ရှုခင်းအရမ်းလှတဲ့ဟိုတယ်ရဲ့ ဇိမ်ခံညစာ ?

ဂျပန်သွားရင် ဘာစားချင်ကြလား ဘာစားဖို့စိတ်ကူးမိကြလဲ

ဆူရှီ၊ tempura၊ ခေါက်ဆွဲ၊ အသားကင်၊ စသဖြင့် အမျိုးမျိုးရှိတယ်နော်။

အစားအစာတွေအများကြီးရှိတဲ့အထဲမှာမှ ဒီတစ်ခေါက်က‌ပြောပြသွားမှာကတော့ ……

 

အောက်ကပုံကတော့ စျေးကြီးပြီး ဇိမ်ခံဟိုတယ်လို့လူသိများတဲ့ တိုကျို အဲဘိဆု (東京恵比寿(とうきょう えびす))ရဲ့ The Westinဆိုတဲ့ ဟိုတယ်ပါ။

  https://www.yadoran.jp/magazine/80608

 

ကြယ်ငါးဆင့်အဆင့်ရှိတဲ့ ဇိမ်ခံဟိုတယ်ပါ။

ဟိုတယ်ရဲ့ အမြင့်ဆုံးအထပ်မှာတော့ Teppanyakiအကင်စားသောက်ဆိုင်ရှိပါတယ်။

 https://restaurant.ikyu.com/101017/review/

 

ပြတင်းပေါက်ကနေ တိုကျိုမြို့ရဲ့ ရှုခင်းကိုမြင်တွေ့နိုင်ပြီးတော့ ဆိုင်အတွင်းမှာတော့ တိတ်ဆိတ်ပြီး အေးအေးဆေးဆေးဇိမ်ခံစားချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

 

သံပန်းကန်ပြားရှေ့မှာထိုင်ပြီး ကောင်တာထဲမှာတော့ ၀န်ထမ်းက ရပ်လျက်Teppanyakiကိုစကင်ပါတယ်။


https://www.yebisu.westin-tokyo.co.jp

သေသေချာချာ အရသာရှိအောင်ကင်ထားတဲ့ အမဲသားပါ။

ဘယ်လိုတွေတောင် စားကောင်းလည်းဆိုတာ အောက်ကဗီဒီယိုကိုသာ ကြည့်လိုက်တော့်နော်။

 

https://youtu.be/vjNMfDiZ4y0

တိုကျိုမြို့ရဲ့အလှကို ခံစားရင်း ၀ိုင်လေးသောက်ရင်းနဲ့ အရမ်းစားကောင်းတဲ့ အမဲသားအကင်ကိုစားရတာကတော့

တကယ့်ကိုမိုက်ပါတယ်။

 

ညစာဆိုရင်တော့ ဂျပန်ငွေနဲ့ ယန်း ၁၅,၀၀၀ ကနေ ယန်း၃၀,၀၀၀လောက်ရှိတယ်ဆိုတော့ တော်တော်စျေးများတယ်လို့ပြောလို့ရပါတယ်။

 

ဂျပန်ရောက်ရင် ခေါက်လောက်တော့ ဒီလိုနေရာမျိုးမှာ သွားစားကြည့်လိုက်အုံးနော်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: