရဲ့ ထူးခြားတဲ့အရသာက

ပိုပြီး စားချင်စိတ်ဖြစ်စေပါတယ်။

https://www.excite.co.jp/news/article/Karapaia_52268749/?utm_source=news_i&utm_campaign=fromapp&utm_medium=mail

 

အသင့်စားခေါက်ဆွဲကို တခါတလေစားတာဘာမှမဖြစ်ပါဘူး။

ဒီလောက်အဆင်ပြေပြီး စားလို့ကောင်းတာ တခြားမရှိတော့ပါဘူး။

 

ဒါပေမယ့် ဘယ်လောက်ပဲကြိုက်ကြိုက် နေ့တိုင်းစားရင်တော့ မကောင်းပါဘူး။

နေ့တိုင်းစားရင် ဘာဖြစ်မလဲ?

အမေရိကားရဲ့ နောက်ဆုံးလေ့လာချက်ကို ပြောပြသွားပါမယ်။

 

ဆားပမာဏကများတာပါ။

စားသုံးတဲ့ဆားပမာဏက နေ့တိုင်းများလွန်းနေမယ်ဆိုရင် သွေးတိုး၊ နှလုံးရောဂါနှင့် ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာနိုင်ခြေမြင့်ပါတယ်။

နောက်ပြီး ရေဓါတ်ခန်းခြောက်လွယ်ပြီးတော့ မှတ်ဉာဏ်စွမ်းရည်နှင့်အာရုံစူးစိုက်မှုတွေလည်း ကျဆင်းနိုင်ပါတယ်။

 

ထုတ်ကုန်ပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိပေမယ့် ယေဘူယထုတ်ကုန်မှာ တစ်မျိုးကို ဆားဓာတ် 1150mgလောက်ပါ၀င်ပါတယ်။

တစ်နေ့မှာ စားသင့်တဲ့ ဆားဓာတ်ပမာဏက 2300mgဖြစ်တဲ့အတွက်၊ ခေါက်ဆွဲနှစ်ခုစားလိုက်တာနဲ့ လိုအပ်တဲ့ပမာဏကပြည့်သွားမှာပါ။

 

တစ်နေ့မှာ စားသုံးတာက အသင့်စားခေါက်ဆွဲနှစ်ခုတင်မကတဲ့အတွက် ဆားဓာတ်ပမာဏက လိုအပ်တဲ့ပမာဏထက်ပိုပြီးများသွားတာပါ။

 

အဲဒါအပြင် ကြာရှည်ခံပစ္စည်းတွေလည်း ပါ၀င်နေပါတယ်။

Tert-BUTYLHYDROQUINONE (TBHQ)လို့ခေါ်တဲ့ ကြာရှည်ခံပစ္စည်းတွေက ပမာဏနည်းတယ်ဆိုရင် ခန္ဓာကိုယ်အတွက် အဲလောက်ဘေးထွက်ဆိုးကျိုးမရှိပေမယ့် များပြီဆိုရင်တော့ မကောင်းပါဘူး။


  http://karapaia.com/archives/52268749.html

အသင့်စားခေါက်ဆွဲထဲမှာ အဆိပ်တွေပါ၀င်နေတာမျိုးမဟုတ်တဲ့အတွက် ပုံမှန်အတိုင်းစားမယ်ဆိုရင် ပြသာနာမရှိပေမယ့် နေ့တိုင်းစားတယ်ဆိုရင်တော့

မကောင်းပါဘူး။

 

အသင့်စားခေါက်ဆွဲရဲ့ကောင်းတဲ့အချက်ရှိပါတယ်။

သကြားပါ၀င်မှုကနည်းတဲ့အတွက် အဲဒီအချက်ကိုဘဲကြည့်မယ်ဆိုရင်တော့

ကျန်းမာရေးအတွက်ကောင်းတယ်လို့‌ပြောလို့ရမယ်နော်။

 

အကယ်၍ အသင့်စားခေါက်ဆွဲကို ကြိုက်တဲ့သူဆိုရင်တော့ အမြဲတမ်းစားတာမျိုးမဟုတ်ဘဲ၊

တခါတလေစားတာလောက်ဘဲကောင်းပါတယ်လို့တိုက်တွန်းချင်ပါတယ်နော် …….

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: