ဒီနှစ်ဆောင်းရဲ့ လူကြိုက်အများဆုံးဟောပေါ့???

ဂျပန်မှာ အခုဆိုဆောင်းတွင်း၀င်နေပြီလေ၊။

အခုလိုအေးတဲ့အချိန်မှာ သူငယ်ချင်းတွေစုပြီးဟော့ပေါ့ပူပူလေးစားလိုက်ရရင် အရမ်းကောင်းမှာနော်။

 

ဂျပန်မှာက တစ်နှစ်နဲ့တစ်နှစ်ခေတ်စားတဲ့ ဟောပေါ့အမျိုးအစားက မတူပါဘူး။

၂၀၁၆တုန်းက ရေပန်းစားတာက ဟော့ပေါ့ထဲမှာ အသီးတွေရော အသားတွေရော ရောထည့်ပြီးစားတဲ့ ဟော့ပေါ့မျိုးပါ။

အောက်ကပုံလိုမျိုးပေါ့။


  https://joshi-spa.jp/765127

အသီးတွေရော ရောထည့်ထားတော့ စားလို့ကောင်းမကောင်းတော့ မသိဘူး

အမြင်တော့ တစ်မျိုးဘဲနော်။

 

အဲလိုခေတ်စားခဲ့ရာကနေ ၂၀၁၈မှာတော့ မာလာဟော့ပေါ့လိုပူပူစပ်စပ်ပောာ့ပေါ့မျိုးကို

လူကြိုက်များလာပါတယ်။

အနီရောင်ငရုတ်သီးနဲ့ ထုံစေတဲ့ငရုတ်ကောင်းစေ့လို အမွှေးနံ့သာတွေနဲ့

စားလိုက်ရင် ပူပြီးထုံသွားစေတဲ့ အရသာလိုမျိုးပါ။

 

အောက်ကပုံဆိုတော်တော်စပ်မယ့်ပုံဘဲ။

https://prtimes.jp/main/html/rd/p/000000790.000007303.html

 

ဓာတ်ပုံထဲမှာ ကြည့်လိုက်ရင် တော်တော်စပ်ပြီးတော့ အလယ်မှာက

ငါးကိုအနှစ်ပုံစံမျိုးလုပ်ထားတာပါ။

 

အောက်ကပုံဆိုရင်လည်း တော်တော်စားကောင်းမယ့်ပုံဘဲနော်။

https://prtimes.jp/main/html/rd/p/000000790.000007303.html

 

ဟော့ပေါ့ဆိုပေမယ့် ဟင်းလိုအရသာမျိုးလည်းရှိလောက်မယ်။

  https://prtimes.jp/main/html/rd/p/000000790.000007303.html

ပုံမှာမြင်ရတာက Mozzarella ချိစ်ကို သုံးထားတာပါ။

 

 

နောက်ဆုံး တစ်ပုံကို ကြည့်လိုက်ပါအုံး။

ဘယ်လိုတွေတောင် ပူစပ်နေမလဲနော် …………

  https://prtimes.jp/main/html/rd/p/000000790.000007303.html

 

အက်မင်ကတော့ အစပ်မစားနိုင်တဲ့သူဆိုတော့ ဒီနှစ်အရမ်းကိုလူကြိုက်များနေတဲ့

ဟော့ပေါ့ပူပူစပ်စပ်ကိုစာနိုင်ပါ့မလား….

သူငယ်ချင်းတိုရော ဘယ်လိုဟော့ပေါ့မျိုးကို ကြိုက်ကြလဲ??

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: