ဖဲကြိုးလေးနဲ့ ကိုကာကိုလာ!!!

အခု ဂျပန်မှာ ကိုကာကိုလာကို အချိန်အတိုင်းအတာတစ်ခုအထိ ဖဲကြိုးပုံစံနဲ့ပုလင်းကို ထုတ်လုပ်ခဲ့ပါတယ်။

အောက်ကပုံလို ပုံစံမျိုးပါ။

 

ပုံမှန်အတိုင်းဘဲနော်။

အဲဒီပတ်ထားတဲ့အရစ်ကို ထိလိုက်တဲ့အခါ အောက်ကပုံလိုမျိုး

ဖဲကြိုးပုံလေးပေါ်လာတာပါ။

https://www.goodspress.jp/news/66546/

 

ပုလင်းမှာကပ်ထားတဲ့ တံဆိပ်က ဖဲကြိုးပုံပြောင်းသွားတာ အရမ်းမြန်ပါတယ်!

 

လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်။

အောက်ကဗီဒီယိုကို ကြည့်လိုက်ပါနော်…

  https://www.youtube.com/watch?v=JtEdgr7aib4

 

 

ကိုကာကိုလာဘဲဖြစ်ဖြစ်၊ ပက်စီဘဲဖြစ်ဖြစ် ဘာမဆိုသောက်ရပြီးတာဘဲလို့တွေးတဲ့သူတွေများလောက်ပေမယ့်

ဒီလိုဖဲကြိုးလေးကို လုပ်ချင်တဲ့သူကတော့ ကိုကာကိုလာကို ၀ယ်မယ်ထင်တယ်နော်.

 

ဒီလို ခရစ်စမတ်နဲ့ဆိုင်တဲ့ပစ္စည်းလေးတွေ မြန်မာမှာလဲ ပိုပြီးများလာရင် ကောင်းမယ်နော်…..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: