အသင့်စားခေါက်ဆွဲကို စွန့်ဦးတီထွင်ခဲ့သူ( အန်ဒိုး မိမိဖုခု)

အားလုံးအကြိုက်တွေ့ပြီး ၀ယ်စားနေကြတဲ့ အသင့်စားခေါက်ဆွဲ…..

ဒါကို စတင်ထုတ်လုပ်ခဲ့တာကတော့ Nissinရဲ့ တည်ထောင်သူ အန်ဒိုး မိမိဖုခု(あんどう ももふく)ဘဲဖြစ်ပါတယ်။

 

https://www.sbbit.jp/article/cont1/35289

 

အသက် ၉၆နှစ်၊ ၂၀၀၇ခုနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အသက်၄၇နစ်အရွယ်က ပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေကို ဆုံးရှုံးခဲ့ပါတယ်။

 

အဲဒီကနေ ဘယ်လိုကြောင့် ၂၀ရာစုရဲ့ အများဆုံးတီထွင်မှုလို့‌ပြောကြတဲ့ အသင့်စားခေါက်ဆွဲကို တီထွင်နိုင်ခဲ့တာလဲ ??

 

သူ့ကို ၁၉၁၀ခုနစ်၊ အဲအချိန်တုန်းက ဂျပန်ရဲ့ ကိုလိုနီနိုင်ငံဖြစ်တဲ့ ထိုင်၀မ်မှာ မွေးဖွားခဲ့ပါတယ်။

ငယ်စဥ်ကတည်းက မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး၊ အဘိုးအဘွားတွေရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရပါတယ်။

အဲအချိန်တုန်းက ဂျပန်မှာ ကီမိုနိုကို၀တ်ဆင်ခဲ့ကြပြီး ကီမိုနိုရောင်းတဲ့ဆိုင်တွေကို ဂေါ့ဖုခုရ (ごふくや)လို့ခေါ်ပါတယ်။

သူ့ရဲ့ အဘိုးက ကီမိုနိုရောင်းတဲ့ဆိုင်ဖွင့်ထားပါတယ်။

အဲအလုပ်ကိုကူလုပ်ကိုင်ပေးရင်းနဲ့ အန်ဒိုးက၁၉၃၂ခုနစ်မှာ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခဲ့ပါတယ်။

အမျိုးမျိုးသောလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ရင်းနဲ့ လုပ်ငန်းတွေကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

 

ဒါပေမယ့် ၁၉၅၇ခုနစ်မှာတော့ အန်ဒိုးဟာ အမျိုးမျိုးသောဒုက္ခတွေနဲ့ ကြုံခဲ့ရပြီး ရှိသမျှစည်းစိမ်တွေအကုန်လုံး ကုန်သွားပါတော့တယ်။

အဲအချိန်မှာ သူဟာ အသက်၄၇နှစ်ရှိနေပါပြီ။

ဒါပေမယ့် အန်ဒိုးဟာ တစ်ဖန်ပြန်လည်ကြိုးစားခဲ့ရာကနေ

နောက်ဆုံးမှာ အသင့်စားခေါက်ဆွဲကိုစွန့်ဦးတီထွင်နိုင်ခဲ့ပါတယ်

အစပိုင်းတုန်းကတော့ စျေးကြီးတဲ့အတွက် ၀ယ်တဲ့သူသိပ်မရှိခဲ့ပါဘူး။

ဒါပေမယ့် ကုန်တိုက်မှာအမြည်းအနေနဲ့စားကြည့်ဖို့‌‌ အလကား‌‌ပေးရာကနေ လူကြိုက်များလာပြီး အလုအယက်၀ယ်တဲ့အထိဖြစ်ခဲ့ပါတယ်၊

 

အန်ဒိုးဟာ ဆုံးရှုံးသွားခဲ့တာ စည်းစိမ်တွေဘဲ

ဒါပေမယ့် ပြန်ကြိုးစားရင် ရနိုင်တယ်ဆိုနဲ့စိတ်နဲ့

အခန်းကျဥ်းထဲမှာ ခေါက်ဆွဲလုပ်တဲ့စက်အဟောင်းနဲ့ မနက်၅နာရီကနေ ည၁နာရီ၊ ၂နာရီအထိ တစ်နှစ်ပတ်လုံး စမ်းသပ်လုပ်ကြည့်ရင်းမအောင်မြင်ရင်းနဲ့ နောက်ဆုံးအောင်မြင်စွာ

အသင့်စားခေါက်ဆွဲကိုထုတ်လုပ်နိုင်ခဲ့တာပါ။

 

၁၉၅၈ခုနစ်ကစပြီး နှစ်ပေါင်း၆၀ကြာပြီး အခုအချိန်အထိ လူကြိုက်များစားသုံးကုန်တစ်ခုဘဲဖြစ်ပါတယ်။

 

အဲကနေ နောက်တစ်ဆင့်တက်ပြီး အသင့်စား Cup Noddleတီထွင်ခဲ့ပါတယ်။

 

https://lohaco.jp/product/3072827/

 

ခွက်ထဲကိုရေ‌နွေးထည့်လိုက်ပြီးစားရုံဘဲ ပန်းကန်မလိုတာကြောင့် လူကြိုက်များခဲ့ပါတယ်။

အဲဒါလည်း အစတုန်းက ရောင်းမထွက်ခဲ့ပါဘူး

အိမ်မှာ ပန်းကန်တွေရှိရဲ့သားနဲ့ ဘာလို့ခွက်နဲ့စားတဲ့ခေါက်ဆွဲကို ၀ယ်စားရမှာလဲဆိုပြီး

ပြောတဲ့သူတွေရှိခဲ့ပါတယ်။

 

https://twitter.com/hondafun033/status/954345478337937414

 

အဲအချိန်မှာ နှင်းတွေကျနေတဲ့ တောင်တွေကြားထဲက ဟိုတယ်မှာရှိနေတဲ့ တရားခံကို စောင့်ကြည့်ဖမ်းဖို့ကိစ္စဖြစ်ခဲ့ပါတယ်။

 

စောင့်ကြည့်ရင်းနဲ့ စားဖို့အစားအစာတွေ သယ်သွားပေမယ့် အရမ်းအေးတဲ့အတွက် ချက်ချင်းခဲကုန်ပါတယ်။ စားလို့မရတော့ပါ။

 

အဲအချိန်မှာ အကုန်လုံးက ဒီခေါက်ဆွဲကို၀ယ်စားခဲ့ကြပါတယ်။

ခေါက်ဆွဲစားနေတဲ့ဓာတ်ပုံက တီဗီမှာြပတဲ့အထဲပါလာရာကနေ လူသိများခဲ့ပြီး တစ်ချိန်တည်းမှာ အရမ်းကိုရောင်းကောင်းခဲ့ပါတယ်။

 

၂၀၁၆ခုနှစ်မှာ ၄၅နှစ်သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ အသင့်စားခေါက်ဆွဲဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခေါက်ဆွဲဘူးပေါင်း ၄၀,၀၀၀,၀၀၀,၀၀၀ ကိုရောင်းထွက်ခဲ့ပါတယ်။

 

ဒါက Nissinတစ်ခုထဲဘဲ ရှိပါသေတယ်။ တခြားခေါက်ဆွဲကုမ္ပဏီတွေကထုတ်တဲ့ခေါက်ဆွဲတွေပါ ပေါင်းလိုက်ရင် ပိုများပါလိမ့်မယ်။

 

အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စည်းစိမ်တွေ အကုန်ဆုံးရှုံးသွားတာတောင်မှ

ဘ၀ကို အရှုံးမပေးဘဲ တဖန်ပြန်လည်ကြိုးစားခဲ့တဲ့

စိတ်ဓာတ်ကတော့ အတုယူစရာပါ။။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: