ဂျပန်မှာ ကားလေးနဲ့ခရီးသွားရင် အရမ်းပျော်ဖို့ကောင်းပါတယ်လို့ !!

ဂျပန်နိုင်ငံဟာ လမ်းပန်းဆက်သွယ်ရေး အရမ်းကိုကောင်းမွန်တဲ့နိုင်ငံပါ။

လေယာဥ်၊ ရထား၊ ဘတ်စ်ကားနဲ့ ဂျပန်တစ်နိုင်ငံလုံးကိုသွားလို့ရပေမယ့် သူငယ်ချင်းတွေနဲ့ မိသားစုတွေနဲ့ ကိုယ်တိုင်ကားမောင်းပြီး ခရီးသွားရတာလည်း ပျော်စရာကောင်းပါတယ်။

 

သွားနေရင်း လမ်းတစ်၀က်လောက်မှာ ကိုယ်၀င်ချင်တဲ့နေရာကိုလည်း ၀င်နားလို့ရတယ်လေ၊

ဒါပေမယ့် အချိန်အကြာကြီး ကားမောင်းရတာက ပင်ပန်းတယ်လေနော်။

အထူးသဖြင့် ဂျပန်ရဲ့ အ‌မြန်လမ်းမကြီးတွေက တစ်နာရီကို ကီလို၁၀၀နှုန်းနဲ့မောင်းတာဆိုတာ့ ကားရောလူရော ပိုပြီးပင်ပန်းစေတယ်လေ။

ပင်ပန်းပြီးအိပ်ချင်လာတဲ့အချိန်မှာ နားပြီး ခဏလောက်အိပ်လိုက်တာကတော့ အကောင်းဆုံးပါ။

 

ကားမောင်းရင်းပင်ပန်းတယ်ဆိုရင် ဆိုင်တစ်ဆိုင်ကို ၀င်နားချင်တယ်၊

ဒါမှမဟုတ် တစ်ခုခု၀င်စားချင်တယ်ဆိုရင်တော့ …

ကားလမ်းမတစ်လျှောက်မှာ အရမ်းကောင်းတဲ့စားသောက်ဆိုင်တွေရှိပါတယ်။

 

 

စားသောက်ဆိုင်တွေမှာ ဒီလိုအရမ်းအရသာရှိတဲ့ မီနူးတွေရပါတယ်

 

https://kousokudouro-chan.com/ichido-shizuokasa-2621

 

သန့်စင်ခန်းဆိုရင်လည်း တော်တော်လေးကို သန့်ရှင်းတာကိုတွေ့ရမှာပါ။

https://www.jalan.net/news/article/35590/

 

မသိရင် ဟိုတယ်တစ်ခုရဲ့ ဧည့်သည်စောင့်တဲ့နေရာလိုလို…. တကယ်တမ်းက သန့်စင်ခန်းပါ။

သန့်စင်ခန်းမှာ ဆိုဖာတွေလည်း ထားပေးထားတယ်လေ။

 

နောက်ပြီး လမ်းတစ်လျှောက်မှာ ပန်းခြံတို့ ရေပူစမ်းတို့လည်းရှိတယ်လေ။

  https://www.jalan.net/news/article/35590/

 လမ်းတစ်၀က်မှာ ခဏနားတဲ့နေရာလို့ပြောပေမယ့် တကူးတကကိုလာချင်လောက်အောင် နေရာတွေက အရမ်းသာယာပါတယ်။

 

 

ကဲအခုဆိုရင်တော့ ကိုယ်ပိုင်ကားလေးနဲ့ ခရီးသွားရင် ဘယ်လောက်တောင်ပျော်ဖို့ကောင်းမလဲဆိုတာ သိသွားပြီထင်တယ်နော်။

သူငယ်ချင်းတွေနဲ့ တစ်နေရာရာကို ကားလေးနဲ့သွားဖို့ အစီအစဥ်လေးတွေ

ဆွဲကြရအောင်နော်။

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: