အရမ်းချစ်စရာကောင်းတဲ့ Smoothieဒီဇိုင်းလေးတွေ !!

ဂျပန်မှာ စားစရာတွေဆိုတာ အများကြီးရှိနေပါတယ်။

နိုင်ငံခြားသားခရီးသွားဧည့်သည်တွေက ဂျပန်ရဲ့ထူးဆန်းတဲ့အစားအစာတွေကို စားပြီး Facebookပေါ်မှာ ပုံတင်ကြတဲ့အထဲမှာ အခုနောက်ပိုင်းအရမ်းခေတ်စားလာတာကတော့ Smoothieကိုသောက်ပြီးတော့ ပို့စ်တင်ကြတာပါဘဲ။

မြန်မာမှာလည်း Smoothieရှိတာဘဲနော်

 

ဒါပေမယ့် ဒီပုံလေးတွေကို ကြည့်လိုက်နော်။


ဒီလောက်အရမ်းချစ်စရာကောင်းတဲ့ Smoothieမျိုးတွေ့ဘူးလား

ဒီဇိုင်းထွင်စားတဲ့ Smoothieလို့ခေါ်ကြပြီး အခုဆိုရင် ဂျပန်တွေတင်မကဘဲ နိုင်ငံခြားခရီးသွားဧည့်သည်တွေအထိတောင် အရမ်းရေပန်းစားနေပါတယ်။

 

ဒီလိုအရမ်းချစ်ဖို့ကောင်းတဲ့ Smoothieကိုသောက်ချင်တဲ့သူတွေအတွက် ဆိုင်လိပ်စာကတော့ အိုဆာကာမြို့(大阪)ရဲ့  တန်းမဘရှိ(天満橋(てんまばし))မှာရှိတဲ့ JTRRD caféဆိုတဲ့ဆိုင်လေးပါ။

 

 

အိုဆာကာကိုသွားဖြစ်ခဲ့မယ်ဆိုရင်တော့ သေချာပေါက်ဒီဆိုင်လေးကို

သွားကြည့်လိုက်ကြနော် !!

FacebookInstagramမှာ ပုံလှလှလေးတွေ တင်ချင်တဲ့သူတွေအတွက် Recommendပေးလိုက်ပါတယ်ရှင်။။

 

JTRRD Cafe

住所 大阪府大阪市北区天満3-4-5 タツタビル1F

電話番号 06-6882-4835

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: